Saturday, August 29, 2015

သူ့အတွေး သူ့အမြင်

သူ့အတွေး သူ့အမြင်

လူတွေရဲ့အတွေးအမြင်ဆိုတာက
တဦးနဲ့တဦးမတူညီကြပါဘူး

ကောင်းသောအတွေးမြင်ပဲဖြစ်ဖြစ်
ယုတ်သောအတွေးအမြင်နဲ့ဖြစ်ဖြစ်
ရောက်ရှိနေတဲ့နေရာမှာ
သူ့နေရာကိုရေရှည်ကြာအောင်ထိမ်းသိမ်း
နိုင်ခြင်သည်အရည်အချင်းတရပ်ဖြစ်
ပါတယ်။

ခေါင်းသာသူက
ပိုတာသွားမှာပါပဲ။

တရုပ်-နိုင်ငံရေးပုံပြင်လေးတခုဖတ်ဖူးပါတယ်

တခါက ဥက္ကဌကြီးမော်စီတုံးဟာ
သမ္မတလျူရှောက်ချီ၊
ဝန်ကြီးချုပ်ချူအင်လိုင်းတို့နှင့် တွေ့တော့
မေးခွန်း တစ်ခုမေးတယ်။

" ကြောင်တစ်ကောင်ကို
ငရုတ်ကောင်းစားစေချင်တယ် ဆိုပါတော့၊
ခင်ဗျားတို့ဘယ်လိုကျွေးမလဲ "

ပထမဆုံး လျူကဖြေတယ် "

လွယ်ပါတယ်ဥက္ကဌကြီး
ကြောင်ကိုမလှုပ်နိုင်အောင်
လူတစ်ယောက်က
သေသေချာချာချုပ်ထားမယ်၊

ပြီးရင် ပါးစပ်ကိုဖြဲ၊ ငရုတ်ကောင်းအစေ့ကို
ပါးစပ်ထဲထည့် လည်ချောင်းထဲ
ကျသွားအောင် တူနဲ့ထိုးချ "

သူ့စကားမဆုံးမီ မော်စီတုံးက
ထိတ်လန့်ဟန်ဖြင့် လက်ပြတားလိုက်
သည်။

ဒါက မော်စကိုမှာသုံးသည့်
အကြမ်းပတမ်းနည်းမျိုးဖြစ်တယ်။

လျူပြောတာကို သူလက်မခံ။

ပြီးတော့ ငရုတ်ကောင်းဆိုသည်မှာ
အမှုန့်ထောင်းပြီး စားရသောအရာ၊
အစေ့လိုက်ဆိုတော့
ငရုတ်ကောင်းစားတာနှင့် မတူပေ.......

" မဟုတ်သေးပါဘူးဗျာ၊

စားတယ်ဆိုတာ သူ့သဘောဆန္ဒနဲ့
သူ့ဘာသာ စားတာမျိုးပဲ ဖြစ်ရမှာပေါ့၊

အတင်းအဓမ္မ အင်အားသုံးတာမျိုးတွေ
မလုပ်ပါနဲ့ဗျာ " ဟု မော်က ဆိုသည်။

ချူအလှည့်မှာတော့

ချူက " ကျွန်တော် ပထမဆုံး ကြောင်ကို
အစာမကျွေးဘဲ သုံးလေးရက်
ပစ်ထားမယ်ဗျာ။

ပြီးတော့မှ ငရုတ်ကောင်းမှုန့်ကို
အသားလွှာတစ်ခုပေါ်ဖြူးး အသားလွှာကို
လိပ်ပြီးကျွေးမယ်ဗျာ၊

အစာငတ်နေတဲ့ အကောင်ဆိုတော့
အသားလိပ်တစ်ခုလုံး မြိုချမှာပဲ၊

ငရုတ်ကောင်း ပါမှန်းတောင်
သိမှာမဟုတ်ဘူး " ဟု အဖြေပေးသည်။

ဒါကိုလည်း မော် သဘောမကျ....

" ခင်ဗျားဟာက တမင်လှည့်ဖျားတဲ့
နည်းပဲဗျာ၊

လူတွေကိုအရူးမလုပ်ကောင်းဘူး၊
ငရုတ်ကောင်းစားဖို့
အသားပါထည့်ကျွေးရမယ်ဆိုရင်တော့
ဘယ်ဖြစ်မလဲ"

" ဒါဆိုလည်း ဥက္ကဌကြီး
စဉ်းစားထားတဲ့နည်းကို ပြောပြပါလား
ခင်ဗျာ "

လွယ်ပါတယ်ဗျ "
ဟု မော်က ပြုံးပြီးပြောသည်။

" ကြောင်ကို ၀မ်းဗိုက်ရော နံဘေးတွေပါ

ငရုတ်ကောင်းမှုန့် နာနာပွတ်ပေး၊

ငရုတ်ကောင်းကြောင့် ပူပြီး ဘယ်လိုမှ
နေထိုင်လို့မရ ဖြစ်လာတဲ့အခါ
သက်သာအောင် လျှာနဲ့ လျက်လိမ့်မယ်၊

အဲဒါကို သွားမတားနဲ့ သူ့သဘောနဲ့သူ
လွတ်လွတ်လပ်လပ်
လျက်ခွင့်ပေးထားလိုက်။

အဲဒီလိုလျက်ခွင့်ရတဲ့အတွက်လည်း
သူလည်း ကျေနပ်နေမှာပါဗျာ "
ဟူ၍.........

ဒီစာလေးကိုဖတ်မိတဲ့စာဖတ်ပရိပ်သပ်ကြီးအနေနဲ့ဘယ်လိုထင်မြင်ပါသလည်း

ဒီနေ့မြန်မာပြည်ထဲကပြည်သူတွေဟာ
မော်စီတုန်းရဲ့အတွေးအမြင်ထဲကလို
ငြုပ်ကောင်းတွေသုတ်ခြင်းခံနေရတယ်လို့
မထင်ကြဘူးလားရှင်"????

ဒီပုံပြင်ထဲကလို
ကျမတို့ပြည်သူတွေဟာ
ငြုပ်ကောင်းသုတ်ခြင်းခံထားရတဲ့ကြောင်
လိုမဖြစ်ကြစေဖို့လိုပါတယ်

သူတို့ရဲ့ပရိယာယ်ဆင်တဲ့အကွက်ထဲ
အမြဲရောက်ရောက်သွားကြတဲ့
ပြည်သူတွေဟာ
အတွေးအခေါ်ကောင်းတွေရရှိစေဖို့
ဗဟုသုတဖြစ်စေမဲ့စာပေတွေကိုများများဖတ်
ကြဖို့လို့ပါတယ်။

ကိုယ့်အကြိုက်အမြဲရေးနေတဲ့ဝေဖန်ရေးစာ
ပေမျိုးတွေထက်အသိဉာဏ်ကိုဖွင့်ပေးနိုင်မဲ့
အတွေးအခေါ်စာပေတွေကိုလည်းဖတ်ကြည့်
ကြစေလိုပါတယ်

တနေ့တနေ့
အစိုးရဲ့မကောင်းကြောင်းတွေချည်
ရေးနေ ပြောနေ ဝေဖန်နေရတာမောလှပါပြီ

ဒါတွေကိုဖြေရှင်းနိုင်ဖို့အား"

လူတိုင်းမှာ
ပြည်သူတိုင်းမှာ
သင့်လျော်တဲ့အတွေးအခေါ်

စဉ်းစားဝေဖန်ပိုင်းခြားတတ်မှု

အစွန်းမရောက်တဲ့အတွေးအခေါ်တွေ
ရှိနိုင်စွမ်းရပါမယ်

ဒီအတွက်ဆိုရင်
စာများများဖတ်ကြပါလို့ပြောပါရစေ ……
……



ကျေးဇူးတင်ပါသည်

No comments:

Post a Comment