Wednesday, October 21, 2015

Facebook တွင် သမ္မတကြီးကို ပြောပေးပါ ဟု ရေးသားခဲ့သူ ကိုအောင်မျိုးလွင်အား သမ္မတကြီးကိုယ်တိုင် တွေ့ဆုံ

Facebook တွင် သမ္မတကြီးကို ပြောပေးပါ ဟု ရေးသားခဲ့သူ ကိုအောင်မျိုးလွင်အား သမ္မတကြီးကိုယ်တိုင် တွေ့ဆုံ
ကောလင်းက ရေဘေးပြန်လည်ထူထောင်ရေး ဆောင်ရွက်နေတဲ့ ကိုအောင်မျိုးလွင်ဟာ သမ္မတကြီးကို ရည်ရွယ်ပြီး "သမ္မတကြီးကိုပြောပေးပါ" ဆိုတဲ့ ပို့စ်ကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ တင်ခဲ့ပါတယ်။ သူရဲ့ တင်ပြချက်ကို သမ္မတကြီးထံ တင်ပြခဲ့ပါတယ်။
ဒီကနေ့ နံနက် ခရီးစဉ်မှာ သမ္မတကြီးဟာ မူလခရီးစဉ်မှာ မပါရှိပေမယ့်လည်း ကောလင်းကို ခရီးစဉ် ထပ်တိုးရေးဆွဲပြီး ဝင်ခဲ့ပါတယ်။ ကိုအောင်မျိုးလွင်ကိုလည်း ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပြီး ကျေးဇူးတင် စကား ပြောကြားခဲ့ပါတယ်။
ကောလင်းမှာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာလည်း Facebook မှာ တင်ခဲ့တဲ့ ကိုအောင်မျိုးလွင်ရဲ့ စာကို ဖတ်ပြခဲ့ပါတယ်။
"ကောလင်းသားတွေက တွဲထူစရာမလိုပါဘူးဗျ။ တုတ်ကောက်လေး တစ်ချောင်းလောက်ရရင် ထနိုင်ပါတယ်" ဆိုတဲ့ စကားက ကောလင်းသားတွေရဲ့ မာန်နဲ့ စိတ်ဓါတ်ကို ဖော်ပြနေပါတယ်။
သမ္မတကြီးက ကောလင်းသားတွေရဲ့ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပုံတွေ၊ ဇွဲသတ္တရှိခဲ့ပုံတွေကို ထုတ်ဖော်ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း စီစဉ်ပေးခဲ့သလို မူလအခြေအနေထက် သာလွန်ကောင်းမွန်တဲ့ ပြန်လည်ထူထောင်ရေးကို အစိုးရ၊ တပ်မတော်၊ ပြည်သူ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။
(ကိုအောင်မျိုးဝေရဲ့ Facebook ပေါ်က ရေးသားချက်)
Aungmyo Kawlin
October 19 at 11:34pm · Edited ·
သမ္မတကြီးကိုပြောပေးပါ
ကောလင်းကို သမ္မတကြီးဒုတိယအကြိမ်လာဦးမယ်ဆိုပဲ
တိုင်းဒေသကြီးဝန်ကြီးချုပ်လဲနှစ်ကြိမ်မြောက်လာသွားပြီးပေါ့
ကျနော်တို့ကောလင်းကို လာဘို့သတိရပေးတာကျေးဇူးပါ
ကျနော်တို့ကအနားကပ်ခွင့်မရလို့ အနားကပ်ခွင့်ရတဲ့သူများကိုတောင်းဆိုခြင်ပါတယ်
သမ္မတကြီးကိုပြောပေးပါ လို့
၁။ကောလင်းမှာ လမ်းတံတားတွေအများကြီးပျက်သွားတယ်
ဒါပေမဲ့တနိုင်ငံလုံးအတိုင်းအတာနဲ့သဘာဝဘေးတွေသင့်ကြလို့ကောလင်းကိုထောက်ပံ့ဖို့အကြပ်အတည်းဖြစ်နေမယ်ဆိုတာသိပါတယ်
ဒါ့ကြောင့် လမ်းပြင်ယင်ဆီဘိုးနှင့်လုပ်အားကိုကျနော်တို့နယ်သားတွေစိုက်ပါ့မယ်
ကျနော်တို့မတတ်နိုင်တဲ့ လမ်းပြင်လို့ရမဲ့ယန္တရားစက်တွေများနိုင်ငံတော်မှာရှိယင်တော့ကူပေးပါလို့
သမ္မတကြီးကိုပြောပေးပါဗျာ
၂။ဒေါင်းမြူးချောင်းကိုဆေးမြီးတိုနဲ့ကုမလို့လဲသတင်းကြားတယ်
နှစ်ပေါင်းများစွာဒုက္ခတွေနဲ့ရင်းထားတဲ့အတွေ့အကြုံတွေရှိတဲ့ ကောလင်းနယ်သားစစ်စစ်တွေရဲ့နှလုံးသားထဲက စကားစစ်စစ်တွေကိုနားထောင်ပြီးမှစစ်မှန်ထိရောက်တဲ့စီမံကိန်းတွေချထားပေးပါလို့ သမ္မတကြီးကိုပြောပေးကြပါဗျာ။
ကိုယ်ထူကိုယ်ထတံတား ၄၄ စင်းကျနော်တို့နယ်သားတွေလုပ်အားနဲ့တည်ဆောက်ပြီးပါပြီ
ရွာခြင်းဆက်လမ်းမတွေကိုလဲကျနော်တို့နယ်သားတွေပေါက်ပြားကိုင်လို့မြေဖို့နေပါတယ်
ဒုတိယအကြိမ်ရေဘေးသင့်ဒေသတွေကိုလည်းစုထားဆောင်းထားတဲ့အလှူငွေလေးတွေနဲ့တအိမ်ထောင်ဆန်လေးပြီဝေငှပြီးပါပြီ ရေနစ်သွားတဲ့တွင်းတွေလဲ ကိုဝေဠုကျော်တို့လှူသွားတဲ့ရေစုပ်စက်နဲ့ပက်ထုတ်ထားပြီးပါပြီ
OVDR4MM ကလဲဆီလှူပါတယ်
ပုံစံရှစ်နဲ့ပျဉ်တွေရောင်းပေးလို့ကျေးဇူးတင်ပါတယ်
တနယ်လုံးကလမ်းတွေပြင်ဖို့ ခရီးသိပ်မတွင်ပေမဲ့ဘက်ဟိုးကားလတ်လေးနှစ်စင်းပို့ပေးထားလို့ကျေးဇူးတင်ပါတယ်
ကောလင်းသားတွေက တွဲထူစရာမလိုပါဘူးဗျ
တုတ်ကောက်လေးတစ်ချောင်းလောက်ရယင် ထနိုင်ပါတယ်
ဒုက္ခတွေထုသားပေသားကျလို့အပြုံးမပျက်ကြပါဘူး
သမ္မတကြီးလာယင် အနားကပ်လို့ရတဲ့သူများကိုအကူအညီတောင်းပါတယ်
အဲ့ဒါလေးတွေတော့ပြောပေးပါ လို့
အောင်မျိုးဝေ
ကောလင်း
ကိုအောင်မျိုးရဲ့ သမ္မတကြီးကိုပြောပေးပါ ပို့စ် ဖတ်ရှုလိုလျှင် (https://www.facebook.com/aungmyo.kawlin.1/posts/898113960278690?pnref=story)
ဦးရဲထွဋ် fb

No comments:

Post a Comment