မြန်မာနှင့် နယူးဇီလန်အသင်း ယနေ့ခြေစမ်းပွဲ ကစားမည်
====================================
ရန်ကုန် စက်တင်ဘာ ၆
မြန်မာနိုင်ငံ၌ ဖြစ်ပေါ်ခဲ့သည့် ရေဘေးသင့်ဒေသများအတွက် ရန်ပုံ ငွေပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် နယူးဇီလန်လက်ရွေးစင် အသင်းတို့၏ ခြေစမ်းပွဲကို စက်တင်ဘာ ၇ ရက် (ယနေ့) ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယင်းခြေစမ်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက င်္ငြ်္ ရုံး၌ကျင်းပရာ နှစ်ဖက်အသင်းနည်းပြများနှင့် အသင်းခေါင်းဆောင်များ တက်ရောက်ကြသည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်မိုဗစ်က ''နယူးဇီလန်ကဲ့သို့ အသင်းကောင်းတစ်သင်းနှင့် ခြေစမ်းခွင့်ရရှိရန် အချိန်အကြာကြီးစောင့် ခဲ့ရကြောင်း၊ ကူဝိတ်အသင်းနှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှ အမှားများ၊ လိုအပ်ချက်များကို ပြင်ဆင်ထားကြောင်း၊ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီ ယူအေအီးအသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲသည် ကစားပုံကောင်း ခဲ့သော်လည်း ကူဝိတ်အသင်းနှင့်ပွဲတွင် မမျှော်လင့်သည့် ရလဒ်ထွက်ပေါ်ခဲ့ ကြောင်း၊ ယင်းပွဲအရှုံးရလဒ်သည် ယခုနယူးဇီလန်နှင့်ပွဲအပေါ် ရိုက်ခတ်မှု မရှိအောင် ကစားသွားမည်ဖြစ်ကြောင်း၊ ယခုပွဲတွင် နောက်တန်းကို အပြောင်းအလဲပြုလုပ်မည်ဖြစ်ပြီး ဒေးဗစ်ဒန်းမှာ ဒဏ်ရာရနေကြောင်း၊ အောင်ဇော်နှင့် ဇော်မင်းထွန်းမှာ လာမည့်ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ပွဲပယ်ခံထားရရာ ယင်းပွဲအတွက် ပြင်ဆင်သည့်အနေ ဖြင့် အသုံးပြုမည်မဟုတ်ကြောင်း၊ ပွဲထွက်လူစာရင်း အတွက် လေ့ကျင့်ရေးကွင်းစွမ်းဆောင်မှု၊ ကြိုးစား အားထုတ်မှုတို့က အရေးကြီးကြောင်း၊ မိမိအနေဖြင့် ကစားသမားကောင်းများဖြင့် အသင်းကို ဖွဲ့စည်းထား သော်လည်း ၄င်းကစားသမားများ အတွဲမိရန် အချိန် ပေးရမည်ဖြစ်ကြောင်း၊ အသင်းကောင်းတစ်သင်းဖြစ်လာ ရန်တည်ဆောက်ရာတွင်အချိန်ကာလတစ်ခု လိုအပ် ကြောင်း၊ မိမိစင်ကာပူအသင်းကို ကိုင်တွယ်စဉ်ကလည်း ယခုကဲ့သို့ ဂိုးပြတ်ရှုံးပွဲများ ကြုံတွေ့ဖူးသော်လည်း အချိန်ပေးပြီးကိုင်တွယ်စေခဲ့သောကြောင့် အောင်မြင် မှုရခဲ့ခြင်းဖြစ်ကြောင်း'' ပြောကြားခဲ့သည်။
နယူးဇီလန်အသင်းခေါင်းဆောင် ဝင်စတန်ရိဒ်က မြန်မာနိုင်ငံလို နေရာမျိုးတွင် ခြေစမ်းပွဲလာရောက် ကစားခွင့်ရသည့်အတွက်ကျေနပ်မိကြောင်း၊ ရာသီ ဥတုချင်းကွာခြားသော်လည်း တစ်ပတ်ကြိုတင် လာ ရောက် လေ့ကျင့်ထားသည့်အတွက် အခက်အခဲမရှိ ကြောင်း၊ ရလဒ်ကောင်းရရှိရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
နည်းပြချုပ် အန်တိုနီဟော့ဒ်ဆန်ကမြန်မာအသင်း ကစားပုံကို အချိန်ယူ လေ့လာထားကြောင်း၊ ကူဝိတ် နှင့် ခြေစစ်ပွဲကို ကြည့်ထားပြီး ယနေ့ပွဲတွင် အကောင်း ဆုံး လူစာရင်းဖြင့်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ မြန်မာ အသင်းပွဲကို ကြည့်ထားသော်လည်း ကစားပုံနှင့် ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း ပြောကြား ခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်
အားပေးတဲ့အတွက်ကျေးဇူးပါ
No comments:
Post a Comment