Friday, September 25, 2015

လက်နှစ်လက်

လက်နှစ်လက်
အဖေနှင့် သမီးတို့ ပျဉ်ချပ် အချို့ မရှိတော့သော တံတားဟောင်း တစ်ခုကို ဖြတ်ကူးရန်ပြင်ကြသည်။
ဖခင်က ~ သမီးလေး အဖေရဲ့လက်ကို မြဲမြဲကိုင်ထားပါ။ ဒါမှ တခုခု ဖြစ်ရင် ပြုတ်မကျမှာ။
သမီးက ~ အဖေကဘဲ သမီးရဲ့လက်ကို ကိုင်ထားပေးပါနော်။
ဖခင် ~ အဖေက သမီးလက်ကို ကိုင်ဆွဲထားတာနဲ့ သမီးက အဖေ့လက်ကို ကိုင်ဆွဲထားတာ ဘာကွာလို့လဲ သမီးရယ်။
သမီး ~ အပုံကြီး ကွာခြားပါတယ် ဖေဖေ။ သမီးက အဖေ့ လက်ကို ကိုင်ထားရင်းက သမီး တခုခု ဖြစ်ခဲ့ရင် အဖေ့လက်ကို အားမရှိတော့တဲ့ အခါ ဒါမှမဟုတ် မတော်တဆ ဖြေလွှတ်ပြစ်နိုင် ပါတယ်။ အဖေက သမီးလက်ကို ကိုင်ထားခဲ့ရင် သမီး သေချာတာ တခု ကတော့ ဘယ်လို အခြေအနေမျိုးမှာမှ သမီးလက်ကို အဖေက လွှတ်လိုက်မှာ မဟုတ်ဘူး ဆိုတာပါဘဲ၊ ဒါ့ကြောင့် သမီးအတွက် ပိုစိတ်ချရပါတယ်။
ထိုကြောင့် အရေးကြုံလျင် သင်ကသာ သင်ချစ်ခင်ရသော သူများ၏ လက်ကို မြဲမြဲ ဆွဲကိုင်ပေးထားပါ။ ။
Photo ref : flickr
လူပိန်း (ရိုးရာလေး)



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments:

Post a Comment