***** သူငယ်ချင်းကောင်းဆိုတာ *****
သူငယ်ချင်းကောင်းဆိုတာ ကိုယ့်အမေမဟုတ်တဲ့ တစ်ခြားတစ်ယောက်က မွေးဖွားလိုက်တဲ့ ကိုယ့်မောင်နှမ သားချင်းပါပဲ။ တစ်ခါတစ်လေ ကိုယ့်မောင်နှမတွေထက်တောင် သံယောဇဉ်ပိုကြီးနေတတ်ကြပါသေးတယ်။ တစ်ယောက်စိတ်ထဲ ဘာတွေရှိနေသလဲဆိုတာ တစ်ယောက်က ဖွင့်ဟနေစရာမလိုအောင် ခံစားချက်ချင်း ထပ်တူကျပြီးသား လူတွေဟာ သူငယ်ချင်းကောင်းတွေ ဖြစ်လာတတ်ကြပါတယ်၊ ဒီတော့ သူငယ်ချင်းကောင်းတွေအတွက် မှတ်သားဖွယ်စာတိုလေးတွေ ပြောပြပေးချင်ပါတယ်။
၁။သူငယ်ချင်းစဖြစ်တဲ့အချိန်ဟာ တစ်ယောက်ကိုတစ်ယောက်က "ဘာ အဲ့ဒါမင်းရောပဲလား၊ ငါက ငါတစ်ယောက်တည်းမှတ်နေတာ" ဆိုပြီး စပြောတဲ့အချိန်ပေါ့၊ အဲ့ဒီမှာ သူငယ်ချင်းသံယောဇဉ်စတာပါပဲ။ (C.S Lewis)
၂။အလင်းရောင်ထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေရတာထက်စာရင် အမှောင်ထဲမှာ သူငယ်ချင်းနဲ့အတူ လမ်းလျှောက်ရတာ ပိုကြိုက်တယ်။ (Helen Keller)
၃။သူငယ်ချင်းသံယောဇဉ်ဆိုတာ ကမ္ဘာပေါ်မှာ ရှင်းပြရအခက်ဆုံးပါပဲ။ ဒါကို ကျောင်းမှာလည်း မသင်ခဲ့ရပါဘူး။ သင်ဟာ သူငယ်ချင်းသံယောဇဉ်ကို ဘာမှန်းမသိဘူးဆိုရင် အခြားဘယ်အရာကိုမှ သိမှာမဟုတ်တော့ဘူး။ (Muhammad Ali)
၎။သူငယ်ချင်းဆိုတာ သင်ဘယ်လိုလူမျိုးလဲဆိုတာ သိတဲ့သူတစ်ယောက်ပါ၊ ဒါ့အပြင် သင်ဘယ်တွေရောက်နေသလဲဆိုတာကိုလည်း မပြောပဲ နားလည်သလို သင်ဖြစ်လာတဲ့ ဘယ်အရာကိုမဆို သူတို့လက်ခံပေးတတ်ကြပါတယ်။ (William Shakespeare)
၅။အကောင်းဆုံးကြည့်မှန် တစ်ချပ်ဟာ သင့်သူငယ်ချင်းဟောင်းပါပဲ။ (George Herbert)
၆။အမျိုးသမီးတစ်ယောက်အတွက် အခြားသောအမျိုးသမီးတစ်ယောက်က သူငယ်ချင်းဖြစ်လာတဲ့အခါ ဘ၀ဟာ ပိုလွယ်ကူသွားတတ်တယ်။ (Diane Von Furstenberg)
၇။သူငယ်ချင်းအစစ်အမှန်ဆိုတာ စိန်တုံးတွေလိုပါပဲ။ အမြဲတောက်ပနေတယ်။ လှပပြီး တန်ဖိုးရှိတယ်။ အမြဲစတိုင်ကျနေတယ်။ (Nicole Richie
Ref:yourtango
No comments:
Post a Comment