သုံးနှစ်ကြာရပ်နားထားခဲ့ရသည့်ကချင်ပြည်နယ်နေ့မနောင်ပွဲ(မနောပွဲ)တော်ကြီး ကို ကချင်ပြည်နယ် အစိုးရ အဖွဲ့က နိုင်ငံတော်အဆင့်သတ် မှတ်ချက်ရှိသော ပွဲတော်ကြီးအဖြစ် ပြန်လည်ကျင်း ပရန် စီစဉ်နေသော် လည်း “ကချင်ရိုးရာယဉ်ကျေး မှုနှင့် စာပေအဖွဲ့ချုပ်ဦးဆောင်ပြီး ဘာသာရေး အဖွဲ့အစည်းများ ၊ မျိုးနွယ်စု ခြောက်ခု၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနဲ့ ကချင်ရိုးရာ ယဉ်ကျေးမှုနှင့် စာပေအဖွဲ့များက ကိုယ်စားလှယ်တွေ မြစ် ကြီးနား မှာ တွေ့ဆုံဆွေးနွေးပွဲလုပ်ပြီး မနောပွဲထည့်သွင်း မပြုလုပ်ဖို့ သဘောတူညီ ခဲ့ကြသည်ဟု ကချင်ရိုးရာ ယဉ်ကျေးမှု နှင့် စာပေအဖွဲ့ချုပ် (JHC)မှ သိရပါတယ်။ အဓိကအချက်ထဲမှာ ကချင်မျိုးနွယ် စုတစ်ခုလုံးရဲ့ ပွဲတော်ဖြစ်တဲ့ မနောင်ပွဲ မလုပ်တာဟာ ပြည်နယ် မငြိမ်းချမ်းသေးတာ၊ KIA ရဲ့တားမြစ်ထားမှုကြောင့် စစ်ဘေးဒုက္ခသည်များကိုယ့်နေရပ် ပြန်မရောက်ကြသေးတာတွေကြောင့် ပျော်ပွဲရွှင်ပွဲဖြစ်တဲ့ မနောင်ပွဲ ထည့်သွင်း တာဟာ မသင့်လျော်ဘူးဆိုပြီး တက်ရောက်သူ ၃ဝခန့်က သဘောတူကြပါတယ်” လို့အင်တာနက် စာမျက်နှာ တွေမှာ တွေ့ရပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရဲ့ ကချင်လူထုအပေါ် လုပ်ရပ်များမှာ မိုင်းထောင်ပြီး ဒုက္ခိတ ဖြစ်အောင် လုပ်တာက တစ်မျိုး၊ အိမ်မဲ့ရာမဲ့ ဖြစ်နေတဲ့ ဒေသခံ ကချင်လူမျိုးတွေကို သေတွင်းထဲ ဆွဲထည့်တာက တစ်မျိုး၊ ကချင်ပြည်နယ်ရဲ့ မြေပေါ်မြေအောက် သဘာဝသယံဇာတ များကို သူတို့ အကျိုးစီးပွားအတွက် ခိုးထုတ်ရောင်းစားနေတယ် ဆိုတာလည်း ကချင်ပြည်နယ်က ဒေသခံအားလုံးက သိနေပါသော်လည်း မိမိအသက်အန္တာရာယ်ကို ခြိမ်းခြောက်မှာ စိုးတဲ့အတွက် မသိသလို နေခဲ့ရတာတွေ များလှပါပြီ၊ ဒါပေမယ့် အခု တစ်ခေါက် မနောပွဲ မကျင်းပနိုင်အောင် လုပ်တဲ့ ဖြစ်ရပ်ကတော့ ကချင်တစ်မျိုးသားလုံးအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အရင်က အစိုးရနဲ့ တိုက်ပွဲတွေ ဖြစ်နေလို့ မနောပွဲ မလုပ်ဖြစ်ခဲ့တာ ၃ နှစ်လောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ ပြည်နယ်အစိုးရက ခမ်းခမ်းနားနား လုပ်ပေးပါမယ်လို့ ပြောခဲ့ တာတောင် KIA ဆိုတဲ့ အသားထဲက လောက်ထွက်တဲ့ ကောင်တွေကြောင့် ကချင်မျိုးနွယ်စုတွေဟာ ကိုယ့်အိမ် ကိုယ်တောင် မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ကချင်လူမျိုးစုတွေရှိနေသေး တဲ့အတွက် ရိုးရာပွဲတော်ကြီးကို ထည့်သွင်း မကျင်းပဖို့ ပြန်ပြီးတောင်းဆို လိုက်ရတဲ့ အခြေအနေတောင် ဖြစ်ခဲ့ရပါပြီ။ ဒါတွေအားလုံးရဲ့ အဓိက တရားခံဟာ KIA ဆိုတာ ကချင်ပြည်နယ်ကိုချစ်တဲ့ ကချင်လူမျိုးတိုင်းရဲ့စိတ်ထဲမှာ အခဲမကြေ ဖြစ်နေရပါတယ်။ ကချင်တစ်မျိုးသားလုံး တန်ဖိုးထားမျှော်လင့်နေကြတဲ့ ကချင်ပြည်နယ်နေ့မှာ မနောပွဲတော်ကြီး ကိုကျင်းပ နိုင်ရန်၊ KIA အနေနဲ့ ကချင်လူမျိုးတွေကို အမှန်တကယ် လွတ်မြောက်စေချင်တယ်ဆိုရင်၊ ကချင်လူမျိုးတွေကို နှိပ်စက် မိုင်းထောင် သတ်ဖြတ်နေတာတွေကို ရပ်ပေးပါ၊ ကချင်လူမျိုးစု စစ်ဘေးဒုက္ခသည်တွေကို ကိုယ့်အိမ် ကိုယ်ပြန်နိုင်အောင် စစ်ပွဲတွေကို အမြန်ဆုံး အဆုံးသတ်ပေးပါရန် ကချင်တစ်မျိုးသားလုံးကိုယ်စား တောင်းဆို ဆန္ဒပြုလိုက်ရပါတယ်။ ငွန်ဆိုင်း Kachin Daily News
No comments:
Post a Comment