အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဖရန့်လမ်းပတ်သည် တစ်ပတ်လုပ်ခ
လစာပေါင် ၁၉ဝဝဝဝ ဖြင့် အငှားစာချုပ်ကို ထပ်တိုးချုပ်ဆိုကာ မန်စီးတီးအသင်း၌သာ ဆက်ရှိနေဦး
မည်ဖြစ်ကြောင်း သိရသည်။
ကွင်းလယ်ကစားသမား လမ်းပတ်သည် ချယ်လ်ဆီးအသင်း၌ ကစားခဲ့စဉ်က မျှော်လင့်ထား
ခဲ့သည့် လုပ်ခလစာရရှိခဲ့ခြင်းကြောင့်ယခင်ချုပ်ဆိုထားခဲ့သည့် အငှားစာချုပ်ကို သက်တမ်း
တိုးစာချုပ်ချုပ်ဆိုရန် အသင့်ရှိနေသည်။ လမ်းပတ်သည် ချယ်လ်ဆီးအသင်း၌ ကစားခဲ့စဉ် တစ်ပတ်လုပ်ခလစာသည် ပေါင် ၁၅၁ဝဝဝ သာရရှိခဲ့သည်။ သို့ရာတွင် ပြီးခဲ့သည့်နွေရာသီက ချယ်လ်ဆီး
အသင်းမှ နယူးယောက်စီးတီးအသင်းသို့ ပြောင်းရွှေ့ခြင်းဖြင့် လုပ်ခလစာ ၃၅ ရာခိုင်နှုန်းအထိ အသားတင်
ရရှိခဲ့သည်။
နယူးယောက်စီးတီးအသင်းမှ မန်စီးတီးအသင်းသို့ ခြောက်လအငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခဲ့သော် လည်း ယခုနှစ်ဘောလုံးရာသီကုန်သည်အထိ ပရီမီယာလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်း၌ ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။ ကွင်းလယ်ကစားသမား ယာယာတိုရေးသည် အိုင်ဗရီကို့စ်အသင်းနှင့်အတူ အာဖရိကနိုင်ငံများဖလား ကစားရန်ရှိနေခြင်းကြောင့် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီအနေဖြင့် ယာယာတိုရေးနေရာကို လမ်းပတ်နှင့် အစားထိုးကစားထားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အသက်(၃၆)နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား လမ်းပတ်သည် လာမည့်နွေရာသီအတွင်း နယူးယောက်စီးတီးအသင်းနှင့်အတူ မေဂျာလိဂ် မကစားမီကာလဖြစ်သည့် မေလအထိ မန်စီးတီးအသင်း၌ ဆက်ရှိ နေမည်ဖြစ်ကြောင်းသိရသည်။
www.mohnyinnews.blogspot.com
No comments:
Post a Comment