မနောကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခွင့် ကော်မရှင်ထံ လျှောက်မယ်လို့ဆို
---------------------------------------
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ဟောပြောမယ့် မနောကွင်းမှာ ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးဟောပြောခွင့်ကို အစိုးရအဖွဲ့က တားမြစ်ထားပေမယ့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ ခွင့်ပြုမိန့် လျှောက်ထားတယ်လို့ ကချင်ပြည်နယ် NLD ပါတီဥက္ကဋ္ဌ ဦးဇော်လွင်က ဆိုပါတယ်။
ကချင်တိုင်းရင်းသားတွေရဲ့ အထိမ်းအမှတ်ဖြစ်တဲ့ မနောကွင်းမှာ ကိုယ်စားလှယ်လောင်း ဟောပြောခွင့်ကို ပြည်နယ်အစိုးရက ကန့်သတ်ထားပေမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ကချင်လူမျိုးများ ရိုးရာ ယဉ်ကျေးမှု ဗဟိုကော်မတီက ထပ်မံ ခွင့်ပြုပေးခဲ့တာကြောင့် ဒီနေ့ (စက်တင်ဘာလ ၂၉ ရက်နေ့) မှာ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှာ ခွင့်ပြုချက် လျှောက်ထားရတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။
“ကျွန်တော်တို့က မနောကွင်းမှာ ဟောပြောဖို့ ယဉ်ကျေးမှု ကော်မတီထံကို ၂၂ ရက်နေ့မှာ ခွင့်တောင်းထားပါတယ်။ ဒါကို ပြည်နယ်အစိုးရက တားမြစ်တာပါ။ အမှန်က မနောကွင်း ခွင့်ပြုတာ မပြုတာက ယဉ်ကျေးမှုကော်မတီနဲ့ပဲ ဆိုင်တာပါ။ အဲ့ဒါကြောင့် ၂၈ ရက်နေ့က ထပ်ပြီးတော့ ဒုတိယအကြိမ် ခွင့်ပြုချက်ကို ယဉ်ကျေးမှု ကော်မတီက ထုတ်ပေးပါတယ်။ အဲ့ဒါနဲ့ ကော်မရှင်ဆီကို အဲ့ဒီခွင့်ပြုချက်နဲ့ အတူပူးတွဲပြီး တင်ထားပါတယ် ”လို့ သူက ပြောပါတယ်။
ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးဖို့ လျှောက်ထားရမှာ မဲဆွယ်စည်းရုံးဟောပြောမယ့် နေရာပိုင်ရှင်နဲ့ သက်ဆိုင်ရာကော်မရှင်ရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်တယ်လို့ သူကဆိုပါတယ်။
အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ပတ်သက်ပြီး ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ ညနေ ငါးနာရီခွဲလောက်က ဆက်သွယ်မေးမြန်းခဲ့ရာ ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက “ဟုတ်ပါတယ် အခုပဲ သူတို့လျှောက်ထားတာကို လက်ခံရရှိပါတယ်။ အဲ့ဒီအတွက်လည်း အစည်းအဝေး လုပ်နေပါတယ်။ ကျွန်တော်တို့လည်း အလုပ်ရှုပ်နေပါတယ်” လို့ ဆိုပါတယ်။
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအ တွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန်Telenor Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment