Friday, September 11, 2015

ကယားမြို့နယ်ငါးခုတွင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးဆင်း

ကယားမြို့နယ်ငါးခုတွင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးဆင်း

Saturday, September 12, 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စည်းရုံးရေးအတွက် ကယားပြည်နယ်သို့ ရောက်ရှိနေသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၁၁ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ စုစုပေါင်း မြို့နယ်ခုနစ်ခုအနက် မြို့နယ်ငါးခုကို စည်းရုံးရေးဆင်းပြီး ဖြစ်သည်။
စက်တင်ဘာလ ၁၀ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့သို့ ရောက်ရှိခဲ့ပြီး ယင်းနေ့တွင်ပင် ဒီမောဆိုးမြို့၊ ဖရူဆိုးမြို့နှင့် ဘောလခဲမြို့တို့တွင် အောင်နိုင်ရေး ဟောပြောပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ယင်းနောက် စက်တင်ဘာလ ၁၁ ရက်တွင် ဖားဆောင်းမြို့နှင့် လွိုင်ကော်မြို့တို့တွင် ပါတီစည်းရုံးရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း NLD ဗဟိုက ထုတ်ပြန်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ် ကျေးရွာများရှိ ဒေသခံများကို မက်လုံးပေး ခြိမ်းခြောက်မှုများ ရှိနေကြောင်း ဖရူဆိုးမြို့နှင့် ဘောလခဲမြို့ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် ထည့်သွင်းပြောကြားခဲ့ပြီး ပါတီကိုယ်စားလှယ်လောင်းထက် ပါတီကိုသာကြည့်၍ မဲပေးစေလိုကြောင်း ဆက်လက်ပြောကြားသည်။
ကယားပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သော ကိုယ်စားလှယ်လောင်းများသည် မဲဆွယ်နယ်မြေ ကျဉ်းသောကြောင့် ပါတီစည်းရုံးရေးကို ကြပ်မတ်လုပ်ကိုင်နိုင်ကြောင်း၊ ယင်းကြောင့် ကိုယ်စားလှယ်အများစုသည် ကယားပြည်နယ်တွင် စည်းရုံးရေးလုပ်ငန်းများ ဖိဖိစီးစီး လုပ်ဆောင်နေကြောင်း ဒီမောဆိုးမြို့ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
နိုင်ငံတော်သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းနှင့် ဦးအောင်မင်းတို့ကလည်း ကယားပြည်နယ် ဘော်လခဲမြို့နှင့် ရှားတောမြို့တို့တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၄ ဦးသည် ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

The Voice Weekly



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment