၁၉၈၂ နိုင်ငံသား အက်ဥပဒေနဲ့  ပတ်သက်လို့  ...
အယူအဆလွဲနေတာလေးတွေ ...
အတော်များများ တွေ့ ရတဲ့ အတွက် ...
အနည်းငယ် ရှင်းပြလိုပါတယ် ...
ပထမဆုံးပြောချင်တာက ...
၁၉၈၂ အက်ဟာ ...
အခြေခံဥပဒေထဲက ပုဒ်မ ....
မဟုတ်ဘူး ဆိုတဲ့ အချက်ပါပဲ ...
ဒါကြောင့် ဒီဥပဒေကို ပြင်ချင်ရင် ...
သာမန် လုပ်ထုံးလုပ်နည်းအတိုင်းပဲ ....
လွှတ်တော်ထဲ အဆိုတင်သွင်း ...
အဆိုကို ဆွေးနွေး ၊ ပြီးတော့ မဲခွဲ ...
မဲများတဲ့ သူက နိုင်မှာ ဖြစ်ပါတယ် ...
ဘာ ၇၅ ရာနူန်းအထက်မှ မလိုပါဘူး ...
ဒီလောက် လွယ်ကူပါတယ် ....
ဒီလို မဲခွဲဆုံးဖြတ်တဲ့ ကိစ္စသည် ...
တရားဝင်သလားဆို ၀င်ပါတယ် ...
ဥပဒေနဲ့ လဲ ညီပါတယ် ...
ပြည်သူက ရွေးကောက်တင်မြှောက်တဲ့  အမတ်တွေက ...
မဲခွဲ ဆုံးဖြတ်တာ ဖြစ်တဲ့အတွက် ...
ဒီမိုကရေစီလဲ ကျပါတယ် ...
ဒါကို လက်မခံနိုင်ရင် ဘာလုပ်မလဲ ....
တစ်ခြားနည်း မရှိပါ ...
R2R ဥပဒေကလဲ ဆိုင်းငံ့ ထားတဲ့ အတွက် ...
လမ်းပေါ်တက် ဆန္ဒပြရုံပဲ ရှိပါတော့တယ် ...
ဒါဆို ရဲတပ်ဖွဲ့ နဲ့  ထိပ်တိုက်တွေ့ မှာပါ ...
ရဲတပ်ဖွဲ့ ကလဲ အစိုးရရဲ့ အမိန့် အတိုင်း ....
ဥပဒေနဲ့ အညီ ...
လူအုပ်ကို ဖြိုခွဲရှင်းလင်းမှာပါပဲ ....
စစ်တပ်အနေနဲ့ ကလဲ ....
ဒီလုပ်ရပ်ဟာ အခြေခံဥပဒေနဲ့  အညီလုပ်ဆောင်တာ ဖြစ်လို့  ...
ဘာမှ ၀င်စွက်လို့ မရနိုင်ပါဘူး ...
စွက်ချင်ရင်တော့ ...
အာဏာပြန်သိမ်းတဲ့  နည်းလမ်းတစ်ခုသာ ရှိပါတယ် ...
ဒါကိုတော့ စစ်တပ်က လုပ်မယ်မထင်ပါဘူး ...
လက်ရှိမှာ ...
အန်အယ်လ်ဒီ ပါတီဥက္ကဌဟာ ...
၁၇.၄.၂၀၁၃ ရက်နေ့ တိုကျိုယူနီဗာစတီ မိန့် ခွန်းမှာ ...
ဦးသိန်းစိန် အစိုးရအနေနဲ့  ...
၁၉၈၂ နိုင်ငံသားအက်ကို ပြန်သုံးသပ်သင့်တယ် ...
ဒီအက်ဟာ Fair မဖြစ်ဘူး ...
နိုင်ငံတကာ စံတွေနဲ့  မညီဘူးဆိုတဲ့  သဘောမျိုး ...
ပြောကြားခဲ့တာကို တွေ့ ရပါတယ် ...
ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့  ...
ဦးကိုနီ၊ ဦးဥာဏ်ဝင်းတို့ ကတော့ ...
ဒီ အက်ကို ပြင်သင့်တယ် ပြင်ရမယ်လို့  ...
ပြောင်ပြောင်တင်းတင်းပဲ မှတ်ချက်ပြုထားပါတယ် ...
ဒါကြောင့် NLD ရဲ့ မူဝါဒဟာ ...
၁၉၈၂ နိုင်ငံသားအက်ကို ပြင်ဆင်ချင်တဲ့  ပေါ်လစီရှိတယ်လို့  ...
ကျွန်တော် သဘောပေါက်မိပါတယ် ...
ပါတီပေါင်း ၉၀ ကျော် ရှိပါတယ် ....
လူတိုင်း ကိုယ်ကြိုက်တဲ့  ပါတီကို မဲပေးနိုင်ပါတယ် ...
သို့ သော် ...
ကိုယ်မဲပေးမယ့် ပါတီရဲ့ မူဝါဒကိုတော့ ...
သေသေချာချာလေ့လာပြီးမှ ပေးဖို့ လိုပါတယ် ...
အပေါ်မှာ တင်ပြခဲ့တဲ့  အချက်အလက်တွေကို ...
သေချာပြန်သုံးသပ်ရင် ...
အချို့ အချို့ သော ပြည်သူတွေရဲ့  စိုးရိမ်ပူပန်မှုတွေဟာ ...
အလကားဖြစ်လာတဲ့  အနေအထားမရှိပါဘူး ...
စိတ်တော့မဆိုးပါနဲ့  ....
မကြိုက်ရင် ပြန်ဖြုတ်ချမယ်တို့  ...
အသာတကြည်ဆင်းသွားမှာပါတို့  ...
အမေက လူထုမကြိုက်တာ မလုပ်ပါဘူးတို့  ...
လုပ်ရင် ပြည်သူက လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးတို့  ....
စသဖြင့် .. စသဖြင့် ....
ဒီပြောစကားတွေကိုတော့ ....
ဘောင်မ၀င်တဲ့  ...
ကလေးကလား စကားတွေလို့ ပဲ မြင်ပါတယ် ...
( ရဲမိုး )
Ye Moe
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment