Tuesday, August 11, 2015

ကျွန်တော် နှုတ်ထွက်တော့မယ် ။

ကျွန်တော် နှုတ်ထွက်တော့မယ် ။ ကျွန်တော် အနားယူတော့ မယ် ။ နှုတ်ထွက်တော့မယ် ဆိုသော် လည်း ဒီ အတိုင်းကြီးတော့ ကျွန်တော် ပစ်သွား မှာ မဟုတ်ဘူး ။ ကျွန်တော်တို့ ကလေးတွေကို တိုင်းပြည်အုပ်ချုပ်တတ်အောင် ထိန်းသိမ်းတတ်အောင် သေချာစီစဉ်ပေးသွားမှာဖြစ်တယ် ------ စသည် ဖြင့် ပြောခဲ့ သော ဗိုလ်ချုပ်ကြီး နေ ဝင်း တို့သည် စစ်တက္ကသိုလ် အပတ်စဉ် တစ် ကို ကိုယ်တိုင် အားကြိုး မာန်တက် ဖွင့်လှစ် ကိုယ်တိုင် သင်တန်း ဆင်းပေး ခဲ့ ။ ဤသို့ သော ဗိုလ် ချုပ်ကြီး နေဝင်း တို့သည် 1959 မှသည် နောင် အနှစ် ၃၀ အကြာ မှာ ဗိုလ်ချုပ် ထွန်းကြည် ဗိုလ်ချုပ် ကျော်ဘ ဗိုလ်ချုပ် မြင့်အောင် ဗ်ုလ်ချပ် ဥာဏ်လင်း ဗိုလ်ချုပ် မောင်အေး စသော အနာဂါတ် ခေါင်းဆောင် များ စွာ ကို 1989 ခု နှစ် လောက် မှာ တိုင်းမှုးများ အဖြစ် သေသေချာချာ နေရာချ ပေး ခဲ့နိုင်သည် ။ ယခု ဆိုလျှင် ဦးသိန်းစိန် ဦးတင်အောင်မြင့်ဦး ဦးဥာဏ်ထွန်း တို့ ကဲ့သို့သော သမ္မတ များ ဦးရွှေမန်း ဦး တင်ထွတ် ဦး မောင်ဦး ဦး ဋ္ဌေးဦး ကဲ့သို့သော အမတ် များ လက်တွေ့ ကျရာ နေရာ မှ အလုပ် လုပ် နေကြပြီ ။ ထိုမှ တဖန် မင်းတို့လက်ထက် ဒါတွေ ဖြေရှင်းဖို့ လွယ်အောင် ငါတို့ သေချာ မှာထားခဲ့မယ် ငါ သေချာ ပြောထားခဲ့မယ် ဆိုလေ့ ရှိ သော ၁၉၈၈ မှ ဗိုလ်ချုပ်ကြီး စောမောင် တို့သည် ယခု နှစ်ပေါင်း ၂၀ ကျော်လာသော အခါ ဗိုလ်ချုပ် အေးဝင်း ဗိုလ်ချုပ် လူအေး ဗိုလ်ချုပ် အောင်စိုး ဗိုလ်ချုပ် ကိုကိုနိုင် ဗိုလ်ချုပ် မြင့်မော် ဗိုလ်ချုပ် မြင့်နွယ် ဗိုလ်ချုပ် တင်ထွန်းအေး ဗိုလ်ချုပ် တင်အောင်စန်း ဗိုလ်ချုပ် လွင်ဦး အစရှိသော ကက ကြည်း ၊ ကက ရေ ၊ ကက လေ ၊ ကက မ ၊ ကက သံ၊ ကက ဆက် ၊ ကက လုံ၊ ကက ဆေး ၊ ကက ထိန်း ၊ ကက အင်၊ ကက ယာ၊ ကက ပံ့ ၊ ကက နက် ၊ ကက ဝယ် ၊ ကက ငွေ၊ ကက ပြန်၊ ကက နယ် ၊ ကက တမ်း၊ ကက ပြည် စသော ဋ္ဌာန အလိုက် ညွှန်မှုး၊ ညွှန်ချုပ် များ နေရာ ချ ထား ပေး ခဲ့ပြီ။ ထို မှ တိုင်း မှုး များ ၊ စစ်တက္ကသိုလ် စစ်ကျောင်းအုပ်ကြီး များ အဖြစ် စစ်ဦးစီး အရာရှိချုပ် ကြည်း၊ ရေ၊ လေ ၊ ဒု စစ်ရေးချုပ် ၊ ဒု စစ်ထောက်ချုပ် ၊ ဒု လေ့ကျင့်ရေး အရာရှိချုပ် စသော နေရာ ဋ္ဌာန များ သို့ ဗိုလ် ချုပ် ၅ ဒါ ဇင် ခန့် အဆင်သင့် လေ့ ကျက် ပေးထား နိုင်ခဲ့ပြီ ။ နိုင်ငံရေးသမား တို့ ပတ်ဝန်းကျင်မှာ ယခုဖော်ပြပါ အရာရှိ များ ထက် အဆပေါင်း များစွာ သာလွန် ထက်မြက် လေ့ကျက်ထားပြီး သူ များ မည် မျှ ရှိနေ ပါသနည်း ။ စစ်သားတွေ ဟာ အ ရပ် သား အုပ်ချုပ် မှု အောက်မှာ နေရမည် ဆိုသူ များ ကို မေးချင်သည် မှာ မည်သည့် ရွာ၊ ရပ်ကွက် ၊ မြို့နယ်၊ ခရိုင် ၊ တိုင်း၊ ပြည်နယ် ကို အုပ်ချုပ် ဖူးသော အတွေ့  အကြုံ မည် မျှ ရှိထား ကြ ပါ သနည်း ။ ကောင်းကောင်း မကောင်းကောင်း ဒီလူ ထက် တွေ မသာ လျှင်တော့ ဖြင့် စိတ်ကူး မယဉ် ကြစေလိုပါ ။ သံအမတ် များ ၊ စစ်သံမှုးများ ကျန်ပါသေးသည် ။ ယနေ့ လက်ရှိ ညွှန်ချုပ် များ တစ်ရာကျော် ဒု ဝန်ကြီး ၉၀ ကျော် ၊ ဝန်ကြီး ၃၀ ကျော် ရှိ ပါသည် ။ ထိုလူများ ထက် သာလွန်သော ပိုမိုကောင်းမွန်အောင် စီမံခန့်ခွဲ နိုင်သူ များ ရှိ သည် ဆိုလျှင် ယခု ကတည်း က ပွဲထုတ် ထား ကြ သင့် ပါ ပြီ ။ ၂၀၁၅ အငြိမ်းစား ယူ မည့် ပါမောက္ခ များ၊ ပါချုပ် များ၊ ဗိုလ်ချုပ်များ၊ ဒု ဗိုလ်ချုပ်ကြီး များ စွာ တန်းစီ နေပါသည် ။

No comments:

Post a Comment