ရွှေဆွဲကြိုးအတုကြီးဆွဲထားတဲ့အမျိုးသမီးတစ်ဦးကို မြင်လိုက်တော့ အဲဒါ အတုကြီး၊ မ၀တ်နဲ့လို့ ပြောလိုက်မိတယ်။ အဲဒီအမျိုးသမီးက ပြန်ပြောတယ်။ သူများလှနေတာကို မနာလိုမဖြစ်နဲ့ တဲ့။
နောက်တစ်နေ့မှာလည်း ရွှေလက်ကောက်အတု ၀တ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးကို ထပ်တွေ့ပြန်တယ်။ဒီတစ်ခါတော့ သင်ခန်းစာရသွားပြီမို့ မနေ့က တစ်ယောက်ကို ပြောသလိုမျိုး မပြောတော့ပဲ ..ရွှေရဲ့အရည်အချင်းနဲ့ ရွှေရဲ့ ဂုဏ်သတ္တိတွေကို သူနားလည် သွားအောင် ရေရေလည်လည် ရှင်းပြပေးလိုက်တယ်။
ရွှေအစစ်ရဲ့ အရည်အချင်းနဲ့ ကောင်းကျိုးများကို သေသေချာချာနားလည်းသွားတဲ့ ထိုအမျိုးသမီးဟာ သူဝတ်ထားတဲ့ ရွှေလက်ကောက်အတုကြီးကို သူကိုယ်တိုင်ပဲ ဆွဲချွတ်ပြီး ကျေကျေနပ်နဲ့ပဲ လွင့်ပစ်လိုက်တယ်။
သင်ခန်းစာ...
ဆိုးကွက်တွေချည်းသာ ထောက်ပြနေမယ့်အစား ကောင်းကွက်များကိုသာ ရွေးချယ်ပြောဆို တတ်ပါစေ။
(ကမ္ဘာ့သာသနာပြုဆရာတော် အရှင်သေဌိလ(ဘာမင်ဂမ်ဆရာတော်)၏ ငြိမ်းချမ်းသော စည်းရုံးနည်းကို ကိုးကား၍ ပြန်လည်ရေးသားသည်)
စောနွဲ့ နေဆိုင် (ပူတာအို)
No comments:
Post a Comment