တိုးတက်လာသောခေတ်နှင့်အညီ ခေတ်မီမီဆန်းသစ်တီထွင်လာကြသည့် ရှမ်းပြည်နယ်၏ ရိုးရာမီးပုံးပျံပြိုင်ပွဲကြီး
=====================================
''ကျွန်တော်တို့ ဒီနှစ်မီးပုံးပျံပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင်တွေကို အခုအောက်တိုဘာ ၅ ရက် ကတည်းက လျှောက်လွှာတွေ ခေါ်ခဲ့ တယ်။ အခု အောက်တိုဘာ၂၅ ရက်ဆို ဖောင်ပိတ်ပါပြီ။ အရင်နှစ်တွေကနဲ့စာရင် ပြိုင်ပွဲဝင်တွေ ပိုများမယ့် သဘောရှိပါတယ်'' ဟု တောင်ကြီးတန်ဆောင်တိုင်ပွဲ မီးပုံးပျံ ကျင်းပရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ပြောသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကို ၁၉၅၁ ခုနှစ်က စတင်ခဲ့ပြီး ယခုနှစ်ဆို လျှင် ၆၄ ကြိမ်တိုင်ခဲ့ပြီဖြစ်သည်။ ပြိုင်ပွဲတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုးထည့်သွင်းထား ပြီး အမျိုးအစားများမှာ ညမီးကြီး၊ စိန်နပန်၊ ခြေနှစ် ချောင်း၊ ခြေလေးချောင်းနှင့် အုပ်စု သုံးကောင်တွဲလွှတ် ပြိုင်ပွဲများဖြစ်သည်။ ယခင်ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်တွင် ညမီးကြီး ၈၅ လုံး၊ စိန်နပန် ၃၅ လုံးအပါအဝင် ညလွှတ်ပြိုင်ပွဲဝင် မီးပုံးပျံအလုံးပေါင်း ၁၂ဝ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နေ့လွှတ်ပြိုင်ပွဲတွင် ခြေနှစ်ချောင်း ၁ဝဝ ကျော်၊ ခြေလေးချောင်း ၈ဝ ကျော်နှင့် အုပ်စုဖွဲ့တွင် ပြိုင်ပွဲဝင်မီးပုံးပျံ အလုံးပေါင်း ၄၈ လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။
''ဒီနှစ်မီးပုံးပျံပွဲမှာ အခုချိန်ထိကတော့ ညမီးကြီး ၇၉ လုံး၊ စိန်နပန် ၃၃ လုံး၊ နေ့လွှတ်မှာဆိုရင် ခြေနှစ်ချောင်း ၉၂ လုံး၊ ခြေလေးချောင်း အလုံး ၈ဝ နဲ့ အုပ်စုဖွဲ့က ၂၃ အုပ်စုလာပြီးတော့ စာရင်းပေးထားပြီး ပါပြီ။ တချို့ဆို မီးပုံးပျံတောင်လုပ်ပြီးနေကြပြီ။ တချို့ကတော့ လုပ်တုန်းပါ။ ပြိုင်ပွဲမှာလည်း ကျွန်တော်တို့ကော်မတီအနေနဲ့ မှိုင်းခံမှု အနေအထား၊ ပြိုင်ပွဲဝင်မီးပုံးပျံ ပုံသဏ္ဌာန်၊ အတက်ကောင်း မကောင်း၊ ဆန်းသစ်မှု အနေအထား၊ စက္ကူပသာဒ၊ အတက် စံချိန်တို့နှင့် စည်းကမ်းသတ်မှတ်မှု အနေ အထားစတာတွေကို ကြည့်ပြီးဆုအဖြစ် ရွေးချယ်ပေးတာဖြစ်ပါတယ်''ဟု ပြိုင်ပွဲ ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးတင်ဝင်းက ထပ်မံရှင်းပြသည်။
ပြိုင်ပွဲဝင်များအနေဖြင့် ညလွှတ်ပြိုင်ပွဲ များဖြစ်သည့် ညမီးကြီးနှင့် စိန်နပန်တို့ကို ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် ဝင်ကြေး အဖြစ် ငွေကျပ် ၈ဝဝဝ နှင့် နေ့လွှတ်ပြိုင်ပွဲ များဖြစ်သည့် ခြေနှစ်ချောင်း၊ ခြေလေး ချောင်းနှင့် အုပ်စုလွှတ်ပြိုင်ပွဲများတွင် ငွေကျပ် ၁၅ဝဝ နှုန်း ဝင်ကြေးပေးဆောင် ရမည်ဖြစ်ပြီး ဆုကြေးသတ်မှတ်မှုနှုန်းထားမှာ ညမီးကြီးပြိုင်ပွဲတွင် ပထမဆုကြေးကို ငွေကျပ်သိန်း ၆ဝ၊ စိန်နပန်ကို ငွေကျပ် ၂၅ သိန်း၊ နေ့လွှတ် အရုပ်ပြိုင်ပွဲများတွင် ခြေနှစ်ချောင်းကို ငွေကျပ် နှစ်သိန်း၊ ခြေလေးချောင်းကို သုံးသိန်းနှင့် အုပ်စုလွှတ် ပြိုင်ပွဲတွင် ငွေကျပ် ငါးသိန်းနှင့်အခြား ဒုတိယဆု၊ တတိယဆုများအပါအဝင် နှစ်သိမ့်ဆုများကိုလည်း ချီးမြှင့်ပေးမည်ဖြစ် ကြောင်း သိရသည်။
''ကျွန်တော် ဒီတန်ဆောင်တိုင်မီးပုံးပျံပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာ ရှစ်ကြိမ်ရှိပါပြီ။ ဝင်ပြိုင်ဖြစ်တဲ့ ရည်ရွယ်ချက်ကလည်း ကျွန်တော်တို့ရဲ့ ရိုးရာပြိုင်ပွဲလည်းဖြစ်၊ ကျွန်တော်ကိုယ်တိုင်လည်း ဒီပြိုင်ပွဲ အပေါ်မှာ တကယ်ဝါသနာပါလို့ ဝင်ပြိုင်တာ ပါ။ ကျွန်တော်က တောင်ကြီးမြို့ မင်္ဂလာဦး ရပ်ကွက်ကနေ ရပ်ကွက်ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကုန်ကျ စရိတ်ကတော့ တစ်နှစ်ထက်တစ်နှစ် ပိုပိုများ လာတယ်။ ဒီနှစ်အတွက်ကတော့ အခုပြင်ဆင် နေတာ တော်တော်လေး ပြီးနေပါပြီ။ ဆုကတော့ တစ်ခါမှ မရဖူးသေးပါဘူး။ ပထမဆုဆွတ်ခူးနိုင်အောင် ကျွန်တော်တို့ အဖွဲ့အနေနဲ့ အတတ်နိုင်ဆုံးကြိုးစားသွားမှာ ပါ''ဟု တောင်ကြီးမြို့နယ် မင်္ဂလာဦးရပ်ကွက်မှ ညမီးကြီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုဖြိုးမင်းသန်းက ပြောသည်။
တောင်ကြီးမြို့၏ တန်ဆောင်တိုင်မီးပုံးပျံ ပြိုင်ပွဲတွင် ပြည်သူများစိတ်ဝင်စားမှုအခံရ ဆုံးမှာ ညမီးကြီး မီးပုံးပျံပြိုင်ပွဲဖြစ်သည်။ ညမီးကြီးဆိုသည့်အတိုင်း ခေါင်အချင်းမှာ ၂၄ ပေခွဲ၊ နံအတောင်မှာ ၂၄ ပေ၊ ပတ်လည်ပေ ၉ဝဝ ကျော်ရှိသည့် မီးပုံးပျံကြီးများကို ပြုလုပ်လွှတ်တင်ကြသည်။ ပြိုင်ပွဲဝင်များ အနေဖြင့် မီးရှူးမီးပန်းများကိုလည်း တစ်သောင်းကျော်အထိ အသုံးပြုကြပြီး အသုံးပြုရာတွင်လည်း ရှမ်းစက္ကူ၊ ချည်သား တို့ကိုအသုံးပြုကြကာ ပန်းချီလက်ရာမြောက် အနုပညာများကိုလည်း ထည့်သွင်း အသုံးပြုရသဖြင့် ကုန်ကျစရိတ်မှာအများဆုံးဖြစ်သောကြောင့် ဆုကြေးငွေကိုလည်း အမြင့်ဆုံး သတ်မှတ်ပေးထားကြောင်း ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။ ညမီးကြီး မီးပုံးတစ်လုံးပြိုင်ပွဲဝင်သည်အထိ ပြင်ဆင်မွမ်းမံလျှင် ယခင်နှစ်က ငွေကျပ် ၂၅ သိန်းမှ သိန်း ၃ဝ ဝန်းကျင်သာ ကုန် ကျခဲ့သော်လည်း ယခုနှစ်တွင်မူ ငွေကျပ် သိန်း ၃ဝ မှ ၃၅ သိန်းအထိ ကုန်ကျစရိတ်ကြီးမြင့်မှုရှိခဲ့ကြောင်း ပြိုင်ပွဲများထံမှ သိရသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲကို နှစ်စဉ်တန်ဆောင်တိုင်ကာလ၌ တောင်ကြီးမြို့၏ စူဠာမဏိလောက ချမ်းသာဘုရားပွဲနှင့် မြို့နယ်လုံးကျွတ်မဟာဘုံကထိန်ပွဲတို့တွင် နှစ်စဉ်ထည့်သွင်း ကျင်းပခဲ့သည်။ ယခုနှစ်တွင်လည်း တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်း၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ကာ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး လိုအပ်လျှင် ရက်ထပ်မံတိုး၍ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တောင်ကြီးမီးပုံးပျံပြိုင်ပွဲသို့ ပြည်နယ်တစ်ဝန်းနှင့် နိုင်ငံအနှံ့အပြားမှ နှစ်စဉ်ပရိသတ်အင်အား သုံးလေးသိန်း လာရောက် အားပေးလျက်ရှိသည်။
မြန်မာတို့၏ ရိုးရာမီးပုံးပျံပြိုင်ပွဲကို မြန်မာသက္ကရာဇ် ၁၃ဝ၂ ခုနှစ်၊ ခရစ်နှစ် ၁၉၄၁ ခုနှစ် တန်ဆောင်မုန်းလတွင် ကုန်သာ ကျောင်းဘုန်းကြီးကဦးစီး၍ ဦးထား၊ ဦးချစ်၊ ဦးရီ(ဦးဖိုးရီ)တို့က ခေါင်အချင်း ပေ ၅ဝ ခန့်ရှိ မီးပုံးပျံကြီးကို ပိတ်စဖြင့်ပြုလုပ်ကာ အပ်ချုပ် စက်ဖြင့် စာရေးကတော် ဒေါ်သင့်နှင့်အဖွဲ့၊ ကူညီကုန်း အောင်မြင်ဝပ်ရှော့ (ဆရာမ ဒေါ်သန်းမြ၏အမေ) အုပ်စုက တာဝန်ယူ ချုပ်ပေးခဲ့သည်။ မီးပုံးပျံချုပ်ချိန်မှာ တစ်လ ကြာမြင့်ခဲ့ပြီး မီးစာကို သံနှင့်ပြုလုပ်ကာ သင်္ကန်းစနှင့်ကျစ်၍ ရေနံချေးအသုံးပြုလုပ် ဆောင်ခဲ့သည်။ မီးစာ၏ အရွယ်အစားမှာလည်း လုံးပတ် အချင်း နှစ်ပေ၊ မီးစာအမြင့် ၁ဝ ပေခန့်နှင့် ယင်းမီးစာကို ဦးလှဖေနှင့်အဖွဲ့က တာဝန်ယူ၍ စတင်ပြုလုပ်ပေးခဲ့ကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။
သတင်းဆောင်းပါး-မောင်စိန်လွင်(မြန်မာ့အလင်း)
ဓာတ်ပုံ-မင်းထက်
တိုးတက်လာသောခေတ်နှင့်အညီ ခေတ်မီမီဆန်းသစ်တီထွင်လာကြသည့် ရှမ်းပြည်နယ်၏ ရိုးရာမီးပုံးပျံပြိုင်ပွဲကြီး
တိုးတက်လာသောခေတ်နှင့်အညီ ခေတ်မီမီဆန်းသစ်တီထွင်လာကြသည့် ရှမ်းပြည်နယ်၏ ရိုးရာမီးပုံးပျံပြိုင်ပွဲကြီး
၂၀၀၈ ဖွဲ့စည်းပုံဥပဒေမှာ ရွေးကောက်ပွဲမှာ အနိုင်ရသူ (ဝါ) ၅၁% အနိုင်ရသူ (ဝါ) ပါတီက အစိုးရဖွဲ့ခွင့်ရမယ်လို့ မပါ,ပါဘူး။ ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့ က တင်မြှောက်သော ဒုသမ္မတ၊ အမျိုးသားလွှတ်တော် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က တင်မြှောက်သော ဒုသမ္မတ ဆိုတဲ့ သုံးယောက်ထဲက တစ်ယောက်ကသာ သမ္မတကြီး အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ထိုသူကသာ အစိုးရဖွဲ့ခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကုန်အသံပြာ၊ အိမ်မှာရှိတဲ့ဆန်ပါ ဆန်ကွဲဖြစ်မှာ စိုးလို့ သတိပေးရခြင်းပါ
No comments:
Post a Comment