ပြည်သူ့အကျိုးအတွက် တပ်မတော်နှင့် လက်တွဲလုပ်ကိုင်ရန် လက်ကမ်းကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
Byသက်ဆွေ အောင်သစ်လွင်
Mon, 2015-10-19
ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နှင့် ဒီချုပ်ပါတီ တစ်သွေးတစ်သားတည်းဖြစ်ရေး လက်ကမ်းကြိုနေမည်ဖြစ်ပြီး ရွေးကောက်ပွဲကာလတွင် မတည်မငြိမ်ဖြစ်စေမည့် အကြောင်းများကို အထူးသတိထားရန် ကျုံပျော်မြို့မဲဆွယ်ပွဲတွင်လူထုအား တိုက်တွန်းသွားခဲ့သည်။
ရခိုင်ပြည်နယ် စည်းရုံးရေး ခရီးစဉ်အပြီး အောက်တိုဘာ ၁၈ ရက် ကျုံပျော်မြို့ဟောပြောပွဲ၌ ဒေသခံတစ်ဦးကတပ်မတော်နှင့် NLD တစ်သွေးတစ်သားတည်း ဖြစ်အောင် မည်သို့လုပ်ဆောင် မည်နည်းဆိုသည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ဒီချုပ် ပါတီ စတည်ထောင်စဉ်ကပင် အ မျိုးသားရင်ကြားစေ့ရေး၊ တပ်မ တော်နှင့် ပြည်သူရင်ကြားစေ့ရေး တရားဝင်ကြေညာခဲ့သည်ဟု ပြန် လည်ဖြေကြားခဲ့သည်။
‘‘အာဃာတ တရားတွေ ကင်းစင်ရေး၊ ကလဲ့စားမချေရေး တို့ကို ရှေ့ထားပြီးတော့ တပ်မ တော်ကို ကျွန်မတို့လက်ကမ်းပြီး တော့ ကြိုဆိုပါတယ်။တပ်မတော် နဲ့အတူတွဲပြီးတော့ ပြည်သူအကျိုး အတွက် ထမ်းဆောင်ကြစို့ဆိုပြီး တော့ ထပ်တလဲလဲကျွန်မတို့ကမ်း လှမ်းထားတာ၊ ခုဒီကနေလည်း ထပ်ပြီးတော့ ကမ်းလှမ်းလိုက်ပါ တယ်။ တပ်မတော်က လက်ခံ မယ်ဆိုလို့ရှိရင် ကျွန်မတို့ကလက် ကမ်းကြိုဆိုဖို့ အဆင်သင့်ပါပဲ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားခဲ့သည်။
ရေကြည်မြို့ဟောပြောပွဲ တွင် လာရောက်နားထောင်သည့် လူထုအား ရွေးကောက်ပွဲကာလ တွင် မတည်မငြိမ်မဖြစ်စေရန် အ လေးအနက်ပြောသွားခဲ့သည်။
‘‘ရွေးကောက်ပွဲကာလမှာ မတည်မငြိမ်ဖြစ်လို့ဆိုပြီးတော့၊ အကြောင်းပြပြီးတော့ ရွေးကောက် ပွဲရလဒ်တွေ မထိရောက်မှာစိုးရိမ် ရပါတယ်။ ပြည်သူများကလည်း သတိအနေအထားမှာ အမြဲရှိနေ ပါလို့ ကျွန်မအနေနဲ့ ဆော်သြချင် ပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောခဲ့သည်။
ဧရာဝတီတိုင်း ခရီးစဉ်တွင် လည်း ရခိုင်ခရီးစဉ်က ကဲ့သို့ပင် ဘာသာရေးနှင့်ပတ်သက်၍ ဒေ သခံများက ဒေါ်အောင်ဆန်းစု ကြည်အား မေးမြန်းခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ဘာသာရေးကို အကြောင်းပြု၍ မဲဆွယ်ခြင်းနှင့် ဘာသာရေးအ ကြောင်းပြကာ ဒီချုပ်ပါတီအား တိုက်ခိုက်နေခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်နေ ခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေ ခံဥပဒေချိုးဖောက်နေသူများတွင် သာ အပြစ်ရှိကြောင်း လူထုအား ပြောကြားခဲ့သည်။
ရေကြည်မြို့ဟောပြောပွဲ တွင် ဒေသခံခြောက်ဦးက မေးခွန်း များမေးမြန်းခဲ့ပြီး ကျုံပျော်မြို့ ဟောပြောပွဲတွင် ဒေသခံကိုးဦးက မေးခွန်းများမေးမြန်းခဲ့သည်။
ဒီချုပ်နှင့်ပြည်ခိုင်ဖြိုးတို့ အ ကြိတ်အနယ်ယှဉ်ပြိုင်ရမည်ဟု နိုင်ငံရေးလေ့လာသူများ သုံးသပ် ထားသည့် ဧရာဝတီတိုင်းတွင် အာဏာရပါတီ၏ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများသည် ပြည်သူ့ဘဏ္ဍာ ငွေများဖြင့်သာလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အကျယ်တ၀င့် ပြော ကြားခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီခေါင်း ဆောင်ပိုင်းဖြစ်သော ပါတီပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦး၊ သမ္မတရုံးဝန်ကြီး ဟောင်း ဦးသိန်းညွန့်၊ အားကစား ၀န်ကြီးဟောင်း ဦးတင့်ဆန်း၊ လ၀က၀န်ကြီးဟောင်း ဦးခင်ရီနှင့် တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင် တို့ ၀င်ရောက်ယှဉ်ပြိုင်မည့် ဒေသ ဖြစ်ပြီး၊ ကြံ့ခိုင်ရေးပါတီစည်းရုံး ရေးအားကောင်းသည့် ဧရာဝတီ တိုင်းခရီးစဉ်တွင် ဒီချုပ်ပါတီခေါင်း ဆောင်အား ထောင်ပေါင်းများစွာ သောဒေသခံများက သောင်း သောင်းဖြဖြကြိုဆိုခဲ့ကြသည်။
ရေကြည်၊ ကျုံပျော်မြို့ ဒေ သခံများအပြင် ယင်းမြို့များနှင့် မိုင်တစ်ရာခန့်ဝေးသည့် ချောင်း သာ၊ ငွေဆောင်၊ သာပေါင်း၊ ငပု တော၊ ပုသိမ်၊ ကန်ကြီးထောင့်၊ မြောင်းမြ၊ ၀ါးခယ်မ၊ ဟင်္သာတ၊ လေးမျက်နှာ၊ အင်္ဂပူစသော မြို့ များရှိ ဒေသခံများကလည်း ၁၂ ဘီးကားကြီးများ၊ စက်လှေများဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ဟော ပြောပွဲသို့ လာရောက်နားထောင် ခဲ့ကြသည်။
‘‘ရေကြည်နှင့်ကျုံပျော်ကြား တွင် နေထိုင်သူ အသက် (၇၇)နှစ် အရွယ်အဖွားဒေါ်ညိုက ဒေါ် အောင်ဆန်းစုကြည် လာမည့် လမ်းတွင် နေ့လယ်နေပူပူထဲ၌ စောင့်ကြိုနေပြီး ‘‘သူကတစ်သက် လုံး ပင်ပန်းလာတာ။ အဘွားတို့က အခုမှပင်ပန်းတာ။ ပင်ပန်းရင်ပင်ပန်းပါစေ သူ့ကိုချစ်လို့ ကြိုနေတာ’’ဟု ပြောဆိုခဲ့သည်။
လူထုကြားရေပန်းစားသူ အ ချို့ကို ကိုယ်စားလှယ်လောင်း အဖြစ် မရွေးချယ်ခဲ့ခြင်းအပေါ် ဧရာဝတီတိုင်းခရီးစဉ်တွင် ရှင်း လင်းပြောကြားခဲ့သည်။
ဒီချုပ်ပါတီအနေဖြင့် မြန်မာ တစ်နိုင်ငံလုံးဝင်ရောက်ယှဉ်ပြိုင် မည့် မဲဆန္ဒနယ် ၁,၁၃၀ သာရှိပြီး ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်သူဦးရေမှာ လေးထောင်ကျော်ဖြစ်သော ကြောင့် လူဦးရေ သုံးထောင်ကျော် ကို ချန်ထားခဲ့ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
ထို့အပြင် ဒီချုပ်အစိုးရဖွဲ့နိုင် ပါက အစိုးရအဖွဲ့ကို သူမက ပင် ဦးဆောင်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းခရီးစဉ်၏ နောက်ဆုံးဟောပြောပွဲဖြစ်သော ကျုံပျော်မြို့ဟောပြောပွဲတွင်တိုင်းဒေသကြီးအတွင်း ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်ပါတီ ကိုယ်စားလှယ်လောင်းများနှင့် သီးသန့်တွေ့ဆုံသည်ပြောကြားသွားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် ရခိုင်ခရီးစဉ်မှ တစ်ဆင့် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့သို့ အောက်တိုဘာ ၁၈ ရက် နံနက်၁၁ နာရီခန့်တွင် ရောက်ရှိလာပြီးရေကြည် ကျုံပျော်မြို့များ၌ဟောပြောပွဲနှစ် ကြိမ်ကျင်းပကာ ညနေ ၄ နာရီခွဲခန့်တွင် ရန်ကုန်မြို့သို့ပြန်လည်ထွက်ခွာခဲ့သည်။
7Day
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment