နေ့စဉ်မိုးလေဝသသတင်း
(၂၆.၈.၂၀၁၅)
***************
ဒီကနေ့မနက် မိုးလေဝသဂြိုလ်တုမှ ဖမ်းယူရရှိတဲ့ပုံအရ ဘင်္ဂလား ပင်
လယ်အော်မြောက်ပိုင်းနဲအရှေ့အလယ်ပိုင်းမှာ တိမ်အသင့်အတင့် ဖြစ်
ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ
တိမ်အသင့်အတင့်မှတိမ်ထူထပ်နေပါတယ်။
မြန်မာနိုင်ငံပေါ်မှာကတော့ တစ်ပြည်လုံးမှာ တိမ်အသင့်အတင့်မှ တိမ်ထူ
ထပ်နေပါတယ်။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ မုတ်သုံလေအားအသင့်အတင့် ရှိနေပြီး၊ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေ
အားကောင်းနေပါတယ်။
ဒီကနေ့ မနက်(၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ ချင်းပြည်နယ်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ နေရာကွက်ကျားနဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာခဲ့ပြီး
မွန်ပြည်နယ်မှာ နေရာကွက်၍ မိုးကြီးခဲ့ပါတယ်။
မှတ်သားဖွယ်ရာမိုးရေချိန်များမှာ မော်လမြို င်မြို့မှာ (၈.၂၂)လက်မ ပူတာ
အိုမြို့မှာ (၂.၃၆)လက်မ၊ဖားအံမြို့မှာ(၁.၉၃)လက်မ၊ ရေးမြို့မှာ (၁.၇၇)လက်မ၊ ကော့သောင်းမြို့မှာ (၁.၄၆)လက်မ၊ ဇောင်းတူမြို့မှာ (၁.၃၀)လက်မ၊ မြိတ်မြို့
နဲကျောက်ဖြူ မြို့မှာ (၁.၂၂)လက်မစီ၊ ထားဝယ်မြို နဲမအူပင်မြို့တို့မှာ (၁.၁၄)
လက်မစီတို့ ဖြစ်ကြပါတယ်။
အောက်မှာဖော်ပြထားတဲ့ပုံများကတော့ ဒီနေ့မနက် (၀၇း၃၀) အချိန်ဂြိုလ်
တုတိမ်ပုံ နှင့် WRF Modelမှ ရရှိတဲ့သြဂုတ်လ (၂၇)ရက်နေ့နဲ့ (၂၈)ရက်နေ့တို့
အတွက်မိုးရေချိန်ခန့်မှန်းချက်ပြပုံများဖြစ်ပါတယ်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment