Monday, November 10, 2014

ခေါင်းကိုက်ဝေဒနာ ခံစားနေလျှင် ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®® အစေ့အဆန်စားပါ

ခေါင်းကိုက်တာအတွက် အစေ့အဆန်ဖြစ်တဲ့ ဗာဒံစေ့သုံးတာက သက်သာစေပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများလို့ဖြစ်တဲ့ ခေါင်းကိုက်တာအတွက် ဗာဒံစေ့က အကောင်းဆုံး သဘာဝ အိမ်သုံးဆေးနည်း လို့တောင် ဆိုနိုင်ပါတယ်။ ဗာဒံစေ့ထဲမှာ အကိုက်အခဲနဲ့ နာကျင်မှုကို ပျောက်ကင်းစေတဲ့ ဆယ်လီစင် ပါဝင်ပါတယ်။

ရေသောက်ပါ

ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်တဲ့ ရေပမာဏကို ရရှိအောင် သောက်သုံးဖို့ လိုပါတယ်။ ကော်ဖီ၊ အရက်၊ အချိုရည်တွေက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်မှုကို ဖြစ်စေပြီး ခေါင်းကိုက်စေပါတယ်။ ခေါင်းကိုက်တာကို ခံစားရတယ်ဆိုရင် ရေတစ်ခါက် အရင်ဆုံး သောက်လိုက်ပါ။ ရေဓာတ်ပြည့်ဝသွားပါက ခေါင်းကိုက်တာ တဖြည်းဖြည်းချင်း ပြန်ကောင်းသွားနိုင်ပါတယ်။

ချင်း(ဂျင်း) ၀ါးစားပါ

ဆဲလ်တွေမှာ ပရိုစတာဂလန်ဒင်ဖြစ်စဉ်ကနေ အဆီဒြပ်ပေါင်းတွေကို ပြုလုပ်ပါတယ်။ အဲဒီအဆီဒြပ်ပေါင်းက ရောင်ရမ်းမှုကိုဖြစ်စေပြီး အာရုံကြောတွေကို နှိုးဆွတာကြောင့် နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။ တချို့ ဆေးဝါး တွေက ပရိုစတာဂလန်ဒင်ဖြစ်စဉ်ကို တားမြစ်ပြီး နာကျင်မှုကို သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်း ကိုက်တာ အပြင် ပျို့အန်တာကိုလည်း သက်သာစေပါတယ်။

ခပ်ပါးပါး လှီးဖြတ်ထားတဲ့ ချင်း(ဂျင်း)သုံးခုလောက်ကို ခွက်နှစ်ခွက်စာရှိတဲ့ ရေထဲထည့်စိမ်ပြီး အဖုံးအုပ်ကာ မိနစ် ၃၀လောက် ထားပါ။ ပြီးနောက် ချင်း(ဂျင်း) ဖတ်တွေကို ဖယ်ရှားကာ အရည်ကို သောက်ပေးပါ။

ငါးကြီးဆီစားပါ

ငါးကြီးဆီက ခေါင်းကိုက်တာ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေပါတယ်။ ငါးကြီးဆီမှာ အိုမီဂါ-၃ ပါဝင်ပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အမေရိကန် နှလုံးအဖွဲ့အစည်းက ငါးကြီးဆီက ရောင်ရမ်းမှု လျော့နည်းစေတာ၊ နှလုံးခုန်မှန်စေတာစတဲ့ ကောင်းကျိုးတွေ ရရှိစေတယ်လို့ ဆိုပါတယ်။ ငါးကြီးဆီက သွေးဆဲလ်ရောင်ရမ်းမှုကို လျော့နည်းစေလို့ ခေါင်းကိုက်တာကို သက်သာစေတာလို့ ဆိုပါတယ်။ ငါးကြီးဆီဆေးတောင့်ကို ဖောက်ပြီးရလာတဲ့အဆီ လက်ဖက်စားဇွန်း တစ်ဇွန်းစာကို လိမ္မော်ရည်ထဲ ထည့်သောက်ပါ။

ရေခဲအိတ်ကပ်ပါ

တစ်ခါတစ်ရံမှာ သွေးကြောတွေက အာရုံကြောတွေပေါ် ဖိမိတာကြောင့်လည်း ခေါင်းကိုက်တာ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ စိုးရိမ်စိတ်များတာတွေကြောင့် ကြွက်သားတွေ တင်းပြီးဖြစ်တဲ့ ခေါင်းကိုက်တာအတွက် ရေခဲအိတ်ကပ်ပေးရင် သက်သာနိုင်ပါတယ်။ တိတ်ဆိတ်တဲ့ အခန်းထဲမှာ ညမီးအိမ် အလင်းရောင်လောက်ပဲ ဖွင့်ထားပါ။ လဲလျောင်းပြီး နဖူးပေါ်မှာ ရေခဲအိတ် ကပ်ပေးပါ။

(မှတ်ချက်။ ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလထုတ် အာရောဂျံ မဂ္ဂဇင်း အတွဲ ၂၆၈ မှ ဇာခြည်ဝင်း(ဆေးတက္ကသိုလ်) ရေးသားသော ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။)
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

www.mohnyinnews.blogspot.com

No comments:

Post a Comment