အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ငါးကြိမ်မြောက် တရားဝင်တွေ့ဆုံ ခဲ့သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲအပြီးတွင် ကိုးဆယ်ရာခိုင်နှုန်းကျော် သဘောတူညီမှု ရရှိခဲ့သော်လည်း အခက်အခဲဖြစ်စေနိုင်မည့် အချက်အချို့ကျန်ရှိနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ငြိမ်းချမ်း ရေးအတွက် တိကျထင်ရှားတဲ့ရလာဒ် တစ်စုံတစ်ရာထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြသော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UWPC)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေးစာချုပ် (မူကြမ်း) အတွက်ဆွေးနွေးပွဲကို သြဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ သုံးရက် ကြာပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတွေ့ဆုံပွဲမတိုင်မီ သြဂုတ်လ၃ ရက်နေ့ကမြစ်ကြီးနားမြို့တွင် နှစ်ဖက် အလွတ်သဘော တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။
တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ဖြစ်သည့် KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကတော့ ၄င်းတို့၏လုပ်ငန်းစဉ်များဖြစ်သော လူသစ်စု၊ ဆက်ကြေးကောက်၊ အဖျက်အမှောက်လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်နေဆဲပင်ဖြစ်သည်။ KIA လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် ဖားကန့်ဒေသလမ်းတွေပေါ်မှာ ဆက်ကြေးကောက်ဒေသခံ တိုင်းရင်း သားများ သွားလာမှုလွယ်ကူအဆင်ပြေအောင် လမ်းပြင်ပေးနေသည့်အစိုးရတပ်များ တိုက်ခိုက်နေတာ အားလုံးအသိဘဲဖြစ်ပါတော့တယ်။ အစိုးရတပ်ဖွဲ့များနဲ့ KIA တပ်ရင်း ၆ နယ်မြေ ကချင်ပြည်နယ် ဖားကန့် -ကာမိုင်းလမ်းရှိ ဆဘော်မှော်တွင် သြဂုတ်လ ၈ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ်အတွင်း ၂ နှစ်ကျော်ကြာတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဒုက္ခသည်များ၏ စားဝတ်နေရေးနှင့်ကလေး ၄၀,၀၀၀ ကျော်၏ ပညာရေးထိခိုက်နေသည်မှာလည်း တစ်တိုင်း ပြည်လုံးအသိပင် ဖြစ်သည်။
ထိုကဲ့သို့တိုက်ပွဲများဖြစ်နေခြင်းကိုကြည့်ခြင်းအားဖြင့် KIA ခေါင်းဆောင်များအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တစ်ကယ် လိုလိုလားလားရှိလို့ ဆွေးနွေးနေသည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အပေါ်ပိုင်းတွင်သာ ဆွေးနွေးမှုများပြုလုပ်နေပြီးအောက်ခြေ KIA တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ထိုသို့ပြုလုပ်နေသည်မှာ KIA ဒုတိယစစ်ဦးစီးချုပ် မစ္စတာဂွမ်မော် တစ်ကယ်ပင်မသိရှိတာလား၊ သိသိနှင့် မသိကျေးကျွန်ပြုကာ နေသည်လားဆိုသည်မှာ ဂွမ်မော် ပင်အသိဆုံးဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ KIA ၏လုပ်ရပ်သည် ငြိမ်းချမ်းရေးကိုခုထုံးလုပ်ပြီး အမြတ်ထုတ်နေသည်မှာ မငြင်းနိုင်သည့်သက်သေပင်ဖြစ်သည်။ ဆွေးနွေးပွဲများတွင် အဆင်ပြေသလိုလို အချိုပေါ်သကာလောင်းသော မျက်နှာများဖြင့် လက်စွဲပြောဆိုနေပြီး အောက်ခြေတွင် တိုက်ပွဲများဆက်ဖြစ်နေခြင်းမှာ တမာလို ခါးလှပေသည်။
Posted via Blogaway
No comments:
Post a Comment