စိတ်၏ ကျွန်၊ စိတ်၏ သခင်။
================
အကုသိုလ်သည် စုန်လမ်း၊ အသွားရ လွယ်ကူ၏။ သွားသူလည်း များ၏။ သို့သော်ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား အပါယ်လေးပါး။
ကုသိုလ်သည် ဆန်လမ်း၊ သွားလာရ ခက်ခဲ၏။ သွားသူလည်း နည်း၏။ သို့သော် ထိုလမ်း၏ နောက်ဆုံးပန်းတိုင်ကား နိဗ္ဗာန်။
လောကီ လောကုတ္တရာ နှစ်ဖြာလုံး ဆုတ်ယုတ် ပျက်စီးနေသောသူ မှန်သမျှသည် စိတ်၏ ကျွန် ဖြစ်၏။
လောကီ လောကုတ္တရာ နှစ်ဖြာလုံး ကြီးပွားတိုးတက် အောင်မြင်နေသော ပုဂ္ဂိုလ်မှန်သမျှသည် စိတ်၏ သခင် ဖြစ်၏။
ဗုဒ္ဓဘာသာမြန်မာအများစု မကြီးပွားကြခြင်း၏ အကြောင်းမှာ “ မိမိကိုယ်ကို
ကောင်းစွာ မဆောက်တည်နိုင်ခြင်း၊ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း မရှိခြင်း”ကြောင့် ဖြစ်သည်။
Monday, August 17, 2015
စိတ်၏ ကျွန်၊ စိတ်၏ သခင်။ ================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment