Saturday, September 19, 2015

ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများ တင်သွင်းမှု များလာ

ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများ တင်သွင်းမှု များလာ

မြိတ် စက်တင်ဘာ ၁၈

တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုလုပ်ငန်းများတွင် တင်သွင်းကုန်ပစ္စည်းများ အဖြစ် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများ တင်သွင်းမှုများလာကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံထုတ် ဘိလပ်မြေအမျိုးအစားများ အနက် ပြည်တွင်းဆောက်လုပ်ရေး လုပ်ကိုင်သူများအကြိုက် အသုံးပြုသူများပြီး အရည်အသွေး ကောင်းမွန်သည့် ကုန်အမှတ်တံဆိပ်များ ဖြစ်သည Insee Diamond သိန်းငှက်အမှတ်တံဆိပ်နှင့် SCG ဆင်တံဆိပ် ဘိလပ်မြေအမျိုးအစားကို အများအပြား တင်သွင်းကြကြောင်း သိရသည်။

ယင်းသို့ကုန်ပစ္စည်းများ တင်သွင်းရာတွင် အမျိုးအစားနှင့် တစ်အိတ်ပါဝင်သည့် ကုန်အလေးချိန်၊ ပေါက်ဈေးနှုန်းပေါ် မူတည်၍ တင်ဆောင်မည့် အရေအတွက် အတိုင်း နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနနှင့် အကောက်ခွန်ဌာန တို့တွင် နိုင်ငံတော် သို့ ကျသင့်ငွေ အခွန်အခများ ပေးဆောင်ပြီး ကမ်းရိုးတန်းသွား သင်္ဘောကြီးများဖြင့် ပြည် တွင်းမြို့ကြီးများ ဖြစ်သော ရန်ကုန်၊ ပုသိမ်၊ စစ်တွေ၊ ကျောက်ဖြူမြို့တို့သို့ တစ်လလျှင်နှစ်ခေါက်ခန့် တိုက်ရိုက်တင်သွင်းလျက် ရှိရာ ရာသီဥတု ကောင်းမွန်ချိန်တွင် တန်ချိန် ၇ဝဝဆံ့ သင်္ဘောတစ်စင်းလျှင် ဘိလပ်မြေအိတ်ရေ နှစ်သောင်းကျော်အထိ တင်ဆောင်ပြီး မြန်မာနိုင်ငံတောင်ဘက် အစွန်ဆုံးကော့သောင်းမြို့မှ တစ်ဆင့် ပြည်တွင်းဈေးကွက်သို့ တင်ပို့လျက် ရှိကြောင်း ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များထံမှ သိရသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment