Sunday, September 6, 2015

ချင်းတွင်းမြစ်ကြောင်းရှိ မြို့ခုနစ်မြို့ ရေလွှမ်းမိုးမှု အန္တရာယ်ရှိအဆင့်သတ်မှတ်

ချင်းတွင်းမြစ်ကြောင်းရှိ မြို့ခုနစ်မြို့ ရေလွှမ်းမိုးမှု အန္တရာယ်ရှိအဆင့်သတ်မှတ်
Monday, September 7, 2015
ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ မြို့ခုနစ်မြို့ကို ရေ လွှမ်းမိုးမှုအန္တရာယ်အဆင့်သတ် မှတ်ထားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဦး ကျော်မိုးဦးက သတိပေးသည်။
ချင်းတွင်းမြစ်ရေကြောင့် ခန္တီး မြို့တွင် လူတစ်သောင်းကျော်ရေ ဘေးသင့်ခဲ့ပြီးနောက် ဒေသတွင်း မြို့များဖြစ်သည့် မော်လိုက်၊ ဟုမ္မ လင်း၊ ဖောင်းပြင်၊ ကလေးဝ၊ မင်း ကင်းနှင့် ကနီမြို့များ၌ မြစ်ရေ ဆက်လက်မြင့်တက်လာကာ အန္တ ရာယ်ရှိအဆင့်သို့ ရောက်ရှိနေကြောင်း ဦးကျော်မိုးဦးက ပြော သည်။
‘‘စုစုပေါင်း ခုနစ်မြို့ပေါ့။ DangerLevelရောက်နေတာ။ ခန္တီးမြို့မှာ နည်းနည်းတန့်နေပေမယ့် မော်လိုက်၊ ဟုမ္ပလင်း၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်းနဲ့ ကနီမြို့တွေ ရေထပ်တက်လာနိုင်တယ်။မြေနိမ့်ပိုင်းနဲ့ မြစ်ကမ်းဘေးနေသူတွေအတွက်ဌာနကနေ အထူး သတိပေးချက်ထုတ်ထားတယ်’’ ဟု ၎င်းကဆိုသည်။
စက်တင်ဘာ ၆ရက်တိုင်း တာချက်များအရ မော်လိုက်မြို့ တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေ မှတ်အထက် ၉ပေခွဲအထိ မြင့် တက်နေပြီးအဆိုးရွားဆုံးဖြစ်နေ သည်ဟု ဒေသခံများကပြော သည်။ ကျန်မြို့နယ် ခြောက်မြို့ နယ်တွင်လည်း လာမည့်သုံးရက် ခန့်အထိ စိုးရိမ်ရေမှတ်အထက် တွင် ရှိနေနိုင်သည်ဟု မိုး/ဇလဌာ နက သတင်းထုတ်ပြန်ထားသည်။
‘‘ကလေးဝဆိုရင် ပြီးခဲ့တဲ့ ရေဘေးကို ပြန်လည်ထူထောင် ရေးလုပ်နေတုန်းပဲ။ အခုမြို့ထဲရေ တွေပြန်ဝင်တော့ ဘာလုပ်ရမှန်း ကို မတွေးတတ်ဘူးဖြစ်နေတယ်။ ကုန်ဈေးနှုန်းတွေလည်းတက်နေ တယ်။ ဆန်ဆိုရင်တစ်အိတ်တစ် သောင်းကျော်တက်နေတာ’’ဟု ကလေးဝမြို့နယ်စာရေးဆရာအ သင်းမှ ဒေါ်အိအိခိုင်ကပြောသည်။ ကလေးဝမြို့တွင် ကယ်ဆယ်ရေးစခန်းလေးခု ဖွင့်ထားရပြီးဒေသတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၆၀ ကျော်ဖွင့်ထားကြောင်းစစ်ကိုင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှသတင်းရရှိသည်။
မော်လိုက်၊ ဟုမ္မလင်းနှင့် ဖောင်းပြင်မြို့တို့တွင် အစိုးရစာ သင်ကျောင်းများပိတ်ထား ရသည်မှာငါးရက်ခန့်ရှိပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီးအ တွင်း ရေဘေးသင့်ဒေသများသို့ စက်တင်ဘာ ၆ရက်တွင်လာရောက်မည်ဆိုသည့် စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦး ဆောင်သော အစိုးရအဖွဲ့မှာ ရောက်လာခြင်းမရှိဘဲ စက်တင်ဘာ ၇ရက်မှသာ လာရောက်မည်ဟု မော်လိုက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
လက်ရှိရေကြီးနစ်မြုပ်မှုများ ရင်ဆိုင်နေရသော ဒေသများဖြစ် သည့် စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ တွင်နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုး/ဇလက စက်တင်ဘာ ၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။
မိုး/ဇလဌာန၏ မြစ်ရေသတိ ပေးထားသည့်အခြားသတင်းတစ် ရပ်မှာ ဧရာဝတီတိုင်းဒေသကြီး တွင် င၀န်မြစ်ရေမြင့်တက် နေပြီး ငါးသိုင်းချောင်းမြို့၌ စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခန့် ကျော်နေသည်ဟုသတင်းထုတ် ပြန်ထားသည်။
လာမည့်သုံးရက်အတွင်း စိုး ရိမ်ရေမှတ်အထက်တွင် တည်ရှိ နေနိုင်သောကြောင့် င၀န်မြစ်တစ် လျှောက်ရှိ မြစ်ကမ်းအနီးနှင့် မြေ နိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်သတိရှိရန်လို သည်ဟု ဦးကျော်မိုးဦးက ပြော သည်။
ချင်းတွင်းမြစ်ရေတက်လာ၍ ရေလွှမ်းမိုးမှုခံနေရပြီဖြစ်သော ကလေးဝမြို့ကို စက်တင်ဘာ၇ရက်က တွေ့ရစဉ် (ဓာတ်ပုံ−မင်းသန့်)
7Day Daily



အားပေးတဲ့အတွက်ကျေးဇူးပါ

No comments:

Post a Comment