Sunday, August 16, 2015

စစ်မှန်သော ဒီမိုကရေစီ လိုလားသူ မြန်မာ့သမိုင်းကြောင်းလေးတွေကိုအခုလူ ငယ်တွေသိကြစေဖို့တင်ပြပေးရခြင်းပါ

စစ်မှန်သော ဒီမိုကရေစီ လိုလားသူ မြန်မာ့သမိုင်းကြောင်းလေးတွေကိုအခုလူ
ငယ်တွေသိကြစေဖို့တင်ပြပေးရခြင်းပါ
နိုင်ငံရေးကိုစိတ်ဝင်းစားသောလူငယ်များ
မြန်မာ့နိုင်ငံရေးကိုသုံးသပ်တတ်ကြစေဖို့
ရည်ရွယ်ပါသည်
စာရှည်သော်လည်းကျိုးစားဖတ်ကြစေလိုပါသည်

တချိန်ကဖ ဆ ပ လအကွဲအပြဲ
********----*****-*----

၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ၂၉ ရက်နေ့မှ
ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ
ကမ္ဘာအေး ကုန်းမြေတွင် ပြုလုပ်ခဲ့သော
တတိယအကြိမ်မြောက် ပြည်လုံးကျွတ်
ဖဆပလညီလာခံကြီး၌ ဝန်ကြီးချုပ်ဦးနုက
ဖဆပလအထွေ ထွေ အတွင်း ရေးမှူးအဖြစ်
သခင်ကျော်ထွန်းကို ခန့်အပ်လိုပြီး
ဦးကျော်ငြိမ်းတို့အုပ်စုက
ဦးဗဆွေကိုခန့်ထားရန် အားပြိုင်ခဲ့ကြ သည်။

ဦးနုက မိမိအား ဝန်ကြီးချုပ်အဖြစ်မှ
ဖယ်ရှားရေး အစီအစဉ်ကို
အချိန်မီသတိပေးခဲ့သော သခင်ကျော်
ထွန်းအား အထွေထွေအတွင်းရေးမှူးအဖြစ်
မလွဲမသွေခန့်ထားရန် အတင်းအကျပ်
တောင်းဆိုခဲ့သည်။

ယင်းသို့ အထွေထွေအတွင်းရေးမှူး
ရွေးချယ်ခန့်ထားရေးကိစ္စကို
စေ့စပ်ဆွေးနွေး၍ မရသဖြင့် ညီလာခံ၌
အကွဲအပြဲများ ထွက်ပေါ်လာခဲ့သည်။…

ထိုအချိန်တွင် ရန်ကုန်တက္ကသိုလ်နှင့်
အင်းစိန်နယ်မြေများ၌ ရာဇဝတ်မှုများ
အံ့မခန်းများပြားစွာဖြစ်ပေါ် နေခဲ့ သည်။

ရန်ကုန်နှင့်အင်းစိန်နယ်မြေများတွင်
နေ့စဉ်နေ့တိုင်း
လူသတ်မှုနှင့်ပြန်ပေးဆွဲမှုများ ဖြစ်ပွား
နေခြင်း ကြောင့် သတင်းစာများက
ယင်းကဲ့သို့ ရာဇဝတ်မှုများ
ထူပြောနေသည့်အတွက်
အစိုးရအားပြင်းထန်စွာပြစ်တင် ဝေဖန်ခဲ့ကြ
သည်။

ရန်ကုန်မြို့လယ်ကောင်၌ပင်အသက်နှင့်
ပစ္စည်းလုံခြုံမှု မရှိသည်အထိ
တရားဥပဒေစိုးမိုး ရေးနှင့် ငြိမ်ဝပ်ပိပြားရေး
ယိမ်းယိုင်နေခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည် မိမိဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်သော
အမျိုးသားလုံခြုံရေးကောင်စီ
အစည်းအဝေးတစ် ရပ် ခေါ်ယူ၍
ရာဇဝတ်မှုနှင့် ပတ်သက်၍ သင်္ကာမကင်း
ဖြစ်သူတို့ကို မည်သည့်ပါတီဝင်များပင်ဖြစ်
စေကာမူ ဖမ်းဆီး ရန် အမိန့်ပေးခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး
သခင်သာခင်၏ လက်အောက်ရှိ
ပြည်ထဲရေးဝန်ကြီးဌာန သည်
စာရင်းပြုစုရန်တာဝန်ယူရသည်။

ပြည်ထဲရေးဝန်ကြီး သခင်သာခင်သည်
ဦးကျော်ငြိမ်း၏ လက်ထောက် တစ်ဦးဖြစ်
ပြီး အမျိုးသားလုံခြုံရေးကောင်စီ၏
ဆုံးဖြတ်ချက်များကို
အကောင်အထည်ဖော်ရန် တာဝန်ယူရသော
လုံခြုံရေးကော်မတီ၏ ဥက္ကဋ္ဌလည်း
ဖြစ်သည်။

မတ်လကုန်ခါနီးတွင် မသင်္ကာသူတို့ကို
အစုလိုက်အပြုံလိုက်ဖမ်း ဆီးသောအခါ
ထိန်းသိမ်းခံခဲ့ရသူတို့အနက်
ဦးကျော်ငြိမ်း၏လူ ၆ဦးသာပါဝင်ပြီး
သခင်ကျော်ထွန်း ၏ နောက်လိုက်များ
ဖြစ်ကြသော ဗ.တ.လ.စ
ခေါင်းဆောင်များနှင့်
အမတ်များပင်ပါဝင်သည့် ပုဂ္ဂိုလ်ပေါင်း
၂ဝဝကျော် အဖမ်းခံခဲ့ရသည်။

ထိုသို့သော ဖြစ်ရပ်ကို မကျေနပ်သော
သခင်တင်နှင့် သခင်ကျော်ထွန်းတို့က
ယင်းကိစ္စသည် မတရားကြောင်း
ဦးနုအား ကန့်ကွက်ပြောဆိုခဲ့ကြသည်။

ထိုကြောင့် ဦးနုသည် အကျပ်အတည်းနှင့်
ကြုံတွေ့ခဲ့ရသည်။

ဦးနုသည် ဦးကျော်ငြိမ်းနှင့်
ပြိုင်ဘက်ဖြစ်နေသော ကြောင့်
ဦးကျော်ငြိမ်း၏ ထောက်ခံမှုကို လုံးဝမရရှိ
တော့ပေ။

ဦးဗဆွေအား မိတ်ဆွေတစ်ဦး အဖြစ်
အားကိုးရန် အခြေအနေမပေးတော့ပေ။

မိမိ၏ကယ်တင်ရှင်ဟူ၍ ယုံကြည်ခဲ့သော
သခင်တင်နှင့် သခင်ကျော်ထွန်းအုပ် စု၏
မကျေမနပ် ကန့်ကွက်မှုကိုလည်း
ရင်ဆိုင်နေခဲ့ရသည်။

နောက်ဆုံးတွင် ဦးနုသည် ဖွတ်မရ
ဓားမဆုံးအဖြစ် မခံ တော့ဘဲ သခင်တင်
နှင့် သခင်ကျော်ထွန်းအုပ်စု၌
ပါဝင်ရပ်တည်ရန် ဆုံးဖြတ်ခဲ့သောကြောင့်
နု-တင်နှင့် ဆွေ-ငြိမ်းဟူသော ဖဆပလ
အဖွဲ့ကြီး၂ ခြမ်းကွဲခဲ့သည်။

ဦးနုနှင့် သခင်တင်(နု-တင်)အုပ်စုသည်
သန့်ရှင်းဖဆပလ အဖွဲ့ကို
တည်ထောင်ခဲ့သည်။

ဦးဗဆွေနှင့် ဦးကျော်ငြိမ်း(ဆွေ-ငြိမ်း)
အုပ်စုသည်တည်မြဲ ဖဆပလအဖွဲ့ကို
တည် ထောင်ခဲ့သည်။

သန့်ရှင်း ဖဆပလအဖွဲ့ (နု-တင်)က
မိမိတို့၏အဖွဲ့အတွင်း၌ လူညစ်များ
ပါဝင်ခြင်းမရှိသည်ကို ရည်ညွှန်းလျက်
သန့်ရှင်းအဖွဲ့ဟု ခေါ်ဆိုခဲ့ကြောင်း
ရှင်းလင်းတင်ပြခဲ့သည်။

၁၉၅၈ ခုနှစ်၊ မေလ ၃ ရက်နေ့တွင်
ဖဆပလအဖွဲ့ကြီး၏ အလုပ်အမှုဆောင်
အစည်းအဝေးကို နောက်ဆုံး
အကြိမ်ကျင်းပ၍ ခွဲထွက်ရေးကိစ္စများကို
ဆုံးဖြတ်ခဲ့သည်။

ဦးနု၊ သခင်တင်၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း
တို့ ပါဝင် သော ၄ဦးကော်မတီကို ဖွဲ့စည်းပြီး
ငြိမ်းချမ်းစွာ ခွဲထွက်ရေးနှင့် ဖဆပလအဖွဲ့
ပိုင်ပစ္စည်းများကို အညီအမျှခွဲဝေ
ယူကြရန်အတွက် ဆုံးဖြတ်ခဲ့ကြသည်။

မေလ၅ ရက်နေ့တွင် အထူးအရေးပေါ်
ပြည်သူ့လွှတ်တော်ကို ဇွန်လ ၅ ရက်
နေ့၌ ကျင်းပရန် ဆုံးဖြတ်ကြေညာခဲ့သည်။

ယင်းသို့လမ်းခွဲရန် ဆုံးဖြတ်ပြီးချိန်နှင့်
ပြည်သူ့လွှတ်တော် ပါလီ မန်၌
အားစမ်းပွဲမပြုလုပ်မီ အချိန်ကာလ
တိုအတွင်းမှာပင် အုပ်စုကြီး ၂ စုသည်
တစ်ဖက်နှင့်တစ်ဖက် အာဃာ တရန်ငြိုး
များ ဖြင့်စွပ်စွဲပုတ်ခတ်မှုများပြုလုပ်ခဲ့ကြ
သည်။

တစ်ယောက်နှင့် တစ်ယောက်
လာဘ်ပေး လာဘ်ယူမှု၊ ငါ့တူငါ့သား
ငါ့မယား ကောင်းစားအောင်ဆောင်ရွက်မှု၊
မျက်နှာလိုက်မှု၊ အာဏာမက်မှု၊
ပြန်ပေးဆွဲမှုနှင့် လူသတ်မှုများတွင်
ပါဝင်ပတ်သက်ခဲ့မှု၊ ကြာခိုမှုများတွင် ပါဝင်
ပတ်သက်ခဲ့ကြောင်း အပြန်အလှန်
စွပ်စွဲမှုများပြုလုပ်ခဲ့ကြသောကြောင့် အုပ်စု
၂စုလုံးရှိ ခေါင်းဆောင်များ၏
ဂုဏ်သိက္ခာများ ထိပါးခဲ့ကြသည်။

ထိပ်ပိုင်းခေါင်းဆောင်ကြီးများသည်လည်း
စွပ်စွဲခံရခြင်း ကင်းလွတ်မှု မရှိခဲ့ပေ။

အထူးအရေးပေါ် ပါလီမန်အစည်း
အဝေးကြီး ကျင်းပရန်
နီးကပ်လာသည်နှင့်အမျှ အုပ်စုကြီး
၂စုသည် မိမိတို့ အားထောက်ခံမည့်
အမတ်များကို နည်းမျိုးစုံဖြင့်မက်လုံးပေး၍
စည်းရုံးခဲ့ကြသည်။

ထိုကြောင့် သာမန်လွှတ်
တော်အမတ်တစ်ဦး၏
တန်ဖိုးသည်ထိုအချိန်က
အလွန်တန်ဖိုးကြီးမားများပြားခဲ့သည်။

အဖွဲ့ဝင် ၃ဝပါဝင်သော ဝန်ကြီးအဖွဲ့တွင်
အုပ်စုကြီး ၂စုသည် တစ်ဖက်တွင် ၁၅
ဦးစီဖြင့် အားချင်းပြိုင်ညီမျှ၍ ရှိနေခဲ့သည်။

ပါလီမန်အစည်းအဝေး စတင်မည့်
ဇွန်လ ၅ ရက်နေ့ မတိုင်မီ တစ်ရက်အလို
ဇွန်လ ၄ ရက်နေ့တွင် ဆွေ-ငြိမ်း အုပ်စုဝင်
ဝန်ကြီး ၁၅ဦးစလုံးသည် ရာထူးမှ
နုတ်ထွက်ခဲ့ကြသည်။

ပါလီမန်အစည်းအဝေး ကျင်းပသည့်
ပထမ နေ့ဖြစ်ေ သာ ဇွန်လ ၅ရက်နေ့တွင်
ပါလီမန်အဆောက်အအုံ တည်ရှိသော
အတွင်းဝန်များရုံးသို့ ပြိုင်ဘက် အုပ်စု ၂စု
အမတ်များ တစ်ဦးနှင့်တစ်ဦး
ရယ်ရယ်မောမော ရွှင်ရွှင်ပြုံးပြုံးဖြင့်
တစ်ယောက်ကို တစ်ယောက် ပြက်
လုံးများ ထုတ်၍နေကြသည်မှာ
ယင်းပုဂ္ဂိုလ်များသည် လွန်ခဲ့သော
နာရီပိုင်းအတွင်း၌ တစ်ဦးကိုတစ်ဦး
အပုပ် ချ၊ ဝေဖန် သော
လက်ကမ်းကြော်ငြာစာများ ပိုစတာများ
နှင့် ရေဒီယိုမှ အမနာပပြစ်တင်မှုများ ကို
ဆောင်ရွက်ခဲ့ ကြသူများ ဖြစ်သည်
ဟုပြောပြလျှင် ယုံနိုင်ဖွယ်ရာရှိမည်
မဟုတ်ပေ။

ပါလီမန် အစည်းအဝေးကို နံနက် ၁ဝးဝဝ
နာရီ၌ စတင်ကျင်းပခဲ့ပြီး ဦးဗဆွေ
(အတိုက်အခံအုပ်စု၏ ခေါင်း ဆောင်) က
(နု-တင်)အစိုးရအပေါ် အယုံအကြည်မရှိ
အဆိုတင်သွင်းခွင့်ပြုရန် ဥက္ကဋ္ဌထံခွင့်ပြုချက်
တောင်းခဲ့ သည်။

ပါလီမန်ဥက္ကဋ္ဌက အဆိုကိုခွင့်ပြုပြီး
မဲခွဲအဆုံးဖြတ် ရယူရန် ဇွန်လ ၉ ရက်ကို
သတ်မှတ်ပေးခဲ့သည်။

အစိုးရအား အယုံအကြည်မရှိ အဆိုတင်
သွင်းခြင်းနှင့် မဲခွဲဆုံးဖြတ်ရေးတို့ အတွက်
မူလက ရက်သတ်မှတ်ထား သည့် အတိုင်း
ပါလီမန်အစည်းအဝေးကြီးကို ဇူလိုင်
၉ရက်နေ့၌ကျင်းပခဲ့သည်။

ပါလီမန် လွှတ်တော်သို့ အချိန် စော ၍
ရောက်ရှိလာသူများအနက်
ဦးနုလည်းပါဝင်သည်။

ဦးနုသည် အဝါ ရောင်ခေါင်းပေါင်းကို
ပေါင်းကာ မိမိ ကိုယ်ကိုယ်
မိမိယုံကြည်သော
အပြုံးနှင့်ရောက်ရှိလာသည်။

ဦးနု၏ရဲဘော်များသည်လည်း အဝါရောင်
ခေါင်း ပေါင်း များ ပေါင်းလာကြသည်။

ပမညတအဖွဲ့ဝင် ၄၅ဦးသည်
ငြိမ်းချမ်းရေးအရောင်ဖြစ်သော မိုးပြာရောင်
ခေါင်းပေါင်း များကို လည်းကောင်း၊ ဆွေ
-ငြိမ်းအုပ်စုသည် ပန်းရောင်
ခေါင်းပေါင်းများကို လည်းကောင်း ပေါင်း
ထားကြသည်။

ဦးဗဆွေသည် ပါလီမန်အစည်းအဝေး
စခါနီးအချိန်၌ ရောက်ရှိလာရာ
သူ၏ရောင်းရင်းများက လတ်ခုပ်တီး
၍ကြို ဆိုကြသည်။

ဒေါက်တာဧမောင်
ရောက်ရှိလာသောအခါတွင်လည်း
ပမညတများက သြဘာပေးခဲ့ ကြသည်။

အဆုံးအဖြတ်ရယူ မည့်နေ့တွင် အပြုံးများ
လက်ခုပ်သံများဖြင့် စတင်ခဲ့သည်။

ထိုနောက် လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်မှူးအောင်
ရောက်ရှိလာသည်။

ဦးဗဆွေက အယုံအကြည်မရှိ အဆိုကို
တင်သွင်းရာ ဗိုလ်ခင်မောင်ကလေး၊
ဦးကျော်ငြိမ်း၊ ဦးဇံ ထားဆင်၊ သခင်စံမြင့်၊
ဦးခင်မောင်လတ် စသော ဆွေ
-ငြိမ်းအုပ်စု၏ အထင်ကရ ပုဂ္ဂိုလ်များ က
ထောက်ခံခဲ့ကြသည်။

အယုံအကြည်မရှိ အဆိုကို
ကန့်ကွက်ကြသူများမှာ ဦးဘိုးမှုံ(ရှမ်း)၊
ဦးဘညိန် (ပမည တ)၊ ဒူးဝါးဇော်ရစ်
(ကချင်) သခင်တင်နှင့် ဦးနုတို့ဖြစ်ကြသည်။

ဦးဗဆွေက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌက မဲပေးရသည့် လုပ်ထုံးလုပ်နည်းများကို ကြေညာ သည်။

နောက်ဆုံးတွင် မဲရရှိမှုအခြေအနေကို ကြေညာရာတွင် အစိုးရအား အယုံအကြည်မရှိ အဆိုကိုထောက်ခံမဲ
၁၁၉ မဲ၊ ကန့် ကွက်မဲ၁၂၇ မဲဖြင့် နု-တင်
အုပ်စုက ၈မဲ အသာဖြင့် နှာတစ်ဖျားကပ်၍
အနိုင်ရရှိ သွားခဲ့သည်။

ဦးဗဆွေ နှင့် ဦးကျော်ငြိမ်းတို့သည်
ဦးနုနှင့်သခင်တင်တို့အား သွား
ရောက်နှုတ်ဆက်ကြသည်။

အုပ်စု ၂ခုသည် ကိုယ့် လမ်း
ကိုယ်လျှောက်ရန် ငြိမ်းချမ်းစွာ
ခွဲထွက်သွားကြသည်။

ပါလီမန် အတွင်း၌ လည်းကောင်း၊
ပြင်ပ၌လည်း ကောင်း မဖွယ်မရာဖြစ်ရပ်
တစ်စုံတစ်ခုမျှ ဖြစ်ပွားခြင်း မရှိခဲ့ပေ။

ဦးနုနှင့်သခင်တင် (နု-တင်)၏
သန့်ရှင်းဖဆပလအဖွဲ့သည် ပါလီမန်တွင်
အနိုင်ရရှိပြီးနောက် ဇွန်လ ၉ ရက် နေ့မှာပင်
နု-တင် သန့်ရှင်းအစိုးရတက်
လာချိန်မှစတင် ပြီး
နိုင်ငံရေးအာဃာတရန်ငြိုးထား ညှဉ်း
ပန်းနှိပ်စက် မှုများကို
စတင်လုပ်ဆောင်ခဲ့သည်။

ပြောင်းရွှေရေးကိစ္စများတွင် ဆွေ-ငြိမ်း
အုပ်စုဝင် ဝန်ကြီးများ၊ အတွင်းဝန် များ၊
အပါးတော်မြဲများကို နေထိုင်ရာ အစိုးရ
အဆောက်အအုံများမှ တစ်ရက်နှစ်ရက်
အတွင်း ဖယ်ရှားပေးရန် အမိန့်ထုတ်ပြန်ခဲ့
သည်။

တယ်လီဖုန်းများကိုလည်း ဆွေ-ငြိမ်း
အုပ်စုဝင်များ၏ နေအိမ်များမှချက်ချင်း
ဖြုတ်သိမ်း ခဲ့သည်။

ဖဆပလ အဖွဲ့ချုပ်ကြီး အကွဲအပြဲမဖြစ်မီက
နိုင်ငံရေးသမားများအား
အစိုးရဘုတ်အဖွဲ့များ၊ ကောင်စီ များနှင့်
ကော်မတီများ၌ နိုင်ငံရေးဆုလာဘ်အဖြစ်
ချီးမြှင့်လေ့ရှိခဲ့သည်။

နု-တင် အစိုးရ အာဏာရလာသော
အခါတွင် ယင်းနေရာများရှိ ဆွေ- ငြိမ်း
အုပ်စုဝင် ပုဂ္ဂိုလ်များကို နု-တင်
အုပ်စုဝင်ပုဂ္ဂိုလ်များနှင့် အစားထိုးဖယ်ရှားခဲ့
သည်။

နု-တင် သန့်ရှင်း အစိုးရ၏
ပြန်ကြားရေးဝန်ကြီးက တစ်နိုင်ငံလုံးရှိ
အစိုးရ စာကြည့်တိုက်များအား မဏ္ဍိုင်နေ့စဉ်
သတင်စာကို လပေးဝယ်ယူခြင်း
မပြုရန်အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းမဏ္ဍိုင်သတင်းစာသည်
တစ်ချိန်သော အခါက ဖဆပလအဖွဲ့ကြီး၏
တရားဝင်အာဘော် သတင်းစာဖြစ်ခဲ့ပြီး
အကွဲအပြဲဖြစ်ပေါ်လာချိန် တွင် ဆွေ-ငြိမ်း
အုပ်စုထိန်းချုပ်မှုအောက်သို့
ရောက်ရှိခဲ့သည်။

နောက်ဆုံးတွင် မဏ္ဍိုင် သတင်းစာသည်
တားမြစ် ပိတ် ပင်ခြင်းကို ခံခဲ့ရသည်။

နု-တင်နှင့်ဆွေ-ငြိမ်း အုပ်စုကွဲနေသော
ပြည်နယ်ခေါင်းဆောင်များ အတွင်း၌
လည်း အာဃာတထားမှု၊ ဖိနှိပ်ချုပ် ချယ်
ညှဉ်ပန်းမှုများရှိခဲ့သည်။

ပြည်နယ်ဝန်ကြီးများခန့်ထားရာတွင်
အာဏာလက်ရှိဖြစ်သော
နု-တင် အုပ်စု၏ ပြည်နယ်အကြီး
အကဲများက ဆွေ-ငြိမ်း
အုပ်စုမှဝန်ကြီးများကို
ရာထူးမှဖယ်ရှားပစ်ခဲ့ကြသည်။

ကချင်ပြည်နယ်၌
ဆွေ-ငြိမ်း အုပ်စုဝင်
ဝန်ကြီး ၃ဦးကို ရာထူးမှ
ဖယ်ရှားခံခဲ့ဋ္ဋရုံမျှ
သာမကပြည်နယ်အတွင်း ဝန်ဖြစ်သူ
အစိုးရအရာရှိကြီး တစ်ဦးအားလည်း
ပြည်နယ်ဝန်ကြီးဟောင်း
တစ်ဦးအားဌာနဆိုင် ရာ
မော်တော်ကားအသုံးပြုခွင့်
ပေးခဲ့သည့်အတွက် ရာထူးမှ
ထုတ်ပယ်ခဲ့သည်။

နု-တင် သန့်ရှင်း အစိုးရ၏
နိုင်ငံရေးအာဃာတ
ရန်ငြိုးထားဆောင်ရွက်ခဲ့မှု အများဆုံး
ပြုလုပ်ခဲ့မှုများကို အလုပ် သမားသမဂ္ဂများ
၌ အထင်အရှားတွေ့နိုင်သည်။

ဆွေ-ငြိမ်း အဖွဲ့ခေါင်းဆောင် ဦးဗဆွေ
ဥက္ကဋ္ဌဖြစ်ဆောင် ရွက် နေသော
တီယူစီဘီအဖွဲ့သည် ဖဆပလ
နှစ်ခြမ်းကွဲပြီးနောက် ဆွေ-ငြိမ်းအုပ်စု၌ ဆက်လက်ရှိနေခဲ့သည်။

သခင် တင်(နု-တင်)အစိုးရ ဥက္ကဋ္ဌအဖြစ်
ဆောင်ရွက်သော မတလစအဖွဲ့သည်
နု-တင် အစိုးရဘက်၌ ရှိနေခဲ့သည်။

ထို့ ကြောင့် မူလတီယူစီဘီအဖွဲ့၏
အလုပ်အမှုဆောင်များ ဖြစ်ခဲ့ကြသော
နု-တင် အုပ်စု၏ အမာခံဗိုလ်မင်းခေါင်နှင့်
ဦးသွင်တို့သည်
ယူအယ်လ်အိုခေါ်အဖွဲ့သစ်ကို
အမြန်ဆုံးဖွဲ့စည်း၍
ဦးဗဆွေလက်အောက်၌ရှိသော
တီယူစီဘီ အဖွဲ့၏ အင်အားပြိုကွဲစေရန်
ဆောင်ရွက်ခဲ့သည်။

နု-တင်အုပ်စု ခေါင်းဆောင်
တစ်ဦးဖြစ်သော ဗိုလ်မင်းခေါင် သည်
ယူအယ်လ်အိုအဖွဲ့ကြီး၏
ဥက္ကဋ္ဌဖြစ်သည့်အပြင် နု-တင် အစိုးရ၏
ပြည်ထဲရေး နှင့်ပို့ဆောင် ဆက်သွယ်
ရေးဝန်ကြီး ဌာနများ၏ဝန်ကြီးအဖြစ်
တာဝန်ယူထားသူ ဖြစ်သည်။

နု-တင် အစိုးရ၏ ပြည်ထဲရေးနှင့်
ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးလည်း
ဖြစ်သော ယူအယ်လ်အို အဖွဲ့ကြီး၏
ဥက္ကဋ္ဌ လည်းဖြစ်သော ဗိုလ်မင်းခေါင်
သည် ဆွေ- ငြိမ်းအဖွဲ့ဝင်
တီယူစီဘီအဖွဲ့ကြီးနှင့် ဆက်သွယ်မှုရှိ
သော ရန်ကုန်ဆိပ်ကမ်း
အလုပ်သမားသမဝါယမအဖွဲ့ သမဂ္ဂကြီး
နှင့် အင်းစိန် မီးရထား အလုပ်သမားသမဂ္ဂ

(မြန်မာ နိုင်ငံလုံးဆိုင်ရာ မီးရထားအလုပ်သမား ဖက်ဒရေးရှင်း)
ဝင် ရန်ကုန်ဆိပ်ကမ်း

အလုပ်သမားများနှင့်အင်းစိန် မီးရထား
ဝင်း အလုပ်သမားများကို ပြင်းထန်စွာ
နှိမ်နင်းဖိနှိပ်ချုပ်ချယ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ
အလုပ်သမားဖက်ဒရေးရှင်း၏
ဒုတိယဥက္ကဋ္ဌနှင့် အင်းစိန် မီးရထား
အလုပ်သမားသမဂ္ဂ ၏ ဥက္ကဋ္ဌဖြစ်
သူဦးကျော်စိန်အားဖမ်းဆီးခဲ့သည်။

ဝန်ကြီးချုပ်ဦးနုသည်
ယင်းသို့အလုပ်သမားများ အကြား၊
အုပ်စုတိုက်ပွဲများအကြား
သွေးထွက်သံယိုမှုနှင့်
သေဆုံးမှုများဖြစ်ပေါ်ခဲ့မှုကို စိတ်မချမ်း
မမြေ့ ဖြစ်ခဲ့ရသော ကြောင့်
မီးရထားအလုပ်သမား
ဖက်ဒရေးရှင်းခေါင်းဆောင်
ဦးကျော်စိန်အား ၁၉၅၈ခုနှစ်၊
စက်တင်ဘာလ ၂၅ ရက်နေ့တွင်
ပြန်လွှတ်ပေးရန် အမိန့်ချပေးခဲ့သည်။

ယင်းသမိုင်း ဖြစ်ရပ်များအရ ဦးနုသည်
နိုင်ငံရေးသမားများ အားလုံးအနက်
အသန့်ရှင်းဆုံးဖြစ်ကြောင်း ထုတ်
ဖော်ပြသလိုခဲ့သော်လည်း
သူ၏ရောင်းရင်းများသည် သူကဲ့သို့
သန့်ရှင်းသူဖြစ်မလာခဲ့ခြင်းကိုမူ
အလေးဂရုပြု ခြင်းမရှိခဲ့ပေ။

ဦးနု၏ နိုင်ငံရးသက် တမ်းတစ်လျှောက်
တွင် ပြုလုပ်ခဲ့သော
အကြီးဆုံးအမှားတစ်ရပ်မှာဖဆပလ
အကွဲ အပြဲတွင် ဘက်လိုက်ရန်
ဆုံးဖြတ်ခဲ့ခြင်းဖြစ် သည်။

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင်
အခိုင်မာဆုံးသော အမျိုးသားရေးအဖွဲ့
အစည်းကြီးဖြစ်သည့် ဖဆပလ
အဖွဲ့ကြီးပြို ကွဲကျဆုံးခဲ့ရခြင်းသည်
နိုင်ငံတော်အာဏာကို နှစ်ပေါင်းရှည်ကြာ
စွာ ချုပ်ကိုင်ခဲ့ကြသော လုပ်ဖော်
ကိုင်ဖက်များအကြား
အာဏာယစ်မူးလာခြင်း၊
အခြောက်တိုက်ဘဝင်မြင့်ခြင်း၊ အာဏာကိုအလွဲသုံးစားပြုခြင်း၊
ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှုများ၊
မနာလိုဝန်တိုမှုများ၊ မယုံသင်္ကာဖြစ်မှုများ
အာဃာတရန် ငြိုးထား၍ ဖိနှိပ်ညှဉ်းပန်းချုပ်
ချယ်မှုများ
ပုဂ္ဂိုလ်ရေးရာရန်ငြိုးထားမှုများကြောင့်
ဝါးအစည်းပြောသကဲ့သို့ စည်းရုံးမှုပြိုကွဲကာ
နောက်ဆုံးတွင် အုပ်ချုပ်ရေးအာဏာကို
ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခြင်း
မဟုတ်သော ပြည်သူ့လွှတ်တော် အမတ်
မဟုတ်သူတစ်ဦးအား အိမ်စောင့်အစိုးရကို
ဦးဆောင်နိုင်ရေးအတွက် တင်မြှောက်ခဲ့
ခြင်းသည် မြန်မာ့သမိုင်း၌ ပထမဆုံးအကြိမ်
ဖြစ်ခဲ့သည်။

ဤသို့သော မကြုံစဖူးသောဖြစ်ရပ်များ
အာဏာရပါတီဖြစ်သော ဖဆပလ၏
အကွဲအပြဲကြောင့် ဖြစ်သည်။

ဖဆ ပလ ခေါင်းဆောင်များသည်
နှစ်ပေါင်းရှည်ကြာစွာ
အာဏာယစ်မူးခဲ့ကြပြီးနောက်ရန်ဘက်
အုပ်စုကြီးနှစ်ရပ် အဖြစ်
ဖဆပလအဖွဲ့ကြီးကို
ပြိုကွဲရန်ဆုံးဖြတ်ခဲ့ကြသည်။

ယင်းသမိုင်းဖြစ်စဉ်သည် နိုင်ငံသား
အားလုံး အတွက် နိုင်ငံရေးသင်ခန်းစာ
ယူသင့်သော
သမိုင်းဖြစ်စဉ်ကြီးဖြစ်ခဲ့သည်ဟူ၍
သတင်းစာဆရာကြီး ဂါးဒီးယန်းဦးစိန်ဝင်း
က သတိပြုဖွယ်မှတ်သားဖွယ်
မိန့်ကြားလမ်းညွှန်ခဲ့သည်။

ကျမ်းကိုး

၁။ အကွဲအပြဲဇာတ်လမ်း(ဂါးဒီးယန်းဦး စိန်ဝင်း)

၂။ တပ်မတော်သမိုင်း(စတုတ္ထတွဲ) (၁၉၄၈ -၁၉၆၂ ခုနှစ်)

၃။ ၁၉၅၈ ခုနှစ် ဧပြီလမှအောက်တို ဘာလအတွင်း ထုတ်ဝေခဲ့သော (ကြေးမုံ၊ ဗိုလ်တထောင်၊ ဟံသာဝတီ၊မြန်မာ့အလင်း၊ ဗမာ့ခေတ်သတင်းစာများမှ ကောက်နုတ်ချက်များ)


No comments:

Post a Comment