Monday, November 10, 2014

အာဆင်နယ် ဒုတိယမြောက်ရှုံးပွဲကြုံ

ပရီမီယာလိဂ်ပွဲစဉ် ၁၁ တနင်္ဂနွေနေ့ညပြိုင်ပွဲတွင် ဆွမ်ဆီးက အာဆင်နယ်ကို တန်ပြန်တိုက်စစ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရလိုက်သည်။ အာဆင်နယ်က ဆန်ချက်ဇ်၏ဦးဆောင်ဂိုးဖြင့် ဆွမ်ဆီးကို အသာစီးဖြင့် ကစားခဲ့သည်။ လွန်ခဲ့သည့်လေးပွဲတွင် ဆန်ချက်ဇ်က ခြောက်ဂိုးမြောက်အဖြစ် သွင်းယူခဲ့သည်။ အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီအတွင်း ဒုတိယ မြောက်ရှုံးပွဲကြုံရခြင်းဖြစ်သည်။ လူစားဝင်လာသူ ဆစ်ဂတ်ဆင်နှင့် ဂိုမစ်တို့က ဆွမ်ဆီးအတွက် နောက်ကျဂိုးများသွင်းယူပေးခဲ့သည်။ ဆန်းဒါးလန်းနှင့် အဲဗာတန်တို့ပွဲတွင် လာဆင်က ဆန်းဒါးလန်းအတွက် ဦးဆောင်ဂိုးသွင်း ခဲ့သော်လည်း လေတန်ဘိန်းစ်ကပယ်နယ်တီမှလိုက်လံချေပခဲ့၍ တစ်ဖက် တစ်ဂိုးစီဖြင့် သရေပွဲဖြစ်သွားသည်။ ဝက်စ်ဘရွန်းအိမ်ကွင်းတွင် နယူးကာ ဆယ်က ပီယက်စ်နှင့် ကိုလိုနီရာတို့၏ ဂိုးများဖြင့် ဇယားနံပါတ် ၈ တက်လာ ခဲ့သည်။ စပါးအိမ်ကွင်းတွင် စတုတ်က အနိုင်ကစားခဲ့သည်။


www.mohnyinnews.blogspot.com

No comments:

Post a Comment