Monday, November 10, 2014

ချန်ပီယံဖြစ်ရန် အလားအလာကောင်းတစ်ခုဟု မော်ရင်ဟိုပြောကြား


ချယ်လ်ဆီးအသင်း၏ ယခုနှစ်
ဘောလုံးရာသီသည် ကောင်းမွန်သည့်
ရလဒ်ဖြင့် စတင်ခဲ့သည်။ လက်ရှိတွင်
လည်း ပရီမီယာလိဂ်ပြိုင်ပွဲ၌ ၁၁ ပွဲ ကစားခဲ့ရာတွင် ကိုးပွဲအထိ အနိုင်ရရှိခဲ့
သည့်အသင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းသည် နိုဝင်ဘာ
၈ ရက်ညပိုင်းက လီဗာပူးအသင်း၏ အန်ဖီးလ်ကွင်း၌ ကစာခဲ့သည့် ပွဲစဉ်
တွင်လည်း နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ပရီမီယာလိဂ်တွင် ရှုံးပွဲ
မရှိစံချိန်နှင့်အတူ အမှတ်ပေးဇယား
တွင်လည်း ထိပ်ဆုံးမှ ဆက်လက် ဦး
ဆောင်နိုင်ခဲ့သည်။

သို့ရာတွင် ရှုံးပွဲမရှိစံချိန်သည် တစ် ချိန်ချိန်တွင် ရပ်တန့်သွားလိမ့်မည်ဟု နည်းပြမော်ရင်ဟိုအနေဖြင့် ယုံကြည်
ထားကြောင်း၊ ယခုကဲ့သို့ ရှုံးပွဲမရှိ စံချိန်
တင်ထားနိုင်ခဲ့ခြင်းသည် ကစားသမား
များ၏ စွမ်းဆောင်ရည်ကောင်းများ ကြောင့် ဖြစ်ကြောင်းနှင့် ပရီမီယာလိဂ်
ချန်ပီယံဖြစ်ဖို့ အလားအလာကောင်း
တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

လီဗာပူးအသင်းနှင့် ကစားခဲ့သည့်
ပွဲစဉ်တွင် ကွင်းလယ်ကစားသမားနှစ်ဦး
ဖြစ်သည့် ဖာဘရီဂတ်စ်နှင့် ရာမီရက်စ်
တို့သည် ဒဏ်ရာပြဿနာကြုံတွေ့နေသည့်
ကြားမှ ဝင်ရောက်ကစားကြခြင်းဖြစ်
ကြောင်းနှင့် ဖာဘရီဂတ်စ်သည် လက်ရှိ
တွင်လည်းတံကောက်ကြောဒဏ်ရာ ရရှိ
ထားခြင်းကြောင့် ဝက်စ်ဘရွန်းအသင်း
နှင့် ကစားမည့် ပွဲစဉ်တွင် လွဲချော်ဖွယ်ရှိ
နေကြောင်း နည်းပြမော်ရင်ဟိုက ပြော ကြားခဲ့သည်။




www.mohnyinnews.blogspot.com

No comments:

Post a Comment