DAY (10)
အစိုးရ အသုံးစရိတ်မှ ကျပ်ငွေ ဘီလီယံ သန်းပေါင်း ၆၀ ကျော် သုံးစွဲ ထားပြီးယုံမက နိုင်ငံတကာမှ အကူအညီ ဒေါ်လာ သန်း ၂၀ အပြင် စရိတ်စက ခံ၍ ပြည်ပသို့ စေလွှတ်ကာ လေ့လာခိုင်းခြင်းအပြင် ပြည်တွင်း တွင်လည်း သင်တန်းများ ပေးခြင်း တို့ကို ၅ နှစ် နီးပါးမျ ရရှိ နေကြသော ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့မှ ကိုယ့်ဘာသာ အမှတ်ချစ်၍ ထုတ်ပြန်လိုက်သော အောင်စာရင်းက ၃၀% ပင် မှန်သည်ဆို၍ နေပေသည်။
ပြည်တွင်း ရှိ ဦးပိုင် ကုမဏ္ကီကြီး ၏ ဥက္ကဌ ဖြစ်ခဲ့သော ဗိုလ်ချူ ပ်ကြီး ဟောင်း တဦးအဖို့ ၎င်း၏ လုပ်ရည်ကိုင်ရည်က ရပ်ကွက်ရုံးရှိ စာရေးတယောက်လောက်ပင် မရှိရှာကြောင်း တနိုင်ငံလုံးသိသွားခဲ့ရပေသည်။သို့အတွက် ညှာတာထောက်ထားတတ်သည့် လူအများက အခုလို သမိုင်းဝင် ရွေးကောက်ပွဲကြီးတွင် သာမန် စာရေး တယောက်မျပင် အရည်အချင်း မရှိရှာသူ၊ မည်မျပင် သင်ပေးသော်လည်း မခံယူနိုင်သော learning disability ဖြစ်နေရရှာသည့် ဦးတင်အေး ဆိုသူ ပုဂ္ဂိုလ်ကြီးအား မတန်မရာ ရာထူးပေးကာ မညှာမတာ ခိုင်းစေခဲ့မှု အတွက် အစိုးရအား လူလူချင်း စာနာ ထောက်ထားမှု မရှိ ညှင်းပန်း နှိပ်စက်ရကောင်းလားဟု ဒေါသတကြီးဖြစ်ကြရကာ အဖြူ ရောင် ဖဲကြိုးဖြင့် ကန့်ကွက် ဆန္ဒထုတ်ဖေါ်နေကြပြီ ဖြစ်သည်။
(၂) နောက် ၅ နှစ် ဆက်လုပ်ခွင့် ရလျင် စင်္ကာပူလို ဇြစ်အောင် လုပ်မည်တမျိုး၊ ဆိုက်ကားနင်းလည်း ချမ်းသာနိုင်ပါတယ်တဖုံ သူရူးတယောက်ပမာ ပြောခဲ့သော ဗိုလ်ချူ ပ်ကြီးဟောင်း တဦး ဖြစ်ခဲ့သည့် ဧရာဝတီတိုင်း ၀န်ကြီးချူ ပ်က ယခုတဖန် တတိုင်းလုံးရှိ လူဦးရေ ၆ သန်း စလုံးကို ၎င်းတွင် လိုတရ စကြာ ကြိမ်လုံး ရှိနေသညိ့အလား ပညာတတ်ကြီးများ ဖြစ်လာအောင် လုပ်ပေးနိုင်သည်ဟု ဆိုနေပြန်ပေသည်။
(၃) အလဲဗင်း သတင်းအား နာမည်ပျက်အောင် အပုပ်ချ ပြောဆိုခဲ့သည့် ဦးလှဆွေအား နစ်နာကြေး သိန်း ခြောက်ထောင် ရလိုမှုဖြင့် တရားစွဲဆိုသည့် အမှုကို တရားရုံး က လက်ခံကြားနာတော့မည်ဟု ဆိုပါတယ်။ ရုံးချိန်းကို စက်တင်ဘာ ၂၃ ရက်နေ့ကို သတ်မှတ်ထားပြီး ဘူးလက်ကြီးကမူ ၆ ပြား တောင် မပေးဘူးဟု ကြိမ်းဝါးနေပါတယ်။
(၄) ပုံတွင် မြင်ရသည်ကား သူရ ဦးရွှေမန်းတယောက် ဇာတိရပ်ရွာ ဖြစ်သော ဖြူးမြို့ သို့ မဲဆွယ်ရန် ရောက်ရှိစဉ် ရန်ကုန်-မန္တလေး ကားလမ်းပေါ်ရှိ ကညွတ်ကွင်းဘက်သို့ နံက်ခင်း လမ်းလျောက်ထွက်စဉ် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်က စ၍ မုန်ဟင်းခါး ရောင်းချ စားသောက်နေရသော ဒေါ်ခင်ညို မုန့် ဟင်း ခါး ဆိုင်သို့ ၀င် အားပေးရင်း စကားစမြည် ပြောနေပုံပါ။
၁၉၈၀ ကျော်လောက်ကထဲက နှစ်ပေါင်း ၃၀ လုံးလုံး သူခမျာ ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲ မုန့်ဟင်းခါး ရောင်းနေရသည့် ဘ၀မှ ဒေါ်ခင်ညို ဖြစ်လာသည့်အထိ မလွတ်မြောက်နိုင် ဖြစ်ရရှာသော သူမအကြောင်းအား အိမ်ပြန်ရောက်သညိ့အခါ အင်တာနက်ကုမဏ္ကီကြီး တခု ပင် လက်ဝယ်ပိုင်ဆိုင်နိုင်အောင် အချိန်တိုအတွင်း ပြု လုပ်နိုင်စွမ်း ရှိသည့် သားနှင့် ခ္ဈေးမဖြစ်သူတို့အား သဗ္ဗေသတ္တာ ကမ္မသကာဟု စိတ်မကောင်းခြင်း ကြီးစွာဖြင့် ပြန်ပြောပြရှာလေမလား၊ သို့တည်းမဟုတ် မိမိတို့ စစ်အစိုးရမှ မုန့်ဟင်းခါးသည် ဒေါ်ခင်ညို ၏ ဘ၀ တိုးတက်အောင် နှစ်ပေါင်း ၃၀ လုံးလုံး ပြု လုပ်နိုင်စွမ်း မရှိခဲ့သည့် မိမိ၏ ကျောင်းတော်သားကြီးများ၏ စွမ်းရည်ကိုပဲ အပြစ်ဖို့မေလေမလား။ ဘယ်သူမှ မသိနိုင်ပေ။
(၅).ဒေါ်စိန်အေး ကျောင်းတော်ကြီး ရှိရာ မေမြို့သို့ စည်းရုံးရေး ဆင်းခဲ့ကြသော NLD ကိုယ်စားလှယ် အဖွဲ့ဝင်များသည် အသွားတွင် ဘာမှ မရှိခဲ့သော လမ်းကြီးကား အပြန်တွင် နတ်သကြားများ ဖန်ဆင်းသည့်အလား ပုံတွင်မြင်ရသည့်အတိုင်း ကားသွား၍ မရအောင် အုတ်ခဲပုံကြီး ရောက်ရှိနေရသည့် အဖြစ်ကို တအံတသြ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ယူခဲ့ကြပါတယ်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment