Friday, September 4, 2015

ကျန်းမာရေးဝန်ကြီးဌာနတွင် စစ်တပ်နှင့် အခြားဝန်ကြီးဌာနမှ အရာရှိများထပ်မခန့်တော့ဟု ထုတ်ပြန်

ကျန်းမာရေးဝန်ကြီးဌာနတွင် စစ်တပ်နှင့် အခြားဝန်ကြီးဌာနမှ အရာရှိများထပ်မခန့်တော့ဟု ထုတ်ပြန်
Saturday, September 5, 2015

စစ်ဘက်အပါအ၀င် အခြားဝန်ကြီးဌာနများမှ အရာ ရှိများအား ကျန်းမာရေးဝန်ကြီးဌာန လက်အောက်တွင် တာ ၀န်ပေး ခန့်အပ်တော့မည်မဟုတ်ကြောင်း စက်တင်ဘာ ၄ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ၀န်ကြီးဌာန အနေဖြင့် ဆေးကုသရေးနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသော စီမံခန့် ခွဲရေးတာဝန်များ ဆောင်ရွက်နိုင်ရန် ကျန်းမာရေးအသိပညာအခြေခံရှိထားသည့် ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများအား ခန့်အပ်ခဲ့ကြောင်း ပါရှိသည်။

ထိုသို့ ခန့်အပ်ခဲ့သော်လည်း အစိုးရအဖွဲ့နှင့် ၀န်ကြီးဌာနမှ အ ကြံပေးပုဂ္ဂိုလ်များ၊ သမားတော် ဆရာ၊ ဆရာမကြီးများ၏ အကြံ ပေးချက်များရရှိခဲ့ပြီး ယင်းအကြံ ပေးချက်အပေါ် လေးစားလိုက်နာ ဆောင်ရွက်သောအားဖြင့် ကျန်း မာရေးဝန်ကြီးဌာနသို့ အခြားမည် သည့်ဝန်ကြီးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများပြောင်းရွှေ့လက်ခံ ကာ ဖြည့်ဆည်းတာဝန်ပေးအပ် တော့မည်မဟုတ်ကြောင်း ထုတ် ပြန်ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။

‘‘၀န်ကြီးက ပြောထားတာကြာပြီ။ အခုမှ ထပ်မခန့်တော့ဘူးဆိုပြီး စာထွက်တာပါ။ ရှိနေတဲ့သူတွေကို ကျပြန်မခေါ်တော့ဘူး။ တကယ်ဖြစ်သင့်တာက ထပ်မခန့်တာအပြင် ရှိနေတဲ့သူတွေကိုပါ တခြားဌာနတွေက လိုတဲ့နေရာတွေမှာ ဖြည့်ဆည်းသင့်တာပါ’’ဟု ထိုကဲ့သို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆရာဝန်ကြီးတစ်ဦးက သုံး သပ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိများကို ဇူလိုင် ၂၈ နှင့် ၃၀ ရက်က ပြည်ထောင်စုသမ္မတမြန် မာနိုင်ငံတော်အစိုးရ၊ ကျန်းမာရေး ၀န်ကြီးဌာန၊ ကုသရေးဦးစီးဌာန က အမိန့်ကြော်ငြာစာထုတ်ပြန်၍ ခန့်အပ်ခဲ့သည်။ ထိုသို့ခန့်အပ်ထားမှုအပေါ် လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်၌ ဆေးလောကမှ အရပ်ဘက်ဆရာဝန်များ၏ ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ်လာခဲ့သည်။

ထို့ပြင် တပ်မတော်အရာရှိ အချို့ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့ခန့်ထားမှုကို ကန့် ကွက်သည့် အနက်ရောင်ဖဲကြိုး လှုပ်ရှားမှုကို သြဂုတ် ၁၀ ရက် မှစတင်ကာ အရှိန်မြှင့်ကန့်ကွက် ခဲ့သည်။

7Day Daily



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment