Sunday, November 16, 2014

ပူတာအို၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စီမံချက်ဖြင့် နေ့ချင်းပြီး ပြုလုပ်ပေး ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ပူတာအို၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စီမံချက်ဖြင့် နေ့ချင်းပြီး ပြုလုပ်ပေး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

ပူတာအို နိုဝင်ဘာ ၁၆

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန မိုးပွင့်အဆင့်(၇)စီမံချက်အရ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား ကျောင်း သူများအား အသက်(၁ဝ) နှစ်ပြည့်နှင့် အသက်(၁၈)နှစ်ပြည့်မီသူများကို နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပြုလုပ် ပေးလျက်ရှိရာ နိုဝင်ဘာ ၁၂ ရက်က ပူတာအိုမြို့ အခြေခံပညာအထက် တန်းကျောင်းမှ နဝမတန်းနှင့် ဒသမ တန်းကျောင်းသား ကျောင်းသူ စုစု ပေါင်း ၁၁၈ ဦးအား ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစိုးမြင့်ထွန်း၏ အနီးကပ် ကြီးကြပ်မှုဖြင့် မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအယ်လ်ယော်ထုန် နှင့် လက်ထောက်လဝကမှူးများက နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူ များအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး နေမှုကို ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးယော်ဒီဒွေ့၊ ခရိုင်လဝက လက်ထောက်ညွှန်ကြားရေးမှူး၊ အထက-ပူတာအို ကျောင်းအုပ်ဆရာမ ကြီး ဒေါ်သန်းသန်းဆင့်နှင့် မြို့နယ် လဝကဦးစီးမှူးတို့က ဝိုင်းဝန်းကြီးကြပ် ၍ နေ့ချင်းပြီး ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ဦး ချင်းစီ ပေးအပ်ခဲ့သည်။

အလားတူ မိုးပွင့်အဆင့်(၇)စီမံ ချက်အရ မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အနေဖြင့် ပူတာအိုမြို့နယ်အတွင်း ကျန်ရှိသည့် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ မြို့ပေါ်ရပ် ကွက် ၁ဝ ခုနှင့် ကျေးရွာအုပ်စု ၁၄ အုပ်စုသို့ စီမံချက်ကာလအတွင်း ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ် ကြောင်း မြို့နယ်လဝကဦးစီးမှူးထံမှ သိရသည်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

No comments:

Post a Comment