Sunday, October 18, 2015

ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအကြီးအကဲဦးသိန်းဇော် (ပါတီဗဟိုအကြံပေး)၏ သဘောထား =======

ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအကြီးအကဲဦးသိန်းဇော် (ပါတီဗဟိုအကြံပေး)၏ သဘောထား
=========================================
ဦးသိန်းဇော် (ပါတီဗဟိုအကြံပေး)
ဒီနေ့ NCA လက်မှတ်ထိုးတာဟာ သမ္မတကြီးပြောတဲ့အထဲမှာ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ခြေတစ်လှမ်းစသလိုပဲ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ အကုန်လုံးက သဘောတူကြ တယ်။ လက်မှတ်ထိုးကြတယ်။ ဒီအသက်ဝင် သွားတာ အရေးကြီးပါတယ်။ နိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ကလည်း အသက်ဝင်သွားပြီ။ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီးကိုလည်း အားလုံးကလည်း လက်ခံပြီ။ ဒို့တာဝန်အရေးသုံး ပါးကိုလက်ခံပြီး နိုင်ငံတော်ကနေ ခွဲထွက်မယ်ဆိုတဲ့အစီအစဉ်လည်း မရှိတော့ဘူး။ လက်နက်ကိုင်ပဋိ ပက္ခတွေကို တို့အားလုံးညှိနှိုင်း တိုင်ပင်ပြီးသွားမယ်ဆိုတာကို အားလုံးက လက်ခံတယ် ဆိုတော့ ငြိမ်းချမ်းရေးပန်းတိုင်ကြီးက မလွဲမသွေပွင့်သွားမှာပါ။ ပြည်သူတွေ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဆို တာ ခြေလှမ်းစလှမ်းနေပါပြီ။
အခုလက်မှတ်ထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အပြင် ကျန်တဲ့အဖွဲ့တွေကို သမ္မတကြီးက တံခါးဖွင့်ထားပါတယ်လို့ပြောပါတယ်။ အခြေအနေအကြောင်းကြောင်းကြောင့် မပါဝင်လာနိုင် သေးတာပါ။ မကြာခင်မှာ ပါဝင်လာနိုင်ဖို့ မျှော်လင့်လည်းမျှော် လင့်ပါတယ်။ ဖိတ်လည်းဖိတ်ခေါ် ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ် လျှောက်မှာပါဝင်သူတစ်ယောက် အနေနဲ့ NCA ဟာ ခိုင်မာတဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆောင် ရွက်ခွင့်ပဲ။ အာမခံချက်ရှိတဲ့ နိုင်ငံ ရေးဆွေးနွေးပွဲတွေကို ဖော်ဆောင် ဖို့ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်း ရေးဟာ ခိုင်မာတဲ့ပစ်ခတ်တိုက်ခိုက်ရေးတွေကိုရပ်စဲပြီး အာမခံ ချက်ရှိတဲ့နိုင်ငံရေး ဆွေးနွေးပွဲတွေ ကိုလုပ်နိုင်ဖို့ဖြစ်တယ်။ အဲဒါရဲ့ အနှစ်ချုပ်က NCA ပဲ ဖြစ်ပါ တယ်။ NCA ကလည်း နိုင်ငံ တော်ပိုင်းကအစိုးရရော၊လွှတ်တော်၊ တပ်မတော်ရော၊ တိုင်းရင်းသားတွေဘက်ကဆိုရင်လည်း တိုင်းရင်း သားအဖွဲ့တွေညှိညှိနှိုင်းနှိုင်းနဲ့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်နေတယ်ဆို တာကကြီးကြီးမားမားတွေမဟုတ် ပါဘူး။ ဒါပေမဲ့ ကျယ်ကျယ် ပြန့်ပြန့်နဲ့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ဖြစ်နေတာ မဟုတ်ဘူး။ဒေသန္တရနဲ့ သူ့နေရာလေးတွေမှာ ဖြစ်နေတာဖြစ်တယ်။ ဒါငြင်းလို့ မရဘူး။ ဒါတွေကို ညှိညှိနှိုင်းနှိုင်းနဲ့ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
------------------------------------------------------------------
ချားလ်ကိုး
http://uniondaily



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment