Thursday, October 22, 2015

မြန်မာနိုင်ငံအနှံ့အပြားတွင် မြန်မာသီချင်းခိုးကူးခွေရောင်းချနေသညကို တွေ့ရှိပါက Viber ဖြင့်ဆက်သွယ်တိုင်ကြားနိုင်ဟုဆို

မြန်မာနိုင်ငံအနှံ့အပြားတွင် မြန်မာသီချင်းခိုးကူးခွေရောင်းချနေသညကို တွေ့ရှိပါက Viber ဖြင့်ဆက်သွယ်တိုင်ကြားနိုင်ဟုဆို
နွေးနွေး
ရန်ကုန်၊အောက်တိုဘာ-၂၂
မြန်မာနိုင်ငံအနှံ့အပြားတွင် မြန်မာသီချင်းခွေများခိုးကူးခွေများ ရောင်းချနေသည့်ကိုတွေ့ရှိသူများ အနေဖြင့် Viber ဖြင့်အချိန်မရွေး ဆက်သွယ်တိုင်ကြား နိုင်ကြောင်း သိရသည်။
မြန်မာသီချင်းခွေများ ခိုးကူး ရောင်းချနေခြင်းများကိုတွေ့ရှိပါက မြန်မာနိုင်ငံ ဂီတအစည်းအရုံး ခိုးကူးဖမ်းဆီးရေးအဖွဲ့ ဝ၉၇၈၆၈၂၀၀၂ရ သို့ဆက်သွယ် တိုင်ကြားနိုင်ကြောင်းသိရသည်။
''အခုလည်းကျွန်တော်တို့ ခိုးကူးဖမ်းဆီးရေးအဖွဲ့အနေနဲ့ခိုးကူးသတင်းပေး တာပဲဖြစ်ဖြစ်ဒါမှ မဟုတ်ရင်လည်းကျွန်တော်တို့ဘာသာသတင်းရလို့ပဲဖြစ်ဖြစ် ဖမ်းဆီး နေတာမျိုးတွေရှိပါတယ်။ဒါပေမဲ့ လည်းပြည်သူတွေဘက်ကပူးပေါင်း ပါဝင်ပြီးတော့ကူညီပေးမယ်ဆိုရင် တော့ကျွန်တော်တို့ခိုးကူးဖမ်းဆီးတဲ့နေရာမှတကယ်ကိုအသုံးဝင်မယ် ထင်လို့အခုလိုမျိုးလုပ်လိုက်တာပါ''ဟုမြန်မာနိုင်ငံ ဂီတအစည်းအရုံး ခိုးကူးဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
လက်ရှိတွင်မြန်မာနိုင်ငံဂီတ အစည်းအရုံး ခိုးကူးဖမ်းဆီးရေးမှတာဝန်ရှိသူများ သည့် မြန်မာနိုင်ငံ အနှံ့အပြားရှိ ခိုးကူးရောင်းဝယ်နေသူများကို လိုက်လံဖမ်း ဆီးနေခြင်း များပြုလုပ်သော်လည်းထိထိ ရောက်ရောက်အရေးမယူနိုင်ခြင်း များကြုံတွေ့နေရကြောင်းသိရ သည်။
လတ်တလောတွင် မန္တလေးမြို့၌ခိုးကူး ခွေများရောင်းချနေသည့်တရားခံ ထွန်းနိုင်အားခိုးကူးခွေ၃၀၀ဝနှင့် အတူဖမ်းဆည်းရမိထားပြီးတရား စွဲဆိုရာတွင် တရားရုံးမှခိုးကူးခွေ များရောင်းချခဲ့သော တရားခံထွန်း နိုင်အနေဖြင့် မြန်မာနိုင်ငံဂီတအ စည်းအရုံးကိုနစ်နာကြေးသိန်း ၉၃၀ ပေးဆောင်ရန်အမိန့်ချထားသော် လည်း တရားခံမှပေးဆောင်ခြင်းမ ရှိဘဲထွက်ပြေးတိမ်းရှောင်နေ ကြောင်းသိရသည်။
ယင်းကဲ့သို့တရားခံထွက်ပြေး တိမ်းရှောင်နေသည်မှာ တစ်နှစ် ကျော်နေ ပြီဖြစ်ခြင်းကြောင့်ယခုအခါတွင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှ တရားခံကို သတင်းပေးသူအားကျပ် ၁ဝသိန်း ဆုချီးမြှင့်မည် ဟူ၍ထုတ်ပြန်ကြေငြာ ထားကြောင်း သိရသည်။
Democracytoday



၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ

No comments:

Post a Comment