Thursday, November 6, 2014

ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်မြို့သို့ ရောက်ရှိနေသော မွေးမြူရေး၊ ရေ လုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးအုန်းမြင့်သည် ကျေးလက် ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းအဖွဲ့နှင့် အတူ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး များ၊ ကျေးရွာအထောက်အကူပြု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်နှင့်အညီ ကျေးရွာများ ပိုမိုထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ၇ဝရာခိုင်နှုန်းသော ကျေးလက် နေလူများ၏ တစ်ဦးချင်းဝင်ငွေတိုး တက်ရရှိရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအတွင်းရှိ ကျေးရွာများအရောက် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင် ရွက်လျက်ရှိရာတွင် ဒေသခံပြည်သူ လူထုကပါ စိတ်ဓာတ်တက်ကြွစွာ ဖြင့် တစ်တပ်တစ်အား ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ကျန်းမာ ချမ်းသာရေးအတွက် တစ်ရက်တစ်မနက်တည်းဖြင့် ဆောင် ရွက်၍မရသကဲ့သို့ ကျေးရွာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း တစ်ရက်တစ်မနက် တည်းဖြင့် လုပ်ဆောင်၍မရဘဲ တစ်ရက်ပြီးတစ်ရက်၊ တစ်ဆင့် ပြီးတစ်ဆင့် ဆောင်ရွက်နေကြရမှာ ဖြစ်ကြောင်း။

ထောင်စုနှစ် ရည်မှန်းချက် တစ်ခုဖြစ်သည့် ဆင်းရဲမှုနှုန်း ၂၆ရာ ခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိ လျှော့ချ သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး၊ ဖွံ့ဖြိုးမှုနောက်အကျဆုံး နိုင်ငံ (LDC) အဖြစ်မှ လွတ်မြောက် ရေးစီမံချက်ချမှတ် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကာ ပညာ ရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့် အတန်းများ တိုးတက်မြင့်မားရေးကို လည်း ကြိုးပမ်းအကောင်အထည် ဖော်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများသည် လူတစ်ဦးချင်းစီ၏ ဖွံ့ဖြိုးတိုးတက်မှုများကို အခြေခံ၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဖွံ့ဖြိုးတိုးတက် မှု စာရင်းဇယားကိန်းဂဏန်းများ တိကျမှန်ကန်မှုရှိရန် လိုအပ်ကြောင်း။

ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများ အရ ၂ဝ၁၁- ၂ဝ၁၂ ဘဏ္ဍာနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၈ဒသမ၇ ရာခိုင်နှုန်းထိ တိုးတက်လာ ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် လည်း ၉ ဒသမ ၁ ရာခိုင်နှုန်းထိ ဆက် လက် တိုးတက်လာမည်ဟု ခန့်မှန်း ထားရှိကြောင်း၊ ထိုဖွံ့ဖြိုးတိုးတက်မှုနှုန်း နှင့် စာရင်းဇယားများကို အခြေခံ ၍ ရှေ့ဆက်လက်ပြီး စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း၊ ထို့အပြင် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်း၍ မြစိမ်းရောင်ကျေးရွာ စီမံ ကိန်းများကဲ့သို့သော ကျေးရွာဖွံ့ဖြိုး ရေး စီမံကိန်းများအား ချမှတ်ဆောင် ရွက်လျက်ရှိကြောင်း။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ဗန်းမော်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနလက်အောက်မှ မွေးမြူ ရေးနှင့်ကုသရေးဦးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ နှင့် တွေ့ဆုံသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး နှင့် ကွင်းဆင်းအဖွဲ့သည် ညနေပိုင်း တွင် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့အကြား နယ်နိမိတ်ထိစပ် ကျရောက်နေသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်ရှိ ငါးအိုး ကျေးရွာသို့ရောက်ရှိပြီး ငါးအိုးကျေးရွာ တိုက်နယ်ဆေးရုံ၌ ကျေးရွာ အထောက်အကူပြု ကော်မတီဝင်များ နှင့် တိုက်နယ်ဆေးရုံအုပ်တို့အား တွေ့ဆုံ၍ ကျေးရွာဖွံ့ဖြိုးရေးလိုအပ်ချက်များနှင့် တိုက်နယ်ဆေးရုံ၏ အထောက်အကူပြုပစ္စည်း လိုအပ် ချက်များအား ဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နှင့် ကွင်းဆင်းအဖွဲ့သည် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ တကောင်းမြို့သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးနှင့် ကျေးရွာအထောက် အကူပြုကော်မတီဝင်များအား တွေ့ ဆုံပြီး တကောင်းရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်နယ်မြေအတွင်းရှိ ကျေးရွာများ၏ ဖွံ့ဖြိုးရေးလိုအပ်ချက် များအား ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။
(မြန်မာ့အလင်း)

No comments:

Post a Comment