Monday, August 25, 2014

ကေအိုင်အေ အဖွဲ့က အကြောင်းပြချက် အမျိုးမျိုးဖြင့် လူသစ်များ အတင်းအဓမ္မ ဖမ်းယူ စုဆောင်းနေ

ကေအိုင်အေ တပ်သားသစ် သင်တန်းတစ်ခုတွင် လေ့ကျင့်နေသော တပ်သားသစ်တစ်ဦးကချင်ပြည်နယ် မြစ်ကြီးနားခရိုင် တနိုင်းမြို့ လမုန်ကျွေးရွာ အနီးတွင် ကေအိုင်အေအင်အား ( ၃၅ ) ဦးခန့်သည် လမုန်ကျေးရွာအနီးရှိရွှေမှော်များ ၊ တောင်ယာခင်းများတွင် နေထိုင်လုပ်ကိုင်လျက်ရှိသော မှော်သူ ၊ မှော်သား ၊  တောင်ယာလုပ်ကိုင်နေသူများ အတွင်းမှမူးယစ်ဆေးဝါး ရောင်း/၀ယ်သုံးစွဲသည်ဟု အကြောင်းပြ စွပ်စွဲ၍ အမျိုးသား ၄၀ ဦးခန့်အား သြဂုတ်လ ၂၂ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု သိရှိရသည် ။

အဆိုပါဖမ်းဆီးမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးမှ ပြောဆိုရာတွင် တပ်သားသစ်စုဆောင်းဖို့ အကြောင်းပြဖမ်းခြင်းသာ ဖြစ်ကြောင်း သိရသည်။

"တကယ်တမ်းက သူတို့က လူသစ်စုတဲ့ အနေနဲ့ ဖမ်းတာပါ။ ဒီတစ်ဝိုက်ကဒေသခံတွေအားလုံးက

ရိုးသားကြတယ်။ မူးယစ်ဆေးဝါးဆိုတာ ကျနော့်တစ်သက် ဘယ်သူမှ သုံးတာမတွေ့ရဘူး။ အားလုံးရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်တဲ့ လူတွေချည်းပဲ။ သူတို့က လူသစ်စုဖို့ ဖမ်းမယ်။

ပြီးရင် ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းမယ်။ ဒီလိုမျိုး အကြောင်းပြ ဖမ်းပြီး ပိုက်ဆံပေးလို့ ပြန်လွတ်လာသူတွေ

အများကြီးပဲ"ဟု ၎င်းကဆိုသည်။

၎င်း ဒေသရှိဒေသခံများသည် မူးယစ်ဆေးဝါးများ မလုပ်ကိုင်ကြောင်းနှင့် ရွှေမော်လုပ်ငန်းများနှင့် တောင်ယာလုပ်ငန်းများကိုသာ လုပ်ကိုင်ကြောင်းလာဖမ်းသော ကေအိုင်အေ အဖွဲ့အား အမြဲ ဖြေရှင်းသော်လည်း ယခုကဲ့သို့  မကြာခဏ ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိသည်ဟု သိရသည် ။

ထို့ပြင် သြဂုတ်လ ၂၃ ရက်နေ့တွင်လည်း မန်စီမြို့နယ် နှင့် မိုးမောက်မြို့နယ်အတွင်းရှိ ကေအိုင်အေ/အို အဖွဲများက မူးယစ်ဆေးဝါး အကြောင်းပြ၍ ဖမ်းဆီးထားသော လူငယ် ၂၀ ဦးအား ကေအိုင်အေ တပ်သားသစ် သင်တန်း ပို့ဆောင်လိုက်ကြောင်း သိရှိရသည် ။

လူသစ်စုဆောင်းခြင်းများ မပြုလုပ်ဟု ဆိုသော်လည်း ၊ ယခု အခါ လူငယ်များအား မူးယစ်ဆေး သုံးစွဲသည်ဟု ခေါင်းစဉ်တပ်ပြီး ၊ ၄င်းတို့၏ တပ်သားသစ် သင်တန်းများကို တက်စေကာ ၊ သင်တန်းပြီးဆုံးသည်နှင့် လုပ်ငန်းခွင်ဝင်ရန် စီစဉ်ထားကြောင်း သိရှိရသည်။

ထိုကဲ့သို့ လူသစ်စုဆောင်းမှုများသည် ကချင်အမျိုးသားရေး အတွက်ဟု ခေါင်းစဉ်တပ်ကာ လူသစ်စုခြင်းက ခံသာသေးဟု လမုန်ကျွေးရွာမှ ဒေသခံ တစ်ဦးကဆိုသည် ။

မိုးညှင်းသတင်းများကိုWebsiteမှဲာ
ဝင်ကြည့်လို့ရပါပြီ

Websiteလိပ်စာ
   http://mohnyinnews.blogspot.com

သို့မဟုတ် google မှာလဲ မိုးညှင်းသတင်း  လို့ရှိက်ပြီဝင်ရောက်
ကြညိ့ရှုနိုင်ပါတယ်


Posted via Blogaway

No comments:

Post a Comment