Saturday, September 26, 2015

မန်ယူနိုက်တက်ဟာ ဇာဟာရဲ့  တိုးတက်မှု ကို ဆုတ်ယုတ်စေခဲ့တယ် (အလန်ပါဂျူး)

မန်ယူနိုက်တက်ဟာ ဇာဟာရဲ့  တိုးတက်မှု ကို ဆုတ်ယုတ်စေခဲ့တယ် (အလန်ပါဂျူး)

ပဲလေ့စ်နည်းပြ အလန်ပါဂျူးက မန်ယူ အသင်းသည် အင်္ဂလန် လူငယ် ကြယ်ပွင့် အဖြစ်သတ်မှတ်ခံထားရသူ ဇာဟာ၏ တိုးတက်မှု ကို ရပ်တန့် စေခဲ့ကြောင်းဝေဖန်သွားခဲ့သည်၊၊

အလန်ပါဂျူးသည် မန်ယူတွင်နေရာမရ ဖြစ်နေသော ဇာဟာအား အငှားစာချုပ်ဖြင့် ခေါ်ယူရာမှ ယခုနှစ်တွင် အပြီး သတ်ခေါ်ယူနိုင်ခဲ့သည်၊၊ ပါဂျူးက - “ မန်ယူအသင်းဟာ ဇာဟာကို ခေါ်ယူမှု မှာ အရမ်းကို အလျင်လိုလွန်းခဲ့တယ်၊ သူ့ မှာ ပရီးမီးယားလိဂ် လယ်ဗယ်မျိုး မရောက်သေးဘူး၊ တကယ်ဆို ပရီးမီးယားလိဂ်မှာ တစ်နှစ်လောက် အတွေ့ အကြုံယူခိုင်းသင့်တယ်၊ တိုးတက်နေဆဲ ကာလမှာ နေရာလည်း မပေးနိုင်ပဲ ခေါ်လိုက်တော့ ကစားသမားလေးရဲ့ တိုးတက်မှု က ဆုတ်ယုတ်သွားတယ်”

“ တစ်ခါတစ်လေ ကျွန်တော်တွေးမိတာ အသင်းကြီးတွေဟာ လူငယ်ခြေတက်လေးတွေကို အလျင်စလိုခေါ်တယ်၊ တကယ်ကော နေရာပေးနိုင်လား? အချိန်ပေးနိုင်လား? အသင်းအတွက် တကယ် အလုပ်ဖြစ်မှာလား ? ဒါတွေ သူတို့  မစဉ်းစားဘူး၊ မန်စီးတီးဆို စင့်ကလဲယား၊ ရော့ဒ်ဝဲလ်တို့ လို လူငယ်တွေကို မရမက ခေါ်တယ် နေရာမပေးနိုင်၊ ချောင်ထိုးထားတော့ တိုးတက်နေဆဲ ကလေးတွေက ဆုတ်ယုတ်သွားတယ်၊ သူတို့  အတွက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ က တော်တော်လေး အချိန်ပြန်ယူရတယ်၊ တစ်ချို့  လုံးဝခြေစွမ်းပျောက်သွားပြီး အဆင့်မြင့်ပြိုင်ပွဲတွေကနေတောင်ပျောက်သွားကြရတဲ့ အထိပါပဲ”

“ကျွန်တော်တော့ ဇာဟာနဲ့  အလုပ်တွဲ လုပ်ရတာ သဘောကျတယ်၊ သူ့ ကို ပရီးမီးယားလိဂ် လယ်ဗယ်ရောက်အောင် ကျွန်တော်ဆွဲတင်သွားမယ်၊ ဂရိတ်ပလေယာဖြစ်ဖို့  ကြိုးစားနေတဲ့ သူ့ အတွက် ပရီးမီးယားလိဂ် လယ်ဗယ်ကို ရောက်ဖို့  မခက်ပါဘူး”
ဟု ပြောကြားသွားသည်၊၊

#အောင်ဇော်လတ်(မိုးနဲ)
Ref: Daily Mail
Football Café



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments:

Post a Comment