Tuesday, September 1, 2015

မိန်းမကိုယ် ရောဂါကင်းပြီး သန့်ရှင်း ကျန်းမာစေရန်

မိန်းမကိုယ် ရောဂါကင်းပြီး သန့်ရှင်း ကျန်းမာစေရန်
မိန်းမကိုယ် ရောဂါ ကင်းရှင်းပါက ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက် အဖြစ် ရပ်တည်နိုင်မှာပါ။ မိန်းမကိုယ် မှိုစွဲပြီး အနံ့အသက်ဆိုး ဖြစ်တာကနေ ကာကွယ်ဖို့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ပါ။
(၁) ဆပ်ပြာ လုံးဝ မသုံးပါနှင့်
မိန်းမကိုယ် သန့်ရှင်းစေဖို့ သန့်စင်ရာမှာ ဆပ်ပြာ လုံးဝ မသုံးသင့်ပါ။ ခန္ဓာကိုယ်မှာ သန့်ရှင်းတဲ့ စနစ်က အလိုအလျောက် ပါပြီးသားမို့ မိန်းမကိုယ် အတွင်းဘက်ကို ဆေးကြောတာမျိုးတွေလည်း မလုပ်သင့်ပါ။
(၂) စပရေး ဖျန်းဆေး မသုံးပါနှင့်
ပန်းရနံ့တွေ မွှေးပျံ့လိုတာကြောင့် အမွှေးနံ့ပါတဲ့ စပရေး ဖျန်းဆေးကို မိန်းမကိုယ်မှာ အသုံးမပြုသင့်ပါ။ မိန်းမကိုယ်ရဲ့ စံကို ပြောင်းလဲစေပြီး ယားယံတာနဲ့ တခြား ပြဿနာတွေ ဖြစ်ပွားနိုင်ပါတယ်။
(၃) ရာသီလာနေစဉ် သန့်ရှင်းရေး ဂရုစိုက်ပါ
မိန်းမကိုယ် ရောဂါဘယ ကင်းရှင်းပြီး ကျန်းမာဖို့ဆိုရင် တစ်ကိုယ်ရေ သန့်ရှင်းရေးအပြင် ရာသီလာနေစဉ်မှာ မိန်းမကိုယ် သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ ရာသီလာစဉ်မှာ အသုံးပြုတဲ့ လစဉ်သုံး ပစ္စည်းကို မလဲလှယ်ဘဲ တစ်နေကုန် အသုံးပြုတာမျိုး မလုပ်သင့်ပါ။ အချိန်ကြာကြာ အသုံးပြုတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားပြီး နီရဲတာ၊ ယားယံတာတွေ ဖြစ်နိုင်တာကြောင့်ပါ။
(၄) ချည်သား အတွင်းခံ ဘောင်းဘီ ဝတ်ဆင်ပါ
ချည်သားဘောင်းဘီက ခြောက်သွေ့လွယ်ပြီး လေဝင်လေထွက် ကောင်းမွန်တာကြောင့် မှိုတွေပေါက်ဖွားမှု မဖြစ်အောင် ဟန့်တားနိုင်ပါတယ်။ နိုင်လွန်သား၊ ပိုးသားတွေနဲ့ ချုပ်လုပ်ထားတဲ့ အတွင်းခံ ဘောင်းဘီ ဝတ်ဆင်မှုမျိုးကို ရှောင်ပါ။
(၅) ပွပွချောင်ချောင် အဝတ်အစား ဝတ်ဆင်ပါ
အဝတ်အစားဝတ်ဆင်ရာမှာ ကျပ်လွန်းတဲ့ ဘောင်းဘီ၊ စကတ်တွေ ဝတ်ဆင်တာမျိုးက မိန်းမကိုယ် ခြောက်သွေ့မှုကို အားနည်းစေပြီး မှိုစွဲတာ၊ ယားယံတာတွေကို ဖြစ်စေပါတယ်။
(၆) ဆီးခုံမွေး ရိတ်ပါ
မိန်းမကိုယ်မှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ ဆီးခုံမွေး ရိတ်ပေးဖို့ လိုပါတယ်။ မိန်းမကိုယ် တစ်ဝိုက်မှာ အမွေးအမှင်တွေ ရှိနေပါက စိုစွတ်နေစေပြီး ဘက်တီးရီး ယားပိုးတွေ၊ မှိုပိုးတွေ ပေါက်ဖွားရှင်သန်မှုကို အားပေးတာကြောင့်ပါ။
(၇) Kegel လေ့ကျင့်ခန်း လုပ်ပါ
Kegel လေ့ကျင့်ခန်း လုပ်တာက တင်ပါးဆုံ ကြွက်သားတွေကို သန်မာစေပြီး အိမ်ထောင်ရေး သုခကို အပြည့်အဝ ရရှိစေပါတယ်။ Kegel လေ့ကျင့်ခန်းဆိုတာက ဆီးသွားနေချိန် တစ်ဝက်လောက်မှာ ဆီးသွားတာကို ခဏရပ်ပြီးမှ ဆီးဆက်သွားပါ။ ကြွက်သားတွေ သန်မာစေပါတယ်။
(၈) ရေများများ သောက်ပါ
ရေမကြာခဏ သောက်ပေးတာက မိန်းမကိုယ် ကျန်းမာရေးကို အထောက်အကူ ပြုပါတယ်။ ဆီးသွားတာ တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား ရေသောက်ပေးတာက ခန္ဓာကိုယ်မှာရှိတဲ့ ဘက်တီးရီးယားပိုးတွေ ဆီးနဲ့အတူ ထွက်သွားစေဖို့ အားပေးပါတယ်။
(၉) မိန်းမကိုယ်တွင် ပြောင်းလဲမှု ရှိ၊ မရှိ စစ်ဆေးပါ
အဖြူဆင်းတဲ့အခါ အရောင်၊ အနံ့ ရှိ၊ မရှိ၊ ယားယံတာတွေ ဖြစ်၊ မဖြစ် ကိုယ့်ကိုယ်ကိုယ် သတိထားဖို့ လိုအပ်ပါတယ်။ အဆိုပါ လက္ခဏာမျိုးတွေ တွေ့ရှိပါက ဆရာဝန်နဲ့ ပြသစစ်ဆေးပါ။
(၁၀) Pap Smear စစ်ဆေးပါ
ကြိုတင်ကာကွယ်တာက ကုသတာထက် ထိရောက် အကျိုးရှိပါတယ်။ Pap Smear ပြုလုပ်ပြီး သားအိမ်ခေါင်း ကင်ဆာ မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ်။ တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း ပြုလုပ်ဖို့ လိုပါတယ်။
အလင်း(ဆေးဝါး)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment