“ မဲတစ်ပြားစီ မဲတစ်ပြားစီနဲ့ ဘုရားတည်ပါ ”
လာမဲ့ (၂၀၁၅) အထွေအထွေရွေးကောက်ပွဲကြီင်္းဟာ ဖိနှိပ်သူစစ်အာဏာရှင်တွေနဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ အကျိုးစီးပွားကာကွယ်ပွဲ၊ ရှင်သန်ရေးဆိုင်ရာယှဉ်ပြိုင်ပွဲကြီးပါ။
တနည်းအားဖြင့်ပြောရရင်
အသားစားခြင်္သေ့ တွေနဲ့ 
အစားမခံလိုတဲ့ ဧရာမမြင်းကျားအုပ်ကြီးရဲ့
ရှင်သန်ရေးတိုက်ပွဲလို့ တင်စားရင်လည်းရပါတယ်။
စစ်အာဏာရှင်တွေဟာ အရေအတွက်အားဖြင့်နည်းပါးပေမဲ့ လက်သည်းခြေသည်းတွေ၊ အစွယ်တွေနဲ့ တူတဲ့ လူသတ်လက်နက်တွေ၊ လုပ်ပိုင်ခွင့်အာဏာတွေ၊ နိုင်လိုမင်းထက်ပြုလိုစိတ်တွေ၊ ရက်စက်ကြမ်းကျုတ်မှု့တွေ
ပိုင်ဆိုင်ပါတယ်။
အဖိနှိပ်ခံပြည်သူတွေမှာတော့ များပြားတဲ့အရေအတွက်ရယ်၊ မူလပိုင်ရှင်အမှန်ဖြစ်တာရယ်၊ အဖိနှိပ်မခံလိုတဲ့စိတ်၊ ရှင်သန်လိုစိတ်နဲ့ စည်းလုံးညီညွတ်မှု့အားတွေရှိပါတယ်။
ဒီတော့ ကျွန်တော်တို့ ပြည်သူလူထု
တတွေ မဖြစ်မနေထမ်းဆောင်ရမဲ့တာဝန်ကြီး
ကတော့
(၂၀၁၅) အထွေထွေ ရွေးကောက်ပွဲကြီင်္းမှာ
ညီညီညွတ်ညွတ် မှန်မှန်ကန်ကန်
မဲပေးခြင်းနဲ့  အသားစားခြင်္သေ့တွေကို
စည်းလုံးခြင်း အားနဲ့ ပြည်သူ
့အာဏာစားကျက်မြေကနေ
မောင်းထုတ်သလို၊
လှောင်ချိုင့်ထဲပြန်သွင်းသလို၊
စစ်တပ်ကို ဘားတိုက်ထဲပြန်ပို့ ရမှာဖြစ်ပါတယ်။
အဲ့ဒီလို မှန်မှန်ကန်ကန်
ညီညီညွတ်ညွတ် မဲပေးနိုင်ဖို့ အတွက် ကျွန်တော်တို့ ပြည်သူတွေဟာ
မပြတ်မသားေ၀၀ါးနေလို့ မရပါဘူး။
အနှစ်သာရကိုမကြည့်ဘဲ ရေရှည်အမြင်မထားဘဲ၊ အပေါ်ယံတိမ်တိမ်လေးတွေးပြီး မဲပြားသွားမှာကိုလည်း အဖြစ်ခံလို့ 
မရပါဘူး။
၂၀၁၅ ရွေးကောက်ပွဲဟာ ဖိနှိပ်မှုတွေနိဂုံးသတ်ပေးမဲ့ပွဲဖြစ်တယ်။
မတရားမှု့ဖိနှိပ်မှု့တွေနဲ့ရင်ဆိုင်နေ
ရချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကို
ရော၊
စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပြည်ခိုင်ဖြိုးဘက်မှာ
ပါ ဘယ်ဖက်မှမပါဘူး ဆိုပြီး၊
တတိယအုပ်စုလိုလို ကြွေးကြော်ပြီး
ဒီလိုအချိန်အခါမှာ ကြားနေတယ်ဆိုတာ
ရိုးသားမှု့မရှိပါဘူး။
တကယ်တမ်း သေသေခြာခြာ စေ့ငုဆန်းစစ်လိုက်ရင် ဖိနှိပ်သူဖက်ကရပ်တည်တာနဲ့ ဖိနှိပ်မှု့ကို ဆန့်ကျင်တဲ့ နှစ်မျိုးနှစ်စားဘဲရှိတာပါ။
ကြောက်လို့ ဘဲဖြစ်စေ၊ အကျိုးစီးပွားတခုကြောင့်ဖြစ်စေ ရက်စက်ကြမ်းကျုတ်မှု့၊ ဖိနှိပ်မှု့ကို အသည်းအသန် ရင်ဆိုင်နေရချိန်မှာ နိုင်ငံရေးစိတ်မ၀င်စားဘူးလို့ ဆိုပြီး ရပ်ကြည့်နေတာဘဲဖြစ်ဖြစ်၊ ဘက်မလိုက်ဘူးဆိုပြီး ကြားနေလိုက်ခြင်းဟာလည်း
ဖိနှိပ်သူဖက်က ရပ်တည်လိုက်တာပါဘဲ။
ရပ်ကြည့်သူတွေကတော့ ကိုယ်နဲ့မျိုးတူမြင်းကျားတွေကို ခြင်္သေ့တွေက လိုက်လံ ကိုက်ဖြတ်စားသောက်နေတာ ကို ကိုယ်နဲ့မဆိုင်သလို မြက်စားမပျက် ရပ်ကြည့်နေတဲ့မြင်းမိုက်တွေနဲ့တူပါတယ်။
နောက်တမျိုးဖြစ်တဲ့ ပါတီကြီးနှစ်ခု
ကတော့ အားကိုးလို့မရဘူးဟေ့လို့ ဆိုပြီး ပါတီငယ်တွေထောင် ပြည်သူတွေဝေဝါး မဲပြားအောင် လုပ်နေသူတွေဟာ ခြင်္သေ့တွေကို မြင်းကျားအုပ်ကြီး အသည်းအသန်ရင်ဆိုင်နေရချိန် မွေးကင်းစ မြင်းကျား လေးတွေကို အလစ်ဝင်ဆွဲစားတဲ့ ဟိုက်ဟီးနားခွေးအခွေးရွှေတွေနဲ့ အတူတူပါဘဲ။
ဒီလိုရေးတော့ တချို့ကတွေးကြမယ်။
ဒီမိုကရေစီဆိုတာ ပါတီစုံစနစ်ပါ၊
ဒီစာရေးသူက ဒီမိုကရေစီစနစ် အားကောင်းမောင်းသန်မဖြစ်စေခြင်ဘူး
လို့ထင်ကြမယ်။
ရှင်းရှင်းဘဲပြောမယ်။
အခုအခြေအနေက ဒီမိုကရေစီစနစ်ကိုမရောက်သေးဘူး။
အဲ့ဒီစနစ်ဆီသွားဖို့ မသွားဖို့ ကို ဆုံးဖြတ်ရမှာက ၇၅% မဲပေါ်မှာ လုကြရမှာမဟုတ်လား။
လွှတ်တော်ထိုင်ခုံ ၂၅%က စစ်ဓါးမြတိုက်ခံထားရတယ်လေ။
အဲ့ဒီ ၇၅% ကျန် တဲ့အထဲကမှ ထပ်လုယူဖို့ ဖဲ့ယူဖို့ အမျိုးသားတိုးတက်ရေးပါတီတို့ ၊ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ စတာ တွေနဲ့ မဲပြားအောင်လုပ်ဆောင်လာတာဟာ ရိုးရိုးသားသားလား၊
တမင်ရည်ရွယ်ချက်နဲ့ လားဆိုတာ ကာယကံရှင်တွေသာသိနိုင်ပါတယ်။
တပ်မတော်သားအမတ် ၂၅% မရှိတော့တဲ့တနေ့မှာ ကြိုက်သလောက် ပါတီတွေတစင်ထောင်တာဆိုရင် လက်ခံပါတယ်။
အခုဟာက ပြည်သူတွေရဲ့ဒီမိုကရေစီအိမ်မက်ကို လိုက်ဖျက်သလို ဖြစ်နေလို့ပါ။
မမှည့်သေးတဲ့အသီးကိုခူးစားတာ မိုက်မဲလွန်းရာကျသလို၊ ပြည်သူ့ အကျိုးကို ထည့်သွင်းစဉ်းစားရာ မရောက်သမို့ အတ္တကြီးလွန်းတဲ့ ဖျာကြိုခင်းမှု့လို့ ဘဲဆိုခြင်တယ်။
နောက်တချက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်လို့ အဓိကနဲ့ သာမညကို ခွဲခြားမပြောဘဲ မသိ နားမလည်တဲ့ ပြည်သူတွေေ၀၀ါးနားယောင်လာအောင် ညီညွှတ်မှု့ပြိုကွဲအောင် သာမညအချက်တွေအပေါ် အပြစ်တင် ရှုံ့ချမှု့တွေလုပ်နေတာနဲ့ ပတ်သက်လို့ ပြောခြင်ပါတယ်။
စေတနာအရင်းခံပြီး ကာလံဒေသံအဂ္ဂံနဲ့  ချိန်ဆဝေဖန် အကြံပြုတာမှန်သမျှကိုတော့ ကြိုဆိုပါတယ်။
ရက်စက်ကြမ်းကျုတ်တဲ့စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာဆန့် ကျင်တော်လှန်ခဲ့တဲ့ ပြည်သူလူထုတရပ်လုံးရဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကနေ မွေးဖွားလာတဲ့ တခုတည်းသောအင်အားအကြီးဆုံး ပြည်သူ့ ပါတီတရပ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီနေ့ အချိန်ထိ ဒီမိုကရေစီရေးနဲ့  ပြည်သူ့ အကျိုးစီးပွားကို သစ္စာမဖေါက်သေးပါဘူး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မြန်မာပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုသလို မြန်မာနိုင်ရဲ့တခုတည်းသော အင်အားအကြီးဆုံးဒီမိုကရေစီိသင်္ကေတဖြစ်သလို၊ အဖိနှိပ်ခံ ပြည်သူအများစုရဲ့လွတ်မြောက်မှု့အတွက် မျှော်လင့်ချက်အိမ်မက်လည်းဖြစ်တယ်။
မြန်မာနိုင်ငံသူနိုင်ငံသားအများစုရဲ့ အနာဂါတ်ဒီမိုကရေစီရေး အလံတော်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အမြင့်ဆုံးလွှင့်ထူ သယ်ဆောင်နေဆဲပါ။
ဒါဟာ ငြင်းကွယ်လို့ မရတဲ့ အရှိတရားနဲ့ တကယ့်အနှစ်သာရပါ။
ဒါကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထိုးနှက်ခြင်းဟာ မိဘပြည်သူကိုတိုက်ခိုက် အန္တရာယ်ပြုခြင်းပါဘဲ။
ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်စေ၊
တမင်မရည်ရွယ်ဘဲဖြစ်စေ
မိမိပုဂ္ဂိုလ်ရေးခံစားချက် အမြင်မကြည်လင်မှု့ကြောင့် ဖြစ်စေ၊
မိမိအကျိုးစီးပွားအတွက်ဖြစ်စေ၊
မိမိအဖွဲ့အစည်းအကျိုးစီးပွားဖက်
ကဖြစ်စေ၊
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့
အားနည်းချက်တချို့ကြောင့်ဖြစ်စေ၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို
တိုက်ခိုက်ခြင်း၊ အထင်အမြင် လွဲအောင်
လုပ်ဆောင်ခြင်း၊ NLD ရဲ့ အားနည်းချက်
ကို မထိရောက်သောနည်းလမ်းတို့ ဖြင့်
ထောက်ပြဝေဖန်ခြင်း အားဖြင့် ညီညွတ်မှု့ပြိုကွဲအောင်ကြံစည်
လုပ်ကိုင်မှု့အားလုံးဟာ
မြန်မာပြည်ဒီမိုကရေစီရေးကို ချေမှုန်းရာ
ရောက်နေသလို မိမိကိုယ်ကို ဓါးနဲ့ပြန်ထိုးနေတဲ့သူရဲ့မိုက်မဲခြင်းနဲ့
တူနေတာသတိပြုပါ။
ဘာကြောင့်လို့လည်းဆိုတော့
မြန်မာနိုင်ငံဟာ ဒီမိုကရေစီခေတ်ကိုမရောက်သေးလို့ပါဘဲ။
စစ်မှန်တဲ့ ဒီမိုကရေစီမပေးခြင်တဲ့ ကောက်ကျစ်ဉာဏ်များတဲ့ စစ်အာဏာရှင်နဲ့ ခေါင်းမာဂိုဏ်းသားတွေဟာ ဒီမိုကရေစီရေး နှောင့်နှေးအောင် အပြင်းထန်ဆုံးသွေးခွဲခြေထိုးနေတဲ့အချိန်ဖြစ်နေလို့ ပါဘဲ။
အနှစ်ချုပ်အနေနဲ့ ပြောခြင်တာက လာမဲ့ (၂၀၁၅) အထွေအထွေရွေးကောက်ပွဲကြီင်္းဟာ ပြည်သူ့ ကိုယ်စားလှယ် တွေရွေးကောက်တင်မြှောက်တဲ့ပွဲ သက်သက်တင်မဟုတ်ပါဘူး။
စစ်ကျွန်သက်ထပ်တိုးမှာလား၊
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို သွားမှာလားဆိုတာ အဆုံးအဖြတ်ခံမဲ့ ပွဲလည်းဖြစ်ပါတယ်။
မိမိရဲ့ အပြုအမူအပြောအဆို အလုပ်အကိုင် ရပ်တည်ချက်တွေဟာ ပြည်သူလူထုကို သစ္စာမဖေါက်မိစေအောင် ဂရုပြုဆင်ခြင်ကြစေလို ပါတယ်။
အဖိနှိပ်ခံပြည်သူအမျက် စူးမခံရစေဘဲ ပြည်သူဘက်အကူး မှန်နိုင်ကြစေ
လိုပါတယ်။
အနှစ်နဲ့ အကာ ခွဲခြားလို့  မိဘပြည်သူဘက်ကို ပြတ်ပြတ်သားသား ဘက်လိုက်ကြဖို့ နိုးဆော်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အကြွင်းမဲ့ဖျက်သိမ်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ။
တရားဥပဒေစိုးမိုးလာစေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ။
ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ ။
အဖိနှိပ်ခံပြည်သူတွေရဲ့ ငိုညည်းသံဆိတ် မျက်ရည်တိတ်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ ။
လူတိုင်းမွေးရာပါ လူ့ အခွင့်အရေးကို ခံစားနိုင်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ ။
လူတိုင်းအတွက် ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေဖြစ်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ ။
အကျင့်ပျက်ခြစားမှု့တွေ ရှင်းလင်းသုတ်သင်နိုင်စေဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ ။
ကမ္ဘာမှာ မြန်မာဟေ့လို့ ခေါင်းမော့ရင်ကော့နိုင်အောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ ။
ပျားရည်မြစ်တွေစီးဆင်းစေဖို့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးပါ။
လက်လုပ်လက်စား ဆင်းရဲသားလည်း ဘုရားတည်နိုင်အောင်
လယ်သမားလည်းဘုရားတည်နိုင်အောင်
အလုပ်သမားလည်း ဘုရားတည်နိုင်အောင်
အစိုးရ၀န်ထမ်း၊ ပွဲစားကုန်သည် ဈေးဝယ်ဈေးသည် ရှိရှိသမျှ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘုရားတည်သလိုမျိုး ကုသိုလ်ကောင်းမှု့ ပြုနိုင်အောင်
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးခြင်းအားဖြင့် မဲတစ်ပြားစီ မဲတစ်ပြားစီနဲ့ ဘုရားတည်နိုင်ကြပါစေ။
လေးစားစွာဖြင့်
(မင်းကောင်းချစ်)
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment