Friday, September 4, 2015

အပစ်ရပ်စာချုပ်အတွက် ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ကန်နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား

အပစ်ရပ်စာချုပ်အတွက် ကြီးမားသော မျှော်လင့်ချက်ရှိကြောင်း ကန်နိုင်ငံခြားရေးဒုဝန်ကြီး ပြောကြား
Saturday, September 5, 2015

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူညီချက် စာချုပ် (NCA) အတွက် ကြီးမား သော မျှော်လင့်ချက်ရှိကြောင်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ရပ်ဆဲလ်က စက်တင်ဘာ ၄ ရက်တွင် ပြောကြားသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေး ရာ (EAP) အမေရိကန်နိုင်ငံခြား ရေးဒုဝန်ကြီး ဒန်နီရယ်အာရ်ရပ် ဆဲလ်သည် စက်တင်ဘာ ၄ ရက် က မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းရေးအကြီးအကဲဖြစ် သူ ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်းနှင့် တွေ့ဆုံခဲ့ချိန်၌ ယင်းကဲ့ သို့ ပြောကြားခဲ့ကြောင်း EAP ဗျူ ရို၏ တရားဝင် တွစ်တာ၌ ထုတ် ပြန်ခဲ့သည်။

ဒန်နီရယ်ရပ်ဆဲလ်ဦးဆောင် သော အရှေ့အာရှနှင့်ပစိဖိတ်ရေး ရာဗျူရိုသည် အာရှ-ပစိဖိတ်ဒေ သရှိနိုင်ငံများနှင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒ၊ အမေရိကန် ဆက်ဆံရေးတို့ကို ကိုင်တွယ်နေ သည့် ဌာနကြီးဖြစ်သည်။

၎င်းသည် စက်တင်ဘာ ၃ ရက်မှ ၅ ရက်ထိ မြန်မာနိုင်ငံခရီး စဉ်သို့ လာရောက်ပြီး ဒေါ်အောင် ဆန်းစုကြည်၊ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦး တင်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံနေခဲ့ သည်။ ဒန်နီရယ်ရပ်ဆဲလ်သည် နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲပြင်ဆင်မှုများအ ကြောင်း ဆွေးနွေးပြီး ဖော်ဆောင် နေသောငြိမ်းချမ်းရေးလုပ်ငန်း စဉ်အပေါ် အမေရိကန်၏ထောက် ပံ့မှုကို ဖော်ပြခဲ့သည်။ ထို့အတူ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ် များယခုထက်ပိုတိုးတက်ရန် အား ပေးခဲ့သည်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာ ခရီးစဉ်အပြီးတွင် တရုတ်နှင့် မွန်ဂိုလီးယားနိုင်ငံများသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

7Day Daily



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment