#ကျေးဇူးပြုပြီးShareပေးကြပါ
မိဘတွေသားသမီးကိုချစ်ရင် အားပြင်းတဲ့ တရုတ်ဗျောက်အိုးတွေကို သီတင်းကျွတ်မှာ ဝယ်မပေးကြပါနဲ့ လို့ မေတ္တာရပ်ခံပါတယ်။
ကလေးကုတင်၅၅၀ ဆေးရုံကို သွားလှူ ရင်းတွေ့ခဲ့ရတာပါ
ဒီသားလေးက အီလီရ တဲ့ အသက် ၇ နှစ် လားဟူလူမျိုး မိုးမိတ်ကပါခင်ဗျာ။
ပြီးခဲ့တဲ့ သောကြာနေ့က ဗျောက်အိုးဖောက်တာ လက်ထဲတင်ပေါက် သွားလို့
လက်သန်းကလွဲပြီး ကျန်လက်ချောင်းလေးတွေ ပုံမှာမြင်ရတဲ့ အတိုင်း ထိပ်ကနေ ပြတ်ထွက်ကုန်ပါတယ်ခင်ဗျာ။
ဆရာမက ပတ်တီးဖြည်ဆေးထည့်တော့ အော်လိုက်တာဗျာ သူတို့ဘာသာစကားနဲ့မို့ မသိပေမယ့် အရမ်းနာကျင်လို့ မျက်ရည်တွေ စီးကျ နေတာ သနားစရာဗျာ။
မေးကြည့်တော့ မြန်မာစကားနဲနဲတတ်တော့ သုံးစရာကို ၁သောင်းလောက်ပဲရှိတော့တာမလို့ ပန်းပျိုးသူညီလေး နောင်နောင် နဲ့ ၅သောင်း လှူပေးခဲ့ပါတယ်ခင်ဗျာ။
မိဘတွေ သားသမီးကိုချစ်ရင် ဂရုစိုက်ကြပါ အလိုလိုက်သင့်တာလိုက်ပါ မလိုက်သင့်တာမလိုက်ကြပါနဲ့ လို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဒီလက်နေရာ မှာ မျက်စိနားဆို စဉ်းစားဖို့တောင်မရဲဘူးဗျာ။
အလှူရှင် ကတော့ မင်းသား ကိုလွင်မိုး မမေသူ တို့ရဲ့ သမီးလေးဒီဒီး ရဲ့ မွေးနေ့ အလှူ ပါခင်ဗျာ။
အလှူ ရှင်များရော မြင်တွေ့သူအပေါင်းပါ ပီတိဖြစ် သာဓုခေါ်ဆိုနိုင်ဖို့ မျှဝေတင်ပေးလိုက်ပါတယ်ခင်ဗျာ။
အားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
မေတ္တာဖြင့် မျိုးကြီး ပန်းပျိုးသူ
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment