Saturday, August 29, 2015

Breaking news ဖားကန့်မြို့၊ ဥရုချောင်း ရေကြီး၍ အနိမ့်ပိုင်းအိမ်များ ရေနစ်နေ

Breaking news
ဖားကန့်မြို့၊ ဥရုချောင်း ရေကြီး၍ အနိမ့်ပိုင်းအိမ်များ ရေနစ်နေ
30.8.2015

မြန်ပြည်မြောက်ပိုင်း၊ ဖားကန့်မြို့တွင် မနေ့နေ့လည်(၁)နာရီလောက်စပြီး ဥရုချောင်းရေ ကြီးလာသည့်အတွက် ဒီမနက် (၇)နာရီလောက်မှာတော့ ငှက်ပျောတောရပ်ကွက်အပါအ၀င် အိမ်ခြေ(၂၀၀)ကျော်လောက်ထိ ရေနစ်မြိုပ်နေပြီလို့ သိရပါတယ်။

မနေ့(၁)နာရီလောက်က စကြီးတာ၊ ည(၉)နာရီဆို အိမ်ထဲရောက်ပြီ၊ ခုချိန်ထိ မကျသေးဘူး ကြီးနေတုန်းပဲ၊ တချို့ဆို အိမ်ခေါင်ပဲ မြင်ရတော့တယ်၊ မနေ့ကတော့ မိုးရွာတယ်၊ ဒီနေ့တော့ မရွာတော့ဘူး၊ ကြိုးတံတားအထက်နှင့် ငှက်ပျောတော၊ မရှီကထောင်ရပ်ကွက်အပါဝင် အိမ်ခြေ(၂၀၀)ကျော်လောက်ရှိမယ်ထင်တယ်၊ များတော့များတယ်၊ အနိမ့်ပိုင်းတွေ အကုန်နစ်နေပြီ၊ ဒီမှာက လှေမရှိတော့ ဘယ်မှသွားလို့မရဘူး၊ အိမ်ခေါင်ပေါ်မှာပဲ နေနေရတယ်လို့ ဖားကန့် ငှက်ပျောတောရပ်နေ ကိုမြင့်ဆွေက အိမ်ခေါင်ပေါ်ကနေ ဆက်နေပါတယ်ဆိုပြီး ဧရာဝတီမြစ်ဖျားသို့ ဖုန်းဆက်ပြောလာပါတယ်။



ကျေးဇူးတင်ပါသည်

No comments:

Post a Comment