' “နာရီတိုင်းမှာ ၅ မိနစ်စာ”အစီအစဉ် တစ်လသက်တမ်းတိုး '
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ တစ်နာရီဖုန်းခေါ်ဆိုလျှင် ပထမဆုံးငါးမိနစ်အတွက်သာ ဖုန်းဘီလ်ဖြတ် တောက်သည့် "နာရီတိုင်းမှာ ၅ မိနစ်စာ" အစီအစဉ်ကို သက်တမ်းတစ်လတိုးမြှင့်လိုက်သည်။
MPT ၏ ဆွေသဟာအသုံးပြုသူများသည် မိနစ် ၆၀ ဆက်တိုက်ဖုန်းခေါ်ဆိုရာတွင် ပထမဆုံး ၅ မိနစ်အတွက် သာ တစ်မိနစ် ၂၃ ကျပ်နှုန်းဖြင့် ပေးဆောင်ရသည့် (ကျန် ၅၅ မိနစ်အခမဲ့) အစီအစဉ်ကို မူလကြေညာထား သည့် စက်တင်ဘာလကုန်အစား အောက်တိုဘာလကုန်အထိ တိုးမြှင့်လိုက်ကြောင်း ယနေ့(စက်တင်ဘာ ၂၆ရက်) နံနက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်သည်။
"နာရီတိုင်းမှာ ၅ မိနစ်စာ" အစီအစဉ်ကို သုံးစွဲသူများတောင်းဆိုမှုဖြင့်ယခုကဲ့သို့ တစ်လတိုးမြှင့်ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment