ကချင်ပြည်နယ် တောင်ပေါ်ဆူနာမီဒဏ် သတိထားရမယ်
========================================
သီတင်းတစ်ပတ်အတွင်း ရွာသွန်းခဲ့တဲ့ မိုးရေတွေကြောင့် ဟိမဝန္တာတောင်ခြေနဲ့ တောင်စောင်းအလယ်ပိုင်းနဲ့ တောင်စောင်းတွေမှာ မြေပြိုမယ့်အလားအလာတွေကို နာဆာ ဂြိုဟ်တုရဲ့ တိုင်းတာချက်အရ သိရတာကြောင့် ကချင်ပြည်နယ်မှာ ရေဘေးဒဏ်ကို သတိရှိကြဖို့ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးလိုက်ပါတယ်။
၂ဝဝ၄ ဇူလိုင်လတုန်းက မြစ်ကြီးနားမှာ တစ်ရက်တည်းနဲ့ ရေဟာ အမြင့်ပေ ၂၄ပေကျော် မြင့်တက်ခဲ့လို့ ရေမြုပ်ခဲ့တာကို သတိရကြဖို့တိုက်တွန်းပြီး နယ်စပ်ဖြတ်ကျော်ရေကြီးမှု ဖြစ်လာဖို့ နီးစပ်နေတယ်လို့ ဒေါက်တာထွန်းလွင်က ဆိုပါတယ်။
ကမ္ဘာကြီးပူနွေးလာလို့ ဟိမဝန္တာတောင်ပေါ်က ရေခဲတွေ အရည်ပျော်ကျတာကြောင့် တောင်ခြေအနိမ့်ပိုင်းတွေမှာ ရေခဲတွေစုစည်းမိပြီး ရေကန်တွေပေါ်လာပါတယ်။ ဒီကန်တွေဟာ သဘာဝအရတည်ရှိလာတာမဟုတ်လို့ အောက်ခံမြေသား ခိုင်မာမှုမရှိလို့ မိုးသည်းတဲ့အခါ ကန်အောက်က မြေကြီးတွေပြိုကျရင် စုဆောင်းထားတဲ့ရေတွေဟာ တောင်ခြေတစ်လျှောက် အရှိန်အဟုန်နဲ့ စီးဆင်းတတ်လို့ တောင်ပေါ်ဆူနာမီလို့တောင် ခေါ်ကြတယ်လို့ ဒေါက်တာ ထွန်းလွင်က ဆိုပါတယ်။
By Kachin News
Monday, August 24, 2015
ကချင်ပြည်နယ် တောင်ပေါ်ဆူနာမီဒဏ် သတိထားရမယ် ========================================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment