Tuesday, September 2, 2014

ယနေ့မိုးညှင်းသတင်းapkကိုကြည့်ရှု့အားပေးကြသောအိမ်ရှင်မများအတွက်ဆီထမင်း မွှေးမွှေးလေးချက်နည်းလေးပါ


မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ ဆီထမင်းထိုးနည်းလေး ပြောချင်ပါတယ် ဘယ်နေရာဘယ် ဒေသဘဲရောက်ရောက် ကိုယ့်ရိုးရာအစာလေးတွေကိုတော့ လွမ်းမိတာအမှန်ပါ ဒါကြောင့်မို့လဲ ဖြစ်နိုင်ရင် မြန်မာအစာတွေကိုဘဲ လွယ်ကူမြန်ဆန်နည်းလေးတွေနဲ့ လုပ်စားဖြစ်ပါတယ်။

ဒီနေ့ထိုးဖြစ်တဲ့ဆီထမင်းလေးကလဲ ဆီထမင်းကြိုက်နှစ်သက်သူတွေအတွက် လွယ်ကူလွန်းတဲ့ ဆီထမင်းထိုးနည်းလေးမို့ အားလပ်ရက်လေးမှာ ချက်ပြီးစားစေချင်ပါတယ်။

ပါဝင်တာလေးတွေပြောပြပါမယ်

ရေဆေးပြီးရေစစ်ထားသော ကောက်ညှင်းဆန် -  ထမင်းပေါင်းအိုးဆန်ချင်ဗူး ၃ဗူးရှစ်စိတ်စိတ်ထားသော ကြက်သွန်နီ - အနေတော် တစ်ဥဆီ - ထမင်းစားဇွန်း ၅ဇွန်းနနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာအရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူး

ဆီထမင်ထိုးရန်

အရင်ဆုံးဆီကိုမီးအပူပေးပြီး နနွင်းမှုန့်ထဲ့ပါကောက်ညှင်းဆန်ကို ထဲ့ပြီးကြော်ပေးပါကြော်နေသောကောက်ညှင်းဆန်ကို အဆက်မပြတ်မွှေပေးရင်း တလုံးခြင်းကွဲသွားတာနဲ့ရေ ဆား အရသာမှုန့် ကြက်သွန်နီတို့ထဲ့ပြီး အဖုံးအုပ်ပြီးတည်ပေးပါစပြီးတည်တာနဲ့ မီးကို အနေတော်သို့လျော့ပေးပါတည်ထားစဉ် တခါနှစ်ခါလောက်ဘဲမွှေပြီး ရေခမ်းပြီဆိုတာနဲ့ မီးကို ထပ်ပြီးလျော့ပေးပြီး ဆီထမင်းမှာ စားရတာအရသာ အကောင်းဆုံးဖြစ်တဲ့ ဂျိုးကို မီးအေးအေးနဲ့ ရအောင်တည်ပေးပါအကျက်ညီပြီး ဂျိုးလှလှလေးရစေရန် မကပ်သောအိုးဖြင့်တည်ပြီး တည်ထားစဉ်အိုးကို မကြာမကြာ လှည့်ပေးပါဆီသံကြွတ်ကြွတ်မြည်လာပြီး ဆီထမင်းဂျိုး မွှေးမွှေးလေးရရင် သုံးဆောင်နိုင်ပါပြီ။

မိုးညှင်းသတင်းအဖွဲ့ကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ

http://www.mohnyinnews.blogspot.com


www.mohnyinnews.blogspot.com

No comments:

Post a Comment