ပါတီနှင့်လူမျိုးကိုပဲကြည့်ပြီး လူပုဂ္ဂိုလ်၏အရည်အချင်းကို မကြည့်ဘဲ မဲပေးပါ က နစ်နာမှုရှိနိုင်ဟု မိုးညှင်းမဲဆွယ်ခရီးစဉ်တွင် ပြောကြား
''ပါတီကိုပဲကြည့်ပြီး လူမျိုးကို ပဲကြည့်ပြီး လုပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အရည် အချင်း အတွေ့အကြုံ ကိုယ်ကျင့်သိက္ခာတို့ကို လေ့လာသုံးသပ် အကဲဖြတ်မှု မရှိဘဲ မဲပေးလိုက်ပါက မိမိတို့နယ်မြေဒေသအတွက် နစ်နာဆုံးရှုံးမှုရှိနိုင်ပြီး'' နောင်တရမည်ကို ပူပန်မိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်စိုးလေး၏ မိုးညှင်းမြို့နယ် အင်းတော်ကြီး အရှေ့ကမ်း မဲဆွယ် စည်းရုံးရေးခရီးစဉ်၌ ထည့်သွင်း ပြောကြားသည်။
မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသ တိုင်းလိုင်(ရှမ်းနီ)လူမျိုး ခေါင်းဆောင် ဦးမောင်မောင်က ''ပါတီကိုပဲကြည့်မယ်။ လူမျိုးကိုပဲ ကြည့်မယ်။ အဲ့ဒီပုဂ္ဂိုလ်က ဘာ အရည်အချင်းမှမရှိဘူးဆိုရင် အဲ့ဒီ လွှတ်တော်ကိုယ်စားလှယ်ပဲ ကောင်း စားပြီး ကိုယ့်ဒေသ၊ ကိုယ့်လူမျိုး တွေကတော့ ဘာမှထူးခြားတိုးတက် လာမှာ မဟုတ်ဘူး။ဒါကို နားလည် ဖို့လိုမယ်''ဟု တိုင်းလိုင် (ရှမ်းနီ) ဘာသာစကား ဖြင့် ရှင်းလင်းပြော ကြားခဲ့သည်။
မိုးညှင်းမြို့နယ် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးကျော်စိုးလေး သည် အင်းတော်ကြီး ဒေသ ပါတီအောင်နိုင်ရေးကော် မတီဥက္ကဋ္ဌ ဦးကြည်လင်းနှင့်အဖွဲ့ ဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးစိန်ဝင်း၊ မြို့နယ်ပါတီအတွင်းရေး မှူး ဦးစိန်ဝင်းထွန်းနှင့် ကော်မတီ ဝင်များ၊ ပါတီဝင် များ အင်အား ၁ဝဝကျော် ဝန်းရံခြံရံလျက် ယခုလ ၁၇ရက်တွင် အင်းတော်ကြီး အရှေ့ ကမ်းရွာသစ်၊ လုံးစန့်၊ နမ့်မောက္ကန်၊ ဟဲပုနှင့်ဟဲပါး ကျေးရွာများသို့ မဲဆွယ် စည်းရုံးကွင်းဆင်းခဲ့ရာ ဒေသခံ ပြည်သူများက ပါတီ အလံငယ်များ ဝှေ့ရမ်း၍လည်းကောင်း၊ လက်ကိုင် ပိုစတာများ ကိုင်ဆောင်၍ လည်း ကောင်း၊ ပြည်ခိုင်ဖြိုးပါတီအောင်ရ မည် ကြွေးကြော်သံများ သံပြိုင် ဟစ်ကြွေး၍လည်းကောင်း၊ အတီး အမှုတ်အကအခုန်များဖြင့် လည်း ကောင်း သောင်းသောင်းဖြဖြ တပျော်တပါး ကြိုဆိုနှုတ်ဆက်ခဲ့ ကြကြောင်း သိရသည်။
ကေဆိုင်းနော်(ဖားကန့်)
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment