Saturday, September 19, 2015

ချယ်ဆီး ၂ - အာဆင်နယ် ၀၊

ချယ်ဆီး ၂ - အာဆင်နယ် ၀၊
ဒီကနေ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာတော့ ရာသီ အစမှာ နိုင်ပွဲ ရှားပါးနေခဲ့တဲ့ ချယ်ဆီးက ပြိုင်ဖက်ကြီး အာဆင်နယ်ကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူလိုက်ပါတယ်။ အာဆင်နယ်ဖက်က နောက်တန်းလူ ဂယ်ဘရီယယ်နဲ့ ကာဇိုလာတို့ အထုတ်ခံရပြီး ကိုးယောက်နဲ့ ကစားနေရချိန်မှာ ချယ်ဆီး ဂိုးတွေ သွင်းသွားတာပါ။ ချယ်ဆီးရှေ့တန်းလူ ဒီယေဂိုကော့စတာနဲ့ စကားများရာက ဂယ်ဘရီယယ်က ကန်လိုက်မိလို့ ပထမပိုင်း မပြီးခင်လေးမှာ အနီကတ်နဲ့ အထုတ်ခံရပါတယ်။ ကာဇိုလာကတော့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံရတာပါ။
ချယ်ဆီးအတွက်ဂိုးတွေကို ၅၃ မိနစ်မှာ ဖက်ဘရီဂတ်ရဲ့ ဖရီးကစ်ကို ကာ့ဇူးမားက ခေါင်းတိုက်ပြီး တစ်ဂိုး မိနစ် ၉၀ မှာ ဟက်ဇတ်က တစ်ဂိုး သွင်းပေးခဲ့ကြပါတယ်။
ပွဲတလျှောက် ကော့စတာက အဆင်နယ်ဘောလုံးသမားတွေကို ရန်စနေခဲ့တာကို အာဆင်နယ်မန်နေဂျာ အာဆင်းဗင်းဂါးက ထောက်ပြပြီး ကော့စတာရဲ့ အပြုအမူတွေဟာ ရွံစရာ ကောင်းတယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment