အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာအသင်း မလေးရှားကို အနိုင်ကစား
လာအိုနိုင်ငံ၌ ကျင်းပလျက်ရှိသည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်များကို ယနေ့ ညနေပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက မလေးရှားအသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ မြန်မာအသင်းသည် ပထမပွဲစဉ်များထက် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်ခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးကို ၄၉ မိနစ်တွင် ကျော်ကိုကိုဦး က သွင်းယူပေးခဲ့သည်။ အုပ်စု (ခ) အခြားပွဲစဉ်တွင် ဗီယက်နမ်က စင်ကာပူကို (၆-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယခုပွဲစဉ်များအပြီးတွင် အုပ်စု (ခ)၌ ဗီယက်နမ်က သုံးပွဲကစား ခုနစ်မှတ်၊ မလေးရှားက ပွဲကုန် လေးပွဲကစား ခုနစ်မှတ်၊ မြန်မာက သုံးပွဲကစား ခုနစ်မှတ် တို့ရရှိထားပြီး မြန်မာအသင်းမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၃၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။ (ဓာတ်ပုံ MFF)
ကျေးဇူးတင်ပါသည်
No comments:
Post a Comment