ရိုင်းပါတယ်ဆို
-------------------
"ထင်လင်းဦး လက်သစ် သို့မဟုတ် မြန်အောင်မြို့နယ် NLD ပါတီမှ ညွှန့်ရွှေ ခေါ် ဒီမိုဒိဋ္ဌိ တစ်ဦး၏ သာသနာအပေါ် စော်ကားရိုင်းပြ ဟောပြောချက်များ"
share ပေးခြင်းဖြင့် ဝိုင်းရံပေးကြပါ။
- အစ / အဆုံး ဖြစ်သည်။
- လာကြပါ လာကြပါ။ အရေးကြီးတာလေးပြောချင်လို့။ ရာသီဥတုကလည်းမကောင်းတော့ အတင်းပြီးပြောနေရတယ် ဘန့်ဘွေးကုန်းရွာမှာလည်း နောက်တစ်ပွဲ ဆက်ရဦးမယ်။ ဒီမှာလည်း/ ကဲ ပြောရင်းတော့ရောက်လာပြီ ဒီပွဲကို မလာနိုင်တဲ့သူတွေကလည်း အိမ်ကနေ နားထောင်ကြပါ။ အိမ်ကကြားတဲ့ သူတွေလည်း အိမ်ကနေ နားထောင်ပေးပါ။ မလာနိုင်တဲ့ သူတွေကိုလည်း ဒီမှာနားထောင်သွားတဲ့ သူတွေကနေပြီးတော့ တဆင့်ပြန်ပြောပေးပါ။ ဒီမှာ ကျွန်တော်တို့ တောင်ရိုးနယ်ကို လှည့်လိုက်တဲ့ အခါကြတော့ nld နဲ့ပတ်သက်ပြီးတော့ ပါတီတစ်ခုက သူတို့မှာ သူတို့ပါတီမှာ မဲဆွယ်စရာ စည်းရုံးစရာပေါ့ ဒီလိုမျိုးပြောစရာ ကောင်းရာကောင်းကြောင်း ပြောစရာမရှိတဲ့ အခါကြတော့ အောက်လမ်းနည်းနဲ့ပဲ သူတို့မှာ ရှိတော့တယ်။ nld ကို မဲပေးရင်တော့ မင်းတို့နိုင်ငံက ဗုဒ္ဓဘာသာပျောက်သွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည် အာဏာရရင် ဗုဒ္ဓဘာသာ ပျောက်သွားမယ်ဆိုတဲ့ ဒီအောက်လမ်းနည်းတစ်ခုနဲ့ပဲ သူတို့မှာ စဉ်းစားပြီးတော့ ဒါကိုတောင်မှပဲ သူတို့က မချေမငံ အထောက်အထားမရှိပဲနဲ့ /
ဒါကတော့ အဓိကကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကနေတဆင့်ပေါ့ / သူတို့ပါတီကနေ တိုက်ရိုက် ပြောခွင့်မရှိဘူး။ ပြောရင် ကျွန်တော်တို့က တရားဥပဒေအရ တရားဆွဲမှာ ဖြစ်တဲ့အတွက် ---------/
တကာ တကာမတွေ ကိုးကွယ်ပေးရုံနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတစ်ချို့ကနေပြီးတော့ သူတို့က ဒီလိုအောက်လမ်းနည်းနဲ့ ဘာသာရေးမှိုင်းတိုက်တဲ့ ဒါလေးတစ်ခုနဲ့ပဲ သူတို့က nld ကို တိုက်ခိုက်နေကြတယ်။ သူတို့က ကျွန်တော်တို့လို လူထုစည်းရုံးဟောပြောပွဲတွေလို မလုပ်နိုင်တဲ့ အခါကြတော့ nld ကို အဲဒီပါတီက ကြိုက်တော့ မကြိုက်ကြဘူးဗျ။ ဒါပေမဲ့ ဒို့ဗုဒ္ဓဘာသာ ပျောက်သွားမှာနဲ့စာရင်တော့ တော်သေးတယ် အဲတော့ nld ကို မဲပေးလို့ မဖြစ်ဘူးဆိုတဲ့ ဒီအသံမျိုးတွေ ပြန်ကြားရတယ်။ အဲတော့ တောင်ရိုးနယ်မှာ ပြန်စီစစ်လိုက်တဲ့အခါမှာ ဒီရွာက အအောင်မြင်ဆုံးဖြစ်နေတယ်။ ဘာသာရေးမှိုင်းတိုက်တာကို အခံရဆုံး သူတို့ရဲ့ လုပ်ရပ် မှိုင်းတိုက်တဲ့လုပ်ရပ်က အအောင်မြင်ဆုံးလို့ ဒီကနေ့ သိရတယ်။ အဲတော့ အဲဒါကို တိုတိုလေးနဲ့ ရှင်းရှင်းလေး ကျွန်တော် ရှင်းပြပါ့မယ်။ သူတို့ပြောတဲ့ဟာ အခြေအမြစ်ရှိသလား ဒီလိုပြောနေတဲ့ သံဃာတော်တွေဟာ ဒီလောက်တောင်မှပဲ ကိုယ့်ရဲ့ ဗုဒ္ဓဘာသာနော်/
သူတို့ဆိုရင် ဒါဟာ အသက်မွေးဝမ်းကြောင်း ကိစ္စချည်းပဲ။ ဒီသင်္ကန်းဝတ်ပြီးတော့မှ ဒီတကာ တကာမတွေလှူနေတဲ့ ဆွမ်းစားနေတာ ဒီတရားတွေသိရမယ်ဆိုတာ သူတို့က အသက်မွေးဝမ်းကြောင်းကိစ္စ ကျွန်တော်တို့လို လူတွေမသိတာ ဘာမှ ကိစ္စမရှိဘူး။ သူတို့တွေသိသင့်တယ်။ အဲလိုမသိတဲ့အခါကျတော့ အခုလို တလွဲဆံပင်ကောင်းပြီးတော့ ပြည်သူတွေကို တလွဲကို လမ်းလွဲကိုပို့/ မိမိကိုယ်တိုင်လည်းပဲ မကောင်းတဲ့လားရာကို ဦးတည်/ ပြည်သူပြည်သာူတွေကိုလည်း ကောင်းတဲ့ဘက်လမ်းကနေ မကောင်းတဲ့လမ်းကို လမ်းလွဲပို့နေတယ်။ အဲဒီတော့ မြတ်စွာဘုရားဟောထားတာက ရှင်းရှင်းလေးရယ်။ အဲဒီသံဃာတွေ မကြားဖူး မတွေ့ဖူး မဖတ်ဖူးရင်လည်းပြောပါ။ ရှာပေးပါ့မယ်။ သီတဂူဆရာတော်ကြီးဟောထားတဲ့ အခွေဆိုရင် လောလောဆယ်ရှိပါတယ်။ ဒီသာသနာနဲ့ပတ်သက်ပြီးတော့ သာသနာကွယ်ကြောင်း သာသနာတည်ကြောင်း မြတ်စွာဘုရားဟောထားတဲ့ အထဲမှာ ဘယ်ဘာသာ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဘယ်လိုလူမျိုး ဘယ်လိုအင်အား ဘယ်လိုဟာမျိုးနဲ့မှ ဒီသာသနာကို ကွယ်ပျောက်အောင် လုပ်လို့မရဘူး။ ကုလားလည်း လုပ်မရဘူး တရုတ်လည်း လုပ်မရဘူး အင်္ဂလိပ်လည်း လုပ်မရဘူး။ ဘယ်လိုလူမျိုးမှ ဘယ်လိုအင်အားနဲ့မှ ဗုဒ္ဓဘာသာကို ကွယ်ပျောက်အောင် လုပ်မရဘူး။ ဗုဒ္ဓဘာသာကို ကွယ်ပျောက်အောင်လုပ်နိုင်တာ အရှည်တည်အောင်လုပ်နိုင်တာ ဘုရားသားတော်ဖြစ်တဲ့ သူတို့ သံဃာတွေပဲ။ သာသနာတည်အောင်လုပ်နိုင်တယ် သာသနာကွယ်အောင်လုပ်နိုင်တယ်။ သူတို့ပဲ အဓိက/
ကွယ်အောင်လုပ်မှာလည်း သူတို့ အရှည်တည်တန့်အောင်လုပ်မှာလည်း သူတို့။ အဲဒါလောက်ကလေးမှ မသိပဲနဲ့ -------
ဟာ ကုလား/ ကုလားလွှမ်းမိုးသွားရင် ဗုဒ္ဓဘာသာပျောက်မယ်ဆိုတော့ ကုလားကြောင့် ဗုဒ္ဓဘာသာပျောက်မယ်ဆိုတော့ တော်တော့ကို အခြေနေက ပြောရရင် ကကြီး ခခွေးလောက်တောင် နားမလည်ဘူးဖြစ်နေတယ်။
ကိုယ်က တကာ တကာမတွေလှူတဲ့ ဦးဦးဖျားဖျားလှူတဲ့ ဆွမ်းကိုစားပြီးတော့ အသက်မွေးနေတာ/
ဘုရားသာသနာတော်မှာ ဒီလို သာသနာကွယ်ကြောင်း ဒီလို သာသနာတည်ကြောင်းလေးမှ မသိပဲနဲ့ -----;
မသိအေးဆေးထိုင်နေရင်တော်သေးတယ်။ အေးအေးဆေးဆေးထိုင်မနေပဲနဲ့ မသိတာကြီး ပြောင်းပြန်လှန်ပြီးတော့ ကုလားကြောင့် သာသနာကွယ်မယ်။ ကုလားလွှမ်းမိုးသွားမယ်ဆိုတော့ အခြေနေက အရမ်းဆိုးလွန်းအားကြီးတယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေဟာ ဒီသံဃာတော်တွေကို ဘယ်လောက်လေးစားသလဲဆိုရင် သူတို့ အရက်သောက် မိန်းမတွေနဲ့ ရှုပ်နေလည်း မပြောရဲဘူး။ ဒီသင်္ကန်းဆိုတဲ့ သံဃာဆိုတဲ့ဟာကို အင်မတန်လေးစားတယ်။ ဗုဒ္ဓဘာသာတွေက မသိချင်ယောင်ဆောင်နေတာ/
ခုလို တစ်တိုင်းပြည်လုံးနဲ့ဆိုင်တဲ့ အရေးကြီးဆုံးအချိန်မှာ ဒီလိုမပြောသင့် မပြောအပ်တဲ့ အဓိပ္ပါယ်မရှိတဲ့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ ဒါကြီးကို ပြောင်းပြန်လှန်ပြီး ပြောနေတာကြတော့ ကျွန်တော်တို့ ပြည်သူတွေ မခံနိုင်တော့ဘူး။ လက်ပိုက်ကြည့်နေလို့ မရဘူး။ တစ်နိုင်ငံလုံးက ဒီစကားတွေ အောင်မြင်သွားရင် တစ်နိုင်ငံလုံးက အခုမှောင်နေတာထက် ဒါ့ထက်အမှောင်ထဲသွားတော့မယ်။ အဲတော့ တစ်ချို့ သူတို့ကိုသူတို့ တကယ့်ကို သာသနာကိုချစ်လို့ ဘာသာကိုချစ်လို့ ဒီအလုပ်တွေ လုပ်နေတာလို့ပြောနေတဲ့ သံဃာတော်တွေရှိနေတယ်။ တော်တော်လည်း ယုံကြတယ်။
ဒါဆိုရင် သံဃာတစ်ပါးလုပ်နေပြီးတော့ သာသနာကွယ်ကြောင်း သာသနာတည်ကြာင်းလေးတောင် မသိဘူးလား။ အခြေနေအရမ်းဆိုးလွန်းအားကြီးတယ်။ မသိရင် အခုကျွန်တော်ပြောပြမယ်။ တရားစာအုပ်တွေလည်း ရှာပေးမယ် အခွေတွေလည်း ရှာပေးမယ်။ နာကြည့်ဦး ဖတ်ကြည့်ဦး အခြေနေအရမ်းဆိုးလွန်းအားကြီးတယ်။ ကုလားကြောင့် သာသနာမကွယ်ဘူး။ တရုတ်ကြောင့်လည်း မကွယ်ဘူး။ အင်္ဂလိပ်ကြောင့်လည်း မကွယ်ဘူး။ နူကလီးယားလက်နက်တွေနဲ့ ကွယ်အောင် လုပ်မရဘူး။ ဘာနဲ့မှ ကွယ်အောင်လုပ်မရဘူး။ အဲဒါ ဘုရားဟောထားတာ အဲဒီသာသနာကွယ်အောင်လုပ်နိုင်တာ အဲဒီသာသနာ့ဝန်ထမ်း ရဟန်းတွေချည်းပဲ။ သီတဂူဆရာတော်ကြီး တရားဟောထားတယ်။ ဒီသာသနာကွယ်အောင် ဘယ်လိုအင်အားမျိုး မြေရေလေမီး ဓါတ်ကြီးလေးပါး ဘယ်လိုအင်အားမျိုးနဲ့မှ ကွယ်အောင်မလုပ်နိုင်ဘူး။ သီတဂူဆရာတော်ကြီး ဟောထားတယ်။ မူရင်း မူလ သုတ္တန်တွေလည်းရှိတယ်။ ဘယ်လိုနဲ့မှ သာသနာကွယ်မလဲတဲ့ ဆရာတော်ကြီးပြောတာ ဒိုသာသနာတော်တွင်းမှာ သာသနာတွင်း ပုဂ္ဂိုလ်တွေ ရဟန်းတွေမှာ မောဂ ပုရိသဆိုတဲ့ ပုဂ္ဂိုလ်တွေ ပေါများလာတဲ့နေမှာ ဒို့သာသနာကွယ်မယ်တဲ့။
ဆရာတော်ကြီးပြောတဲ့ ပါဠိလို မောဂပုရိသဆိုတဲ့ ရဟန်းတွေဟာ သာသနာတာဝန်နှစ်ခုရှိတယ်။ နံပါတ် ၁ စာပေတွေကို လေ့လာသင်ယူရမယ်။ နံပါတ် ၂ ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမယ်။ အဲဒါတွေနဲ့ တကာ တကာမ ဆွမ်းရှင် ကျေးဇူးရှင်တွေကို ပြန်ပြီး ကျေးဇူးဆပ်ရမယ်။ ဒီနှစ်ခုပဲရှိတယ်။ ဘုရားခိုင်းထားတဲ့ အဲဒီနှစ်ခုကို မလုပ်ပဲနဲ့ အိပ်ကာ စားကာ မေ့လျော့ကာနဲ့ နေမယ်ဆိုရင် အဲဒါလောက်ပဲရှိသေးတယ် အိပ်ကာ စားကာပဲ ရှိသေးတယ်။ အခုလို တလွဲတရှော်တွေ လျှောက်ပြောနေရင် ပိုမဆိုးဘူးလား။
အဲဒီအလုပ်နှစ်ခုကို မလုပ်တော့ပဲနဲ့ အိပ်ကာ စားကာနဲ့ အိပ်ကာ စားကာထက်ဆိုးတဲ့ အလုပ်တွေ လုပ်နေတာ မြင်နေရတယ်။
ဒီနေ့ အိပ်ကာ စားကာ နေမယ်ဆိုရင်တောင် ငါတို့ သာသနာဟာ အဲလို မောဂပုရိသလို့ခေါ်တဲ့ အဲဒီလို သံဃာတော်တွေများလာတဲ့ အခါမှာ ကွယ်မှာတဲ့ သာသနာက----/
စောစောကပြောတဲ့ စာပေလေ့လာသင်ယူမယ် ပရိယတ္တိ။ တရားတွေ အားထုတ်နေမယ် ပရိပတ္တိ။
အဲဒီလိုလုပ်နေတဲ့ သံဃာတော်တွေ များနေမယ် ဆက်တိုက်မျိုးမပြုတ်ပဲ ရှိနေမယ်ဆိုရင် ဟောဒီသာသနာ ၅၀၀၀ မကဘူး ဘုရားက အကန့်အသတ်မထားဘူး။ ၅၀၀၀ တွေ ဘာတွေဆိုတာ ယေဘူယပြောတာ ၅၀၀၀ မကဘူး အနှစ် ၅၀၀၀၀ လည်း တည်နိုင်တယ်။ အကန့်အသတ်မရှိကို တည်နိုင်တယ်။ ဒါဟာ မြတ်စွာဘုရားဟောထားတဲ့ ဒေသနာတော်/ အဲလောက်လေးမှ နားမလည်ပဲ သာသနာကွယ်မှာ ငါတို့ ရဟန်းတွေကြောင့် ကွယ်မှာ ငါတို့ရဟန်းတွေကြောင့် တည်မှာ / အဲလောက်လေးတောင်မှ နားမလည်ပဲ ကုလားကြောင့်ကွယ်မယ် တရုတ်ကြောင့်ကွယ်မယ်------ လူလူခြင်းဆိုရင် ဒါ့ထက်တောင် ကျွန်တော်ပြောချင်တယ် သံဃာဆိုတဲ့ အင်ကျီဝတ်ထားလို့ မပြောတာ။ အခြေနေအရမ်းဆိုးအားကြီးတယ်။
ဒီစကားတွေကို မကြိုက်ရင် အချိန်မရွေးရှင်း!!!
ဒီလောက် သုတ္တန်တွေ အဘိဓမ္မာတွေ ဝိနည်းတွေ ဘာမှမသိပဲနဲ့ မျိုးချစ်တယ်တဲ့/
ကိုယ့်ကိုကိုယ် အရင်ချစ်ဦး။
အိပ်ကာ စားကာ မေ့လျော့ကာနေမယ်ဆိုရင်လည်း မင်းတို့စားနေတဲ့ဆွမ်းတွေဟာ မီးဟုန်းဟုန်းတောက်နေတဲ့ မီးရဲရဲတောက်နေတဲ့ သံတွေ ခဲတွေကို မျိုနေတာပဲတဲ့။ မြတ်စွာဘုရားက မင်းတို့ဝတ်ထားတဲ့ သင်္ကန်းတွေဟာ မီးဟုန်းဟုန်းတောက်နေတဲ့ သင်္ကန်းတွေကို ဝတ်နေတာပဲတဲ့။ ဒါတောင် ကြီးကြီးမားမား အပြစ်မဟုတ်သေးဘူး။ အိပ်ကာ စားကာ မေ့လျော့ကာ အဲလောက်နေရင်တောင် အဲလောက်အပြစ်ရှိတယ်။ အဲတော့ ကိုယ့်ကိုကိုယ် အရင်ကယ်ပါဦး။ ဘာသာ သာသနာကို နောက်မှ ကယ်တင်ပါ။ အဲဒီတော့ ဘာသာ သာသနာကို ချစ်တာကို ကျေးဇူးတင်တယ် ဂုဏ်ယူတယ်။ ဒါပေမဲ့ ဘာသာ သာသနာ ဘာကြောင့်ကွယ်မယ် ဘာကြောင့်တည်မယ် အဲဒါလေးမှ မသိပဲနဲ့ အမျိုးကို ရမ်းချစ်ပြီးတော့ တိုင်းပြည်ကို ချောက်ထဲ တွန်းချနေတယ်။
အခြေနေက အရမ်းဆိုးနေလို့ ပြောစရာစကားတောင်မရှိတော့ဘူး။ အဲတော့ တစ်ဆင့်ပြန်ပြောကြပါ။ အဲလိုမျိုး သံဃာတော်တွေကြားအောင်------;
အဲတော့ အချိန်လည်းမရှိပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment