Sunday, October 18, 2015

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည် ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်

'ဓမ္မအသိ' ဆိုတဲ့နေရာမှာ 'ဓမ္မ' ဆိုတာ အမှားအမှန်ကို ခွဲခြားသိနိုင်အောင် ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့ သွန်သင်
ဆုံးမချက်တွေကိုခေါ်တယ်၊ ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့ သဘာဝအကြောင်းတွေရဲ့ အကျိုးအကြောင်း အဆိုးအကောင်း
တွေကို သိတာလည်း ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။
ဓမ္မအသိနဲ့ ဘ၀မှာ အကျိုးရှိရှိနေဖို့ အသိဉာဏ်ရှိရမယ်။
လောကမှာ ဘ၀တစ်ခုရလာတဲ့အခါမှာ နေပုံထိုင်ပုံက အမျိုးအမျိုး ရှိတယ်၊ အကျိုး ရှိတဲ့နေနည်းရှိသလို အကျိုးမဲ့စေတတ်တဲ့ နေနည်း
လည်းရှိတယ်၊ အချို့အချို့သော နေနည်းတွေက ပစ္စုပ္ပန်ဘ၀မှာတော့
အကျိုးရှိပြီး တမလွန်ဘ၀မှာ အကျိုးမရှိတဲ့ နေနည်းမျိုးလည်းရှိတယ်၊ပစ္စုပ္ပန်သံသရာ နှစ်ဖြာလုံး အကျိုးရှိမယ့် နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက ဆုံးမသြ၀ါဒပေးထားတယ်။
အဲဒီလိုနေတတ်ဖို့ဆိုတာ လူတွေမှာ မျက်စိနှစ်လုံး ရှိရသလို အသိဉာဏ်လည်းပဲ
နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့၊ အန္ဓသုတ္တန်မှာ 'ဒွိစက္ခု' မျက်စိနှစ်လုံးရှိတဲ့ ပုဂ္ဂိုလ်ကို
အကောင်းဆုံး ပုဂ္ဂိုလ်လို့ ဒီလိုဟောထားတယ်၊ အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်၊
တစ်ဖက်တည်း မမြင်ရဘူးလို့ ဒီလိုဆိုလိုတာ။

ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည် စာအုပ်မှ ကောက်နုတ်ချက်
အရှင်နန္ဒမာလာဘိဝံသ



$$$မိုးညှင်းသတင်း apk မှကြော်ငြာရှင်များဖိတ်ခေါ်ခြင်း$$$$ မိမိတို့၏လုပ်ငန်းများကိုအချိန်တိုအတွင်းမှာလူသိများလာအောင် မိုးညှင်းသတင်း apk မှဆောင်ရွက်ပေးပါမည် $$ကြော်ငြာခနှုံးထားများ$$ တစ်ရက် နှစ်ကြိမ်တင် ၁၀၀၀ ကျပ် သတင်းapk ရဲ့ထိပ်မှာ ၁၂ နာရီကြာတင်ထားမယ်ဆိုရင် တစ်ရက် ၂၀၀၀ ကျပ် ပေးပို့ရန် ကြော်ငြာမည့်စာသား ဓါတ်ပုံ ၃ ပုံထိလက်ခံပါသည် ငွေပေးချေရန် MPT Ooredoo ငွေဖြည့်ကက်ပို့ပေးရပါမည်

No comments:

Post a Comment