မန္တလေးမဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီးရောက်သူတိုင်း အလေး အမြတ်ထားလို့ကုသိုလ်ယူ နံ့သာသွေးတဲ့လုပ်အား အလှူ
မန္တလေး အောက်တိုဘာ ၁၇
မန္တလေးမြို့ရှိ မြို့ခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည် သူများ လုပ်အားဒါန ဖြင့် နံ့သာသွေးကုသိုလ်ယူသော လုပ်ငန်းတစ်ခု မှာ မဟာမြတ်မုနိရုပ်ရှင်တော် မျက်နှာသစ်တော် ရေအတွက် နံ့သာသွေးခြင်း ပင်ဖြစ်သည်။ မျက်နှာသစ်တော်ရေအတွက် နံ့သာသွေးရန် ကျောက်ပျဉ် များကို စနစ်တကျနှင့် သန့်ရှင်းစွာ ထားရှိသည်။ ကုသိုလ်ပြုသူတို့မှာ မွန်မြတ်သော စေတနာကို အဓိကထားကြသည်။
အနယ်နယ်အရပ်ရပ်မှ မဟာမြတ်မုနိ ဘုရား ဖူးလာသူများသည်။ နံ့သာသွေး ကုသိုလ်ကို အလေးအမြတ်ထားကာ ပြုလုပ်လေ့ရှိသည်။ နံ့သာသွေး သနပ်ခါးကျောက်ပျဉ်များကိုမူ နေ့စဉ် သန့်ရှင်းစွာထားရှိပြီး နံ့သာသွေးသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် နံ့သာ လှူဒါန်းခြင်း၏ ကုသိုလ်များကိုပါ ဗီနိုင်းဆွဲကာ ချိတ်ပေးထားသည့် နံ့သာသွေးကုသိုလ်ယူခြင်းကို နေ့စဉ် နံနက် ၇ နာရီခွဲခန့်မှစကာ ညနေ ၃ နာရီ ခွဲခန့်တွင်သိမ်းသည်ဟု သိရ သည်။ နေ့တာ အတိုအရှည်ပေါ်မူတည်ကာ အချိန်နောက် ကျ ခြင်းများလည်းရှိတတ်သည်ဟု သိရသည်။
နံ့သာသွေးကုသိုလ်ပြုရာမှ ရရှိလာသောနံ့သာ များကို စနစ်တကျ ဖလားကြီးများအတွင်း ထည့်ကာကပ်ရသည်။ မျက်နှာသစ်တော်ရေ အတွက် နံ့သာများကို ရေမွှေး၊ ရေတို့ ရောစပ် ကာ မျက်နှာ သစ်တော်ရေပြု လုပ်လေ့ရှိသည်။ ယခင်က နေ့စဉ်နံနက် လေးနာရီခွဲခန့်တွင် မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို မျက်နှာသစ် ပေးသည်။ ယခုအခါမျက်နှာသစ်တော်ရေကပ် သည့်အချိန်ကို ပြောင်းထားကြောင်း သိရသည်။
မျက်နှာသစ်ပြီးသော မျက်နှာသစ်တော်ရေကို မြို့ခံများနှင့်အတူ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးများက အလေးအမြတ်ထားကာ ယူဆောင်လေ့ရှိသည်။ မျက်နှာသစ်တော်ရေ ရလိုသူများသည် နံနက်စောစောထကာစောင့်ယူ ကြသည်။ နေ့စဉ်နံနက် ၅ နာရီခန့်တွင် မျက်နှာ သစ်တော်ရေ ပေးဝေလေ့ရှိကြောင်း သိရသည်။ နံ့သာသွေး ကုသိုလ်ပြု သူများသည် နံ့သာသနပ်ခါး သွေးရသောကုသိုလ်သည် အကျိုးတရားများစွာ ရရှိကြောင်း ယုံကြည်ကြသည်။ ဘုရားကိုရည်မှန်း ကာ နံ့သာသွေးခြင်းဖြစ် သည့်အတွက် သန့်စင်စွာ သွေးကာ ကုသိုလ်ပြုလေ့ ရှိသည်။
မဟာမြတ်မုနိဘုရားကြီးတွင် နံ့သာသွေး လုပ်အားဒါနပြုသူများ နေ့စဉ်ပြု လုပ်လျက်ရှိပြီး ဥပုသ်နေ့များတွင် ပိုမို၍လူစည်ကားသည်။ လက်ရှိကာလတွင် မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားဖူးလာရောက်သူများ အချိန်ရပါက နံ့သာသွေးကုသိုလ်ပြုခြင်းကို အထွတ်အမြတ် ထား လုပ်ဆောင်ကြ သည်။ ငွေမလို ရွှေမလို စေတနာနှင့် လုပ်အားသာလိုတဲ့ အလှူဟု တင်စား ကာ အလေးအမြတ်ထားလို့ ကုသိုလ်ယူ နံသားသွေးတဲ့အလှူဟုပင် လူသိများကြောင်း သိရသည်။
(တိမ်တမန်)
$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်
No comments:
Post a Comment