Tuesday, August 11, 2015

သူရဦးရွှေမန်းက သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရင် တပ်မတော် ဘာလုပ်မလဲ -

သူရဦးရွှေမန်းက သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရင် တပ်မတော် ဘာလုပ်မလဲ - ================ ၂၀၁၁ ခုနှစ် ပူပြင်းသော မတ်လဆန်းတွင် နိုင်ငံတော် အကြီးအကဲ နေရာမှ လတ်တလော အနားယူခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ခိုင်ဖြိုး ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပူပူနွေးနွေး ရွေးချယ်ခံထားရသော နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ဝင်များ အားလုံး ကာကွယ်ရေး ဦးစီးချုပ်ရုံး အစည်းအဝေး ခန်းမကြီးထဲသို့ ရောက်ရှိနေကြသည်။ အရပ်ဝတ် ၀တ်ဆင်ထားသော အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးသည် အားလုံးကို နှုတ်ဆက်စကားပြောရင်း ခြင်္သေ့တံဆိပ်ပါသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလံတော် ကို လက်ရှိခေါင်းဆောင်များထံ လွှဲပြောင်း ပေးအပ်လိုက်သည်။ ဗိုလ်ချုပ်မှူးကြီးက အားလုံးကို တစ်ယောက်ချင်း ကြည့်လိုက်ပြီး “ပါတီအလံကို ဒီတိုင်းပြည်မှာ နောက်ထပ် အနှစ် ၅၀ လွှမ်းခြုံနိုင်အောင် မင်းတို့ကြိုးစားကြ” ဟု မှာကြားပြီး မကြာခင် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။ အငြိမ်းစား ယူသွားသော ဗိုလ်ချုပ်မှူးကြီးသည် တိုင်းပြည်ကို နှစ်၂၀ခန့် အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်က အမြဲတမ်းအသာစီး ရရှိစေမည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း စိတ်ကြိုက်ရေးဆွဲ အတည်ပြုပေးခဲ့သည်။ ထိုဖွဲ့စည်းပုံအရ တပ်မတော်သားများ သည် အထွေထွေ ရွေးကောက်ပွဲများ၌ ရွေးကောက် တင်မြှောက်ခံရန် မလိုအပ် ဘဲလွှတ်တော်တွင်းတွင် ၂၅ရာခိုင်နှုန်း အလိုအလျောက် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းခဲ့ သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတစ်ဝန်းလုံးရှိ ရွေးကောက်ခံ နယ်မြေ ၄၉၈ နေရာတွင် ၁၆၇ယောက် ရွေးချယ်ခံရရုံမျှနှင့် နိုင်ငံတော်၏ အမြင့်ဆုံး ရာထူးဖြစ်သည့် သမ္မတ ရာထူးကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကို လည်းကောင်း၊ ဒုတိယ သမ္မတများကို လည်းကောင်း စိတ်တိုင်းကျ ရွေးချယ်တင်မြှောက်ပြီး နိုင်ငံကို အုပ်ချုပ်သွားရုံသာ ရှိသည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ နှင့် တိုင်းရင်းသားများ အနေဖြင့် တိုင်းပြည်၏ အဆုံးအဖြတ် ပေးနိုင်သော ရာထူးနေရာများသို့ ၀င်ရောက်ထမ်းရွက်ရန် အခွင့်အရေးမှာ နွေနေ့လယ်တွင် မက်သည့် အိပ်မက်တစ်ခုမျှသာ ဖြစ်နေခဲ့သည် သို့သော် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး စိတ်ကြိုက်ရေးသားခဲ့သော နိုင်ငံရေး ဇာတ်ညွှန်းသည် နှစ်ပေါင်း ၅၀ မတည်မြဲတော့ဘဲ ၅နှစ်ပင် မခံသည့် နိုင်ငံရေး အခြေအနေ တစ်ရပ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့နှင့် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများစု ပါဝင်သော ကြံ့ခိုင်ရေး ပါတီအစုတို့သည် ယခုအခါ ဗိုလ်ချုပ်မှူးကြီး မမျှော်မှန်းခဲ့သည့် အကွဲ အပြဲ ဇာတ်လမ်းကို စတင်နေပြီဖြစ်သည်။ ယခုအခါ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၉၉ရက်သာ လိုတော့သည့် အချိန်တွင် အာဏာရ ပါတီနှင့် တပ်မတော်ကြားတွင် လည်းကောင်း၊ အာဏာရပါတီ အတွင်း တွင် လည်းကောင်း သဘောထားများ ကွဲပြားလျက်ရှိသလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများကြားတွင်လည်း ထူထဲသိပ်သည်းသော မဟာမိတ် ဆက်ဆံရေး တည်ဆောက် မထားနိုင်ခဲ့ပေ။ ၂၀၁၀ ခုနှစ်က အပြတ်အသတ် အနိုင်ရရှိခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ တပ်မတော်သား မိသားစုများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရန် ကော်မရှင်သို့ စာရေးသား ပေးပို့ခဲ့သည့် အတွက် တပ်မတော်နှင့် ပါတီထိပ်တန်း ခေါင်းဆောင်များ အကြားတွင် စိတ်ဝမ်းကွဲပြားနေမှုများသည် ပို၍ထင်ရှားလာခဲ့သည်။ အထူးသဖြင့် သူရဦးရွှေမန်းသည် နေပြည်တော်မှ ၀င်ရောက်မပြိုင်တော့ဘဲ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် မှတ်ပုံတင်သွင်းခဲ့သလို တပ်မတော် အစိုးရ လက်ထက်က ဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစား ဗိုလ်မှူးချုပ် သိန်းဇော်သည်လည်း ယခုရွေးကောက်ပွဲတွင် မြစ်ကြီးနားမှ မပြိုင်ဘဲ မိုးကောင်းမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရသည်။ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တစ်အုပ်စုတည်းဟု ထင်ကြေးပေးခံရသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယခုအချိန်ထိ ရွေးကောက်ပွဲဝင်ရန် အမည်စာရင်း မတင်သွင်းသလို ကြံ့ခိုင်ရေး ပါတီသို့ ပြန်မလာတော့ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ အထူးသဖြင့် နိုင်ငံတော် သမ္မတ၏ သမ္မတရုံးဝန်ကြီး ၆ ဦးအနက် ဦးလှထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်တို့သည် ၂၀၁၀က အနိုင်ရရှိခဲ့သည့် ယခင် မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရသော်လည်း နိုင်ငံတော် သမ္မတ၏ ဘယ်လက်ရုံး၊ ညာလက်ရုံးသဖွယ် နာမည်ကျော်ကြားခဲ့သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ တစ်သီးပုဂ္ဂလ အမတ်များ အဖြစ် ကယားပြည်နယ် ဒီမောဆိုးနှင့် ဘော်လခဲမြို့နယ်များတွင် ကယန်း လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KNPP၏ ထောက်ခံမှုဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြားသိနေရသည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်က ရဲဘော်ရဲဘက်များသဖွယ် ကျောချင်းကပ်ခဲ့ကြသော အစိုးရနှင့် လွှတ်တော်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရုံး ၀န်ကြီးများ ခန့်ထားပြီးသည့်နောက်ပိုင်း ကက်ဘိနက် ကောင်စီပေါ်ပေါက်လာပြီးနောက် လွှတ်တော်၊ ပါတီနှင့် အစိုးရ အကြားတွင် နွေးထွေးသော ဆက်ဆံမှုများ ပျက်ပြားခဲ့ရသည်။ ယခင်က နိုင်ငံတော် သမ္မတ ခရီးစဉ်များ တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များအား ဖိတ်ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအဖွဲ့က သီးခြားဆန်လာသည့် အတွက် ညီညွတ်ရေး ပျက်ခဲ့ရခြင်းဖြစ် သည်။ ထို့ကြောင့် သမ္မတအား အကြံပေးခဲ့သည့် သူများထဲမှ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးစိုးသိန်း၏ စနက် ပါဝင်ခဲ့သည်ဆိုပြီး မိခင်ပါတီမှ မကျေမနပ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း အတွင်းတွင် လက်ရှိဝန်ကြီးချုပ် ဦးမြင့်ဆွေသည် လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာသေးမီက တပ်မတော်မှ အနားယူခဲ့သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် အမျိုးသား လွှတ်တော်မှ လည်းကောင်း၊ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်သည် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၂)မှလည်းကောင်း၊ ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ကိုကိုးကျွန်းမှ လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြားသိထားရသည်။ အကယ်၍ ကြံ့ခိုင်ရေးပါတီမှ အများစု အနိုင်ရပါက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရာထူး အတွက် လက်ရှိမြို့တော်ဝန် ဦးလှမြင့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့အား ပါတီမှ လျာထားထားပုံရကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးက ဆိုသည်။ မန်္တလေးတိုင်းတွင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးဇော်မြင့်ဖေက ပြည်ခိုင်ဖြိုးကပင် မန္တလေးတိုင်း အတွင်း နေရာအများစုကို အနိုင်ရဖွယ်ရှိကြောင်း ပြောဆိုခဲ့သော် လည်း မန္တလေးတိုင်း အတွင်းရှိ ပြည်သူ အများစုက သဘောတူခဲ့ခြင်း မရှိပေ။ သို့သော် လက်ရှိ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ မြို့တော်ဝန် ဦးအောင်မောင်းသည် မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးမှ လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီး တပ်မတော်မှ လတ်တလော အငြိမ်းစားယူသည့် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းသည် မန္တလေးတိုင်း အတွင်းမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖွယ်ရှိသည်။ တစ်ဖက်တွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီအကြား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ၍ သဘောထားများ ကွဲလွဲနေသည်ဟု ဆိုသော်လည်း ပါတီမှ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးများကို ယခုရွေးကောက်ပွဲ တွင် ပါတီအမတ်လောင်းများအဖြစ် လျာထားလျက်ရှိသည်။ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးသည် စစ်ကိုင်းတိုင်း ဒေသကြီး ၀န်းသိုမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ လာမည့်သက်တမ်း အတွက် ပြည်ခိုင်ဖြိုး ပါတီမှ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖြစ် လျာထားပုံပေါ်နေသည်။ တနင်္သာရီတိုင်းတွင်လည်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ မြိတ်ကမ်းရိုးတန်း ဒေသ စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ မြိတ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် အငြိမ်းစား ဂျပန်သံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်မောင်တင်၊ လက်ရှိ တနင်္သာရီတိုင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်လည်း လာမည့် ရွေးကောက်ပွဲ အတွက် အမည်စာရင်းများ ပါဝင်လျက်ရှိသည်။ ပြည်ခိုင်ဖြိုးပါတီမှ ပူပူနွေးနွေး နုတ်ထွက်ခဲ့သော ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ကယားပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့သည် တစ်သီးပုဂ္ဂလ အဖြစ်ဖြင့် ကယားပြည်နယ်တွင် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြောဆိုထားရာ ကယားလူမျိုးများဖြစ်သည့် အတွက် အားကောင်းပြီး ထိုပြည်နယ်တွင် ပြည်ခိုင်ဖြိုးနှင့် NLDအတွက် ယခင် ရွေးကောက်ပွဲများကဲ့သို့ တောင်ပြိုကမ်းပြို အနိုင်ရရှိရန် မလွယ်ကူပေ။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေး ပါတီသည် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လည်းကောင်း အနိုင်ရရှိရန် မလွယ်ကူပေ။ ရခိုင်ပြည်နယ်တွင် အားအကောင်းဆုံးဖြစ်သည့် ရခိုင် အမျိုးသား ပါတီကို ဦးဆောင်နေသည့် ဒေါက်တာအေးမောင်သည် “နှစ်ပေါင်း ၆၀အတွင်း ရခိုင် လူမျိုးများနှင့်သာ ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့ရန်အတွက် ရွေးကောက်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” ထုတ်ဖော် ပြောဆိုလိုက်ပြီဖြစ်သည်။ သူက ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် မာန်အောင်မြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံမည် ဖြစ်သလို နောက်ထပ် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအေးသာအောင်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် မြေပုံနှင့် မင်းပြားမြို့နယ်များမှ ၀င်ရောက်အရွေးချယ်ခံမည် ဖြစ်သည်။ ရခိုင်ပြည်နယ် အတွက် လွှတ်တော်ကိုယ်စားလှယ် နေရာ ၆၃နေရာရှိနေရာ ရခိုင်အမျိုးသားပါတီက နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။ ရခိုင်ပြည်နယ် နည်းတူ ရှမ်းပြည်နယ်တွင်လည်း ၁၉၉၀က ကိုယ်စားလှယ် ဒုတိယ အများဆုံးနိုင်ခဲ့သော SNLDအား လက်ရှိ ကြံ့ခိုင်ရေးနှင့် NLD အနေဖြင့် အနိုင်ရ ကျော်လွှားရန် လက်တွေ့အားဖြင့် အခက်အခဲ များစွာ ရှိနေသည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် မြန်မာနိုင်ငံသားတို့၏ ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိမည်ဟု ထင်ကြေးပေးခြင်း ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း ကိုယ်စားလှယ်ပေါင်း ၁၂၀၀နီးပါးအား ရရှိရန် လူ ၄၀၀၀ထဲမှ ခက်ခက်ခဲခဲ ရွေးချယ်နေရသည်။ တစ်ချိန်တည်းမှာပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပြင်ဘက်မှ တတ်သိပညာရှင်များ၊ ပြည်သူလေးစားသောသူများ၊ ၈၈ ကျောင်းသားဟောင်းများကလည်း ပါတီမှ ၀င်ရောက် အရွေးချယ်ခံမည်ဟု ပြောကြားခဲ့သည့်အပေါ် ပါတီတွင်းမှ မကျေနပ်သူများပေါ်ထွက်ခဲ့သလို ခါတော်မီ အကြံပေး မီဒီယားသမား တစ်ချို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် စာရင်းတွင် ပြည်သူချစ်သောသူများ ကျန်ရစ်ခဲ့သည်။ စနေနေ့ညအထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် အားလုံးမျှော်လင့်နေသည့် ဗဟန်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ NNERမှ ဒေါက်တာ သိန်းလွင်၊ ၈၈ပွင့်လင်းမှ ဦးကိုကိုကြီး၊ မမီးမီး၊ ကိုဇော်ဇော်မင်း၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ရွှေဝါရောင် တော်လှန်ရေး မျိုးဆက်မှ ဒီငြိမ်းလင်း၊ စည်သူမောင်တို့ ပါဝင်လာခြင်းမရှိသည်ကို ကြားသိရ သည်။ NLD အနေဖြင့် ၁၉၉၀ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၄၈၅ နေရာအနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ တစ်ဖန် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ၄၅ နေရာအနက် ၄၃ နေရာ အနိုင် ရရှိခဲ့သည်။ ထို့ကြောင့် ပြည်သူလူထု၏ ထောက်ခံမှုမှာ သံသယ ဖြစ်ဖွယ်ရာ မရှိပေ။ ယခုကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်၌ ကိုယ်စားလှယ်ပေါင်း ၆၆၄ နေရာအနက် တပ်မတော်မှ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ၁၆၆ နေရာကို ရယူထားပြီးဖြစ်သည်။ ထို့ကြောင့် ၇၅ ရာခိုင်နှုန်းဖြစ်သည့် ၄၉၈နေရာ ယှဉ်ပြိုင်ရမည်ဖြစ်ကာ NLD အနေဖြင့် ၆၅ ရာခိုင်နှုန်းဖြစ်သော ၃၂၄ နေရာ အနိုင်ရရှိခဲ့လျှင် နိုင်ငံတော် သမ္မတနှင့် အရေးကြီးသော နေရာများ တွင်စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့အပြတ်အသတ် အနိုင်ရရှိရန်မှာ တိုင်းရင်းသား ဒေသများတွင်ပါ ဒေသခံ တိုင်းရင်းသား ပါတီများထက် ပိုမို အနိုင်ရရန် လိုအပ်လာသည်။ အကယ်၍ ၅၀ရာခိုင်နှုန်းအောက်သာ နိုင်ခဲ့ပါက NLD အနေဖြင့် ညွန့်ပေါင်း အစိုးရ တစ်ရပ်ကိုသာ မျှော်လင့်နိုင်သည်။ ထိုအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သော သူရဦးရွှေမန်းကလည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သူတို့ပါတီ အနေဖြင့် ၅၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိမည်ဟု မျှော်မှန်းထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ယခုရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပါကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးချယ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုး မတိမ်းမယိမ်း အနိုင်ရရှိပါက နဂိုခန့်မှန်းထားသော ဇာတ်ညွှန်းအတိုင်း တပ်မတော် နိုင်ငံရေး အင်အားစုကို အသာရရန် ညွန့်ပေါင်းအစိုးရသာ ဖြစ်လာဖွယ်ရှိပြီး တပ်မတော်၏ အခန်းကဏ္ဍကို နိုင်ငံရေး တွင် လျှော့ချလိုပါက အပေးအယူ အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအား နိုင်ငံတော် သမ္မတရာထူးအတွက် သဘောတူညှိနှိုင်းပြီး ရွေးချယ်ပေးရမည် ဖြစ်သည်။ အကယ်၍သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုး၏ အနိုင် ရရှိနိုင်သည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများကို စိတ်ကြိုက် ရွေးချယ်နိုင်သည့် အရေအတွက်ကို ရခဲ့လျှင် တပ်မတော် အနေဖြင့် ယခုအစိုးရ သက်တမ်းတွင် ရင်ဆိုင်ခဲ့ရသော နိုင်ငံရေး အကျပ်အတည်းထက် ပိုမိုဆိုးရွားသော နိုင်ငံရေး စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိပါက ပြည်သူလူထု နှင့် တိုင်းရင်းသားများ၏ အမုန်းတရားကို ယခုထက် ပိုမိုရင်ဆိုင်ရဖွယ်ရှိသည့် အတွက် အနာဂတ် နိုင်ငံရေး၌ တပ်မတော်၏ ExitStrategyကို မည်သို့ရေးဆွဲမလဲ ဆိုသည်မှာ လက်ရှိ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေး အသိဥာဏ် အမျှော်အမြင်ပေါ်တွင် မူတည်လျက် ရှိနေပေတော့သည်။ လက်စောင်းထက် tomorrow -ဂျာနယ် သူရဦးရွှေမန်းက သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာရင် တပ်မတော် ဘာလုပ်မလဲ - ================ ၂၀၁၁ ခုနှစ် ပူပြင်းသော မတ်လဆန်းတွင် နိုင်ငံတော် အကြီးအကဲ နေရာမှ လတ်တလော အနားယူခဲ့သည့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ခိုင်ဖြိုး ပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပူပူနွေးနွေး ရွေးချယ်ခံထားရသော နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ဝင်များ အားလုံး ကာကွယ်ရေး ဦးစီးချုပ်ရုံး အစည်းအဝေး ခန်းမကြီးထဲသို့ ရောက်ရှိနေကြသည်။ အရပ်ဝတ် ၀တ်ဆင်ထားသော အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီးသည် အားလုံးကို နှုတ်ဆက်စကားပြောရင်း ခြင်္သေ့တံဆိပ်ပါသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလံတော် ကို လက်ရှိခေါင်းဆောင်များထံ လွှဲပြောင်း ပေးအပ်လိုက်သည်။ ဗိုလ်ချုပ်မှူးကြီးက အားလုံးကို တစ်ယောက်ချင်း ကြည့်လိုက်ပြီး “ပါတီအလံကို ဒီတိုင်းပြည်မှာ နောက်ထပ် အနှစ် ၅၀ လွှမ်းခြုံနိုင်အောင် မင်းတို့ကြိုးစားကြ” ဟု မှာကြားပြီး မကြာခင် ခန်းမထဲမှ ထွက်ခွာသွားတော့သည်။ အငြိမ်းစား ယူသွားသော ဗိုလ်ချုပ်မှူးကြီးသည် တိုင်းပြည်ကို နှစ်၂၀ခန့် အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံရေး အခန်းကဏ္ဍတွင် တပ်မတော်က အမြဲတမ်းအသာစီး ရရှိစေမည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုလည်း စိတ်ကြိုက်ရေးဆွဲ အတည်ပြုပေးခဲ့သည်။ ထိုဖွဲ့စည်းပုံအရ တပ်မတော်သားများ သည် အထွေထွေ ရွေးကောက်ပွဲများ၌ ရွေးကောက် တင်မြှောက်ခံရန် မလိုအပ် ဘဲလွှတ်တော်တွင်းတွင် ၂၅ရာခိုင်နှုန်း အလိုအလျောက် ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် တပ်မတော် ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းခဲ့ သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတစ်ဝန်းလုံးရှိ ရွေးကောက်ခံ နယ်မြေ ၄၉၈ နေရာတွင် ၁၆၇ယောက် ရွေးချယ်ခံရရုံမျှနှင့် နိုင်ငံတော်၏ အမြင့်ဆုံး ရာထူးဖြစ်သည့် သမ္မတ ရာထူးကို လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌကို လည်းကောင်း၊ ဒုတိယ သမ္မတများကို လည်းကောင်း စိတ်တိုင်းကျ ရွေးချယ်တင်မြှောက်ပြီး နိုင်ငံကို အုပ်ချုပ်သွားရုံသာ ရှိသည်။ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ နှင့် တိုင်းရင်းသားများ အနေဖြင့် တိုင်းပြည်၏ အဆုံးအဖြတ် ပေးနိုင်သော ရာထူးနေရာများသို့ ၀င်ရောက်ထမ်းရွက်ရန် အခွင့်အရေးမှာ နွေနေ့လယ်တွင် မက်သည့် အိပ်မက်တစ်ခုမျှသာ ဖြစ်နေခဲ့သည် သို့သော် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး စိတ်ကြိုက်ရေးသားခဲ့သော နိုင်ငံရေး ဇာတ်ညွှန်းသည် နှစ်ပေါင်း ၅၀ မတည်မြဲတော့ဘဲ ၅နှစ်ပင် မခံသည့် နိုင်ငံရေး အခြေအနေ တစ်ရပ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ အဖွဲ့နှင့် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အများစု ပါဝင်သော ကြံ့ခိုင်ရေး ပါတီအစုတို့သည် ယခုအခါ ဗိုလ်ချုပ်မှူးကြီး မမျှော်မှန်းခဲ့သည့် အကွဲ အပြဲ ဇာတ်လမ်းကို စတင်နေပြီဖြစ်သည်။ ယခုအခါ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ၉၉ရက်သာ လိုတော့သည့် အချိန်တွင် အာဏာရ ပါတီနှင့် တပ်မတော်ကြားတွင် လည်းကောင်း၊ အာဏာရပါတီ အတွင်း တွင် လည်းကောင်း သဘောထားများ ကွဲပြားလျက်ရှိသလို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသား ပါတီများကြားတွင်လည်း ထူထဲသိပ်သည်းသော မဟာမိတ် ဆက်ဆံရေး တည်ဆောက် မထားနိုင်ခဲ့ပေ။ ၂၀၁၀ ခုနှစ်က အပြတ်အသတ် အနိုင်ရရှိခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့သည် သက်ဆိုင်ရာ မဲဆန္ဒနယ်များရှိ တပ်မတော်သား မိသားစုများမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ ရုပ်သိမ်းရန် ကော်မရှင်သို့ စာရေးသား ပေးပို့ခဲ့သည့် အတွက် တပ်မတော်နှင့် ပါတီထိပ်တန်း ခေါင်းဆောင်များ အကြားတွင် စိတ်ဝမ်းကွဲပြားနေမှုများသည် ပို၍ထင်ရှားလာခဲ့သည်။ အထူးသဖြင့် သူရဦးရွှေမန်းသည် နေပြည်တော်မှ ၀င်ရောက်မပြိုင်တော့ဘဲ ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် မှတ်ပုံတင်သွင်းခဲ့သလို တပ်မတော် အစိုးရ လက်ထက်က ဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူ အငြိမ်းစား ဗိုလ်မှူးချုပ် သိန်းဇော်သည်လည်း ယခုရွေးကောက်ပွဲတွင် မြစ်ကြီးနားမှ မပြိုင်ဘဲ မိုးကောင်းမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရသည်။ လက်ရှိ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တစ်အုပ်စုတည်းဟု ထင်ကြေးပေးခံရသော နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယခုအချိန်ထိ ရွေးကောက်ပွဲဝင်ရန် အမည်စာရင်း မတင်သွင်းသလို ကြံ့ခိုင်ရေး ပါတီသို့ ပြန်မလာတော့ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။ အထူးသဖြင့် နိုင်ငံတော် သမ္မတ၏ သမ္မတရုံးဝန်ကြီး ၆ ဦးအနက် ဦးလှထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်တို့သည် ၂၀၁၀က အနိုင်ရရှိခဲ့သည့် ယခင် မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရှိရသော်လည်း နိုင်ငံတော် သမ္မတ၏ ဘယ်လက်ရုံး၊ ညာလက်ရုံးသဖွယ် နာမည်ကျော်ကြားခဲ့သော ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့သည် ကြံ့ခိုင်ရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်တော့မည် မဟုတ်ဘဲ တစ်သီးပုဂ္ဂလ အမတ်များ အဖြစ် ကယားပြည်နယ် ဒီမောဆိုးနှင့် ဘော်လခဲမြို့နယ်များတွင် ကယန်း လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် KNPP၏ ထောက်ခံမှုဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြားသိနေရသည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်က ရဲဘော်ရဲဘက်များသဖွယ် ကျောချင်းကပ်ခဲ့ကြသော အစိုးရနှင့် လွှတ်တော်သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတရုံး ၀န်ကြီးများ ခန့်ထားပြီးသည့်နောက်ပိုင်း ကက်ဘိနက် ကောင်စီပေါ်ပေါက်လာပြီးနောက် လွှတ်တော်၊ ပါတီနှင့် အစိုးရ အကြားတွင် နွေးထွေးသော ဆက်ဆံမှုများ ပျက်ပြားခဲ့ရသည်။ ယခင်က နိုင်ငံတော် သမ္မတ ခရီးစဉ်များ တွင် လွှတ်တော် ကိုယ်စားလှယ်များ၊ ပါတီခေါင်းဆောင်များအား ဖိတ်ခေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရအဖွဲ့က သီးခြားဆန်လာသည့် အတွက် ညီညွတ်ရေး ပျက်ခဲ့ရခြင်းဖြစ် သည်။ ထို့ကြောင့် သမ္မတအား အကြံပေးခဲ့သည့် သူများထဲမှ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ဦးစိုးသိန်း၏ စနက် ပါဝင်ခဲ့သည်ဆိုပြီး မိခင်ပါတီမှ မကျေမနပ် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်တိုင်း အတွင်းတွင် လက်ရှိဝန်ကြီးချုပ် ဦးမြင့်ဆွေသည် လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် မကြာသေးမီက တပ်မတော်မှ အနားယူခဲ့သည့် ဗိုလ်ချုပ်ကြီး လှဌေးဝင်းသည် အမျိုးသား လွှတ်တော်မှ လည်းကောင်း၊ စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်သည် ရန်ကုန်တိုင်း ဒေသကြီး ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၂)မှလည်းကောင်း၊ ရေတပ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် ကိုကိုးကျွန်းမှ လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ကြားသိထားရသည်။ အကယ်၍ ကြံ့ခိုင်ရေးပါတီမှ အများစု အနိုင်ရပါက ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရာထူး အတွက် လက်ရှိမြို့တော်ဝန် ဦးလှမြင့်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ၀င်းမြင့်တို့အား ပါတီမှ လျာထားထားပုံရကြောင်း အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးက ဆိုသည်။ မန်္တလေးတိုင်းတွင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးဇော်မြင့်ဖေက ပြည်ခိုင်ဖြိုးကပင် မန္တလေးတိုင်း အတွင်း နေရာအများစုကို အနိုင်ရဖွယ်ရှိကြောင်း ပြောဆိုခဲ့သော် လည်း မန္တလေးတိုင်း အတွင်းရှိ ပြည်သူ အများစုက သဘောတူခဲ့ခြင်း မရှိပေ။ သို့သော် လက်ရှိ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ မြို့တော်ဝန် ဦးအောင်မောင်းသည် မဟာအောင်မြေမြို့နယ် တိုင်းဒေသကြီးမှ လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားပြီး တပ်မတော်မှ လတ်တလော အငြိမ်းစားယူသည့် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းသည် မန္တလေးတိုင်း အတွင်းမှ ၀င်ရောက်ယှဉ်ပြိုင် အရွေးခံဖွယ်ရှိသည်။ တစ်ဖက်တွင် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီအကြား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက် ၍ သဘောထားများ ကွဲလွဲနေသည်ဟု ဆိုသော်လည်း ပါတီမှ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးများကို ယခုရွေးကောက်ပွဲ တွင် ပါတီအမတ်လောင်းများအဖြစ် လျာထားလျက်ရှိသည်။ ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးသည် စစ်ကိုင်းတိုင်း ဒေသကြီး ၀န်းသိုမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ရာ လာမည့်သက်တမ်း အတွက် ပြည်ခိုင်ဖြိုး ပါတီမှ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်အဖြစ် လျာထားပုံပေါ်နေသည်။ တနင်္သာရီတိုင်းတွင်လည်း ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ မြိတ်ကမ်းရိုးတန်း ဒေသ စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်မောင်ဌေး၊ မြိတ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် အငြိမ်းစား ဂျပန်သံအမတ်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးခင်မောင်တင်၊ လက်ရှိ တနင်္သာရီတိုင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးထင်အောင်ကျော်လည်း လာမည့် ရွေးကောက်ပွဲ အတွက် အမည်စာရင်းများ ပါဝင်လျက်ရှိသည်။ ပြည်ခိုင်ဖြိုးပါတီမှ ပူပူနွေးနွေး နုတ်ထွက်ခဲ့သော ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦးနှင့် ကယားပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးအချို့သည် တစ်သီးပုဂ္ဂလ အဖြစ်ဖြင့် ကယားပြည်နယ်တွင် ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြောဆိုထားရာ ကယားလူမျိုးများဖြစ်သည့် အတွက် အားကောင်းပြီး ထိုပြည်နယ်တွင် ပြည်ခိုင်ဖြိုးနှင့် NLDအတွက် ယခင် ရွေးကောက်ပွဲများကဲ့သို့ တောင်ပြိုကမ်းပြို အနိုင်ရရှိရန် မလွယ်ကူပေ။ ထို့ပြင် လူမျိုးရေး ပဋိပက္ခများနှင့် သဘာဝဘေးဒဏ်များ ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်တွင် ကြံ့ခိုင်ရေး ပါတီသည် လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လည်းကောင်း အနိုင်ရရှိရန် မလွယ်ကူပေ။ ရခိုင်ပြည်နယ်တွင် အားအကောင်းဆုံးဖြစ်သည့် ရခိုင် အမျိုးသား ပါတီကို ဦးဆောင်နေသည့် ဒေါက်တာအေးမောင်သည် “နှစ်ပေါင်း ၆၀အတွင်း ရခိုင် လူမျိုးများနှင့်သာ ပြည်နယ် အစိုးရအဖွဲ့ ဖွဲ့ရန်အတွက် ရွေးကောက်ပွဲတွင် အနိုင်ရရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း” ထုတ်ဖော် ပြောဆိုလိုက်ပြီဖြစ်သည်။ သူက ပြည်နယ်ဝန်ကြီးချုပ် ရာထူးအတွက် မာန်အောင်မြို့နယ်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံမည် ဖြစ်သလို နောက်ထပ် ခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဦးအေးသာအောင်သည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အဖြစ် မြေပုံနှင့် မင်းပြားမြို့နယ်များမှ ၀င်ရောက်အရွေးချယ်ခံမည် ဖြစ်သည်။ ရခိုင်ပြည်နယ် အတွက် လွှတ်တော်ကိုယ်စားလှယ် နေရာ ၆၃နေရာရှိနေရာ ရခိုင်အမျိုးသားပါတီက နေရာအားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်လျက်ရှိသည်။ ရခိုင်ပြည်နယ် နည်းတူ ရှမ်းပြည်နယ်တွင်လည်း ၁၉၉၀က ကိုယ်စားလှယ် ဒုတိယ အများဆုံးနိုင်ခဲ့သော SNLDအား လက်ရှိ ကြံ့ခိုင်ရေးနှင့် NLD အနေဖြင့် အနိုင်ရ ကျော်လွှားရန် လက်တွေ့အားဖြင့် အခက်အခဲ များစွာ ရှိနေသည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ တွင် မြန်မာနိုင်ငံသားတို့၏ ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိမည်ဟု ထင်ကြေးပေးခြင်း ခံထားရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တွင်လည်း ကိုယ်စားလှယ်ပေါင်း ၁၂၀၀နီးပါးအား ရရှိရန် လူ ၄၀၀၀ထဲမှ ခက်ခက်ခဲခဲ ရွေးချယ်နေရသည်။ တစ်ချိန်တည်းမှာပင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပြင်ဘက်မှ တတ်သိပညာရှင်များ၊ ပြည်သူလေးစားသောသူများ၊ ၈၈ ကျောင်းသားဟောင်းများကလည်း ပါတီမှ ၀င်ရောက် အရွေးချယ်ခံမည်ဟု ပြောကြားခဲ့သည့်အပေါ် ပါတီတွင်းမှ မကျေနပ်သူများပေါ်ထွက်ခဲ့သလို ခါတော်မီ အကြံပေး မီဒီယားသမား တစ်ချို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် စာရင်းတွင် ပြည်သူချစ်သောသူများ ကျန်ရစ်ခဲ့သည်။ စနေနေ့ညအထိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ စာရင်းတွင် အားလုံးမျှော်လင့်နေသည့် ဗဟန်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း၊ ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူ၊ NNERမှ ဒေါက်တာ သိန်းလွင်၊ ၈၈ပွင့်လင်းမှ ဦးကိုကိုကြီး၊ မမီးမီး၊ ကိုဇော်ဇော်မင်း၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ရွှေဝါရောင် တော်လှန်ရေး မျိုးဆက်မှ ဒီငြိမ်းလင်း၊ စည်သူမောင်တို့ ပါဝင်လာခြင်းမရှိသည်ကို ကြားသိရ သည်။ NLD အနေဖြင့် ၁၉၉၀ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ် နေရာပေါင်း ၄၈၅ နေရာအနက် ၃၉၂ နေရာ အနိုင်ရရှိခဲ့သည်။ တစ်ဖန် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ၄၅ နေရာအနက် ၄၃ နေရာ အနိုင် ရရှိခဲ့သည်။ ထို့ကြောင့် ပြည်သူလူထု၏ ထောက်ခံမှုမှာ သံသယ ဖြစ်ဖွယ်ရာ မရှိပေ။ ယခုကျင်းပမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု လွှတ်တော်၌ ကိုယ်စားလှယ်ပေါင်း ၆၆၄ နေရာအနက် တပ်မတော်မှ ၂၅ ရာခိုင်နှုန်းဖြစ်သည့် ၁၆၆ နေရာကို ရယူထားပြီးဖြစ်သည်။ ထို့ကြောင့် ၇၅ ရာခိုင်နှုန်းဖြစ်သည့် ၄၉၈နေရာ ယှဉ်ပြိုင်ရမည်ဖြစ်ကာ NLD အနေဖြင့် ၆၅ ရာခိုင်နှုန်းဖြစ်သော ၃၂၄ နေရာ အနိုင်ရရှိခဲ့လျှင် နိုင်ငံတော် သမ္မတနှင့် အရေးကြီးသော နေရာများ တွင်စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်သည်။ သို့သော် ထိုသို့အပြတ်အသတ် အနိုင်ရရှိရန်မှာ တိုင်းရင်းသား ဒေသများတွင်ပါ ဒေသခံ တိုင်းရင်းသား ပါတီများထက် ပိုမို အနိုင်ရရန် လိုအပ်လာသည်။ အကယ်၍ ၅၀ရာခိုင်နှုန်းအောက်သာ နိုင်ခဲ့ပါက NLD အနေဖြင့် ညွန့်ပေါင်း အစိုးရ တစ်ရပ်ကိုသာ မျှော်လင့်နိုင်သည်။ ထိုအချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖြစ်သော သူရဦးရွှေမန်းကလည်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် သူတို့ပါတီ အနေဖြင့် ၅၀ ရာခိုင်နှုန်းခန့် အနိုင်ရရှိမည်ဟု မျှော်မှန်းထားကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ယခုရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပါကလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတအဖြစ် ရွေးချယ်ရန် မဖြစ်နိုင်ပေ။ အကယ်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုး မတိမ်းမယိမ်း အနိုင်ရရှိပါက နဂိုခန့်မှန်းထားသော ဇာတ်ညွှန်းအတိုင်း တပ်မတော် နိုင်ငံရေး အင်အားစုကို အသာရရန် ညွန့်ပေါင်းအစိုးရသာ ဖြစ်လာဖွယ်ရှိပြီး တပ်မတော်၏ အခန်းကဏ္ဍကို နိုင်ငံရေး တွင် လျှော့ချလိုပါက အပေးအယူ အနေဖြင့် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းအား နိုင်ငံတော် သမ္မတရာထူးအတွက် သဘောတူညှိနှိုင်းပြီး ရွေးချယ်ပေးရမည် ဖြစ်သည်။ အကယ်၍သာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုး၏ အနိုင် ရရှိနိုင်သည့် လွှတ်တော်ကိုယ်စားလှယ် ဦးရေသည် နိုင်ငံတော် သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌများကို စိတ်ကြိုက် ရွေးချယ်နိုင်သည့် အရေအတွက်ကို ရခဲ့လျှင် တပ်မတော် အနေဖြင့် ယခုအစိုးရ သက်တမ်းတွင် ရင်ဆိုင်ခဲ့ရသော နိုင်ငံရေး အကျပ်အတည်းထက် ပိုမိုဆိုးရွားသော နိုင်ငံရေး စိန်ခေါ်မှုကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုခြင်း မရှိပါက ပြည်သူလူထု နှင့် တိုင်းရင်းသားများ၏ အမုန်းတရားကို ယခုထက် ပိုမိုရင်ဆိုင်ရဖွယ်ရှိသည့် အတွက် အနာဂတ် နိုင်ငံရေး၌ တပ်မတော်၏ ExitStrategyကို မည်သို့ရေးဆွဲမလဲ ဆိုသည်မှာ လက်ရှိ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များ၏ နိုင်ငံရေး အသိဥာဏ် အမျှော်အမြင်ပေါ်တွင် မူတည်လျက် ရှိနေပေတော့သည်။ လက်စောင်းထက် tomorrow -ဂျာနယ်

No comments:

Post a Comment