Tuesday, November 11, 2014

မန္တလေး-မြစ်ကြီးနား အမြန်ရထားပေါ်တွင် အိပ်ပျော်နေသူအမျိုးသမီးတစ်ဦးထံမှ ငွေကျပ်(၁၈.၈၅)သိန်းနှင့်ရွှေဆံညှပ်တစ်ခုပါ လက်ကိုင်အိတ်ခိုးယူသူများအား စုံစမ်းဖော်ထုတ်အရေးယူထား


၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ ရွှေဘိုဘူတာမှ မြစ်ကြီးနားဘက်သို့ထွက်ခွာသွားသော အမှတ်(၅၅) မန္တလေး-မြစ်ကြီးနား အမြန်ရထားပေါ်တွင်လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ငွေများနှင့်ရွှေဆံညှပ်တစ်ခုပါ လက်ကိုင် အိတ်(၁)လုံး ပျောက်ဆုံးသွားကြောင်း ရထားလုံခြုံရေးလိုက်ပါဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၏ အကြောင်းကြားချက်အရ မီးရထားရဲတပ်ဖွဲ့၊ တပ်စု(၂)ရွှေဘိုမှတပ်ဖွဲ့ဝင်များနှင့် ရွှေဘိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ရွှေဘိုဘူတာနှင့် ဘူတာပတ်ဝန်းကျင် တစ်လျှောက် လိုက်လံစုံစမ်းခဲ့သည်။ ထိုသို့စုံစမ်းခဲ့ရာ ဘူတာရုံပေါ်တွင် ဈေးရောင်းသည့် ရွှေဘိုမြို့၊ အမှတ်(၁)ဘူတာ(က)ရပ်ကွက်နေ ချမ်းကိုကို(၂၃)နှစ်နှင့် ဝေယံဦး(ခ)ရွန်းနီ(၁၈)နှစ်တို့ ၂ ဦး မသင်္ကာဖွယ် ပျောက်ဆုံးနေကြောင်း သိရှိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ ၎င်းတို့ ၂ ဦးမှာ အမှတ်(၁)ရပ်ကွက်၊ ပြင်ဈေး ရပ်ရှိ ““Million Power (3)””စားသောက်ဆိုင်တွင် အရက်သောက်နေကြောင်း သိရှိရသောကြောင့် စားသောက်ဆိုင်သို့သွားရောက်ပြီး ချမ်းကိုကို၊ ဝေယံဦး(ခ)ရွန်းနီနှင့် ၎င်းတို့စီးနင်းလာသည့် ၁၇ယ/xxxxx ကန်ဘို-၁၂၅ ဆိုင်ကယ်တို့အား သက်သေများနှင့်အတူ ရှာဖွေစစ်ဆေးခဲ့သည်။ ထိုသို့ရှာဖွေရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ ကျပ်(၅၀၀၀)တန် ၃၇၇ ရွက်၊ စုစုပေါင်းငွေကျပ်(၁,၈၈၅,၀၀၀ိ/-)နှင့် အလေးချိန် (၁)ကျပ်သားခန့်ရှိ ရွှေဆံညှပ်(၁)ခုတို့ တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ချမ်းကိုကိုနှင့် ဝေယံဦး(ခ) ရွန်းနီတို့ ၂ ဦးအား ရွှေဘိုမြို့မရဲစခန်း(ပ)၅၉၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ချမ်းကိုကိုနှင့် ဝေယံဦး(ခ)ရွန်းနီတို့သည် ၈-၁၁-၂၀၁၄ ရက်နေ့ ည ၁၀ နာရီ အချိန်ခန့်က ရွှေဘိုဘူတာသို့ အမှတ်(၅၅)အဆန် အထူးအမြန်ရထား ဆိုက်ရောက်လာသဖြင့် ရထားပေါ်သို့ နှစ်ယောက်အတူ ထမင်းထုပ်တက်ရောင်းခဲ့ကြောင်း၊ ထမင်းထုပ်(၁)ထုပ် ရောင်းပြီးချိန်တွင် ရထားမှာ ဘူတာမှ စတင်ထွက်ခွာနေကြောင်း၊ ရထားရှေ့အပေါက်ပိတ်ထားသဖြင့် အနောက်ဘက်အပေါက်မှ ဆင်းရန် လျှောက်လာစဉ် အထက်တန်းတွဲသို့ရောက်ရှိချိန်၌ အမျိုးသမီးတစ်ဦးမှာ လက်ကိုင်အိတ်အား ဘေးတွင်ချပြီး အိပ်ပျော်နေသည်ကို တွေ့ရှိရသဖြင့် နှစ်ယောက်အတူတိုင်ပင်ပြီး ဝေယံဦးမှ ရထား အပြင်ဘက်ရှိ လက်ကိုင်ကွင်းအားတွယ်စီးကာ အိတ်ကိုဆွဲယူ၍ ချမ်းကိုကိုသို့ လှမ်းပေးခဲ့ကြောင်း၊ ထို့နောက် ရထား အဝေးအချက်ပြတိုင်အနီးသို့ ရောက်သောအခါ ရထားပေါ်မှဆင်းခဲ့ကြပြီး လက်ကိုင် အိတ်အား သံလမ်းဘေးရှိ အမှိုက်ခြင်းထဲတွင်ဝှက်ထားခဲ့ကြောင်း၊ ဘူတာတွင်ရပ်ထားခဲ့သော ဝေယံဦး၏ ဆိုင်ကယ်ကို သွားယူ၍ လက်ကိုင်အိတ်အားပြန်ယူပြီး ရွှေဘိုကားဝင်းအနီးသို့သွားရောက်ခဲ့ကြောင်း၊ လက်ကိုင်အိတ်အားဖွင့်ကြည့်ရာ အိတ်အတွင်း၌ ငါးထောင်ကျပ်တန်(၄)အုပ်နှင့် ရွှေဆံညှပ်(၁)ခုတို့ တွေ့ရှိရကြောင်း၊ ငွေထုပ်နှင့် ရွှေဆံညှပ်တို့အား ဆိုင်ကယ်တူးဘောက်အတွင်း ထည့်သွင်းယူဆောင်၍ အိတ်ကို ကားကြီးဝင်းအတွင်းလွှင့်ပစ်ခဲ့ပြီး ငွေထုပ်ထဲမှ သီးသန့်ဖြစ်နေသည့် ငွေကျပ်(၂,၀၀၀)ဖြင့် ရွှေဘို မြို့ပြင်ဈေးရှိ ““Million Power (3)””စားသောက်ဆိုင်တွင် အရက်သောက်နေစဉ် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရှိရသောကြောင့် ချမ်းကိုကိုနှင့် ဝေယံဦး(ခ)ရွန်းနီတို့ ၂ ဦးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်

www.mohnyinnews.blogspot.com

ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
မကြာမီမှာ apk ဘားရှင်းအသစ်ထွက်ရှိပါတော့မည်

အမျိုးသားနေ့ကိုကြိုဆိုသောအားဖြင့်ကျွန်တော်များမိုးညှင်းသတင်းအဖွဲ့မှ
ယခု apk ဘားရှင်းအသစ်ကိုထွက်ရှိတာ
ဖြစ်ပါတယ်

No comments:

Post a Comment