Wednesday, September 9, 2015

မဲပြားရေး မဟာဗျူဟာနဲ့ ခွဲခြားရေး အာဏာ ယာစကာများ သတိပြု ”

“ မဲပြားရေး မဟာဗျူဟာနဲ့ ခွဲခြားရေး အာဏာ ယာစကာများ သတိပြု ”

ကံမကောင်းအကြောင်းမလှတဲ့
မြန်မာနိုင်ငံမှာ
စစ်အာဏာရှင်အဆိပ်ပင်ကြီး
ပေါက်ရောက်ရှင်သန်နေတာ
၁၉၆၂ ခုနှစ်ကစရေတွက်ရင် ၅၃
နှစ်တောင်ကျော်ခဲ့ပြီ။

တော်လှန်ရေးကောင်စီ၊
မဆလ၊ န၀တ၊ တစည၊ နအဖ၊
ပြည်ခိုင်ဖြိုး၊
စည်းကမ်းပြည့်ဝသောဒီမိုကရေစီ
စစ်တပိုင်းအစိုးရ အစရှိတဲ့ မျက်နှာဖုံး
နံမည်တွေ ဘယ်လိုပင် ပြောင်းခဲ့ပေမဲ့
အတွင်းသရုပ်ကတော့ လူတစုကို
တရားဥပဒေအထက်မှာနေခွင့်၊
အနိုင်ကျင့်ဗိုလ်ကျခွင့်ပေးထား တဲ့
စစ်အာဏာရှင်စနစ်ဆိုတာ
လူတိုင်းသိကြပါတယ်။

ပြည်သူလူထုက အလိုမတူမှန်းသိရက်နဲ့
့သေနတ်ကို မိုးပေါ်ထောင်မဖေါက်၊
ပြည်သူ့ သွေးအကြိမ်ကြိမ်သောက်ပြီး
နိုင်ငံတော်အာဏာကို ထပ်ခါထပ်ခါ
လုယူခဲ့တာ မဟုတ်လား။

အခုလာမဲ့ (၂၀၁၅)
အထွေထွေရွေးကောက်ပွဲဟာ
ရက်ပေါင်း (၆၀) တောင်မလိုတော့ပါဘူး။

ဒီရွေးကောက်ပွဲ ကြီးဟာ တိုင်းပြည်ကို
နှောင်(၅) နှစ်တာ
အုပ်ချုပ်မဲ့အစိုးရတရပ်ကို
ရွေးချယ်ယုံသက်သက်တင်
မဟုတ်ပါဘူး။

စည်းကမ်းပြည့်ဝသောဒီမိုကရေစီ
မျက်နှာဖုံးစွပ်ထားတဲ့ စစ်ကျွန်ဘ၀ကို
လက်သင့်ခံမှာလား၊

စစ်ကျွန်ဘ၀က
အပြီးတိုင်လွတ်မြောက်ရာလမ်းကို
ရွေးချယ်မှာလားဆိုတဲ့
ဆုံးဖြတ်ချက်ပြုရမဲ့ပွဲလည်းဖြစ်ပါတယ်။

(၁၉၉၀) ပါတီစုံရွေးကောက်ပွဲမှာတုံးက
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
ပြည်သူတွေက တနိုင်ငံလုံး
အတိုင်းအတာနဲ့ ပုံအောမဲပေးခဲ့လို့ ထွက်လာတဲ့ရလာဒ်အဖြေကိုသိပြီးက
ထဲက စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး
တွေဟာ သူတို့
့ကိုလိုလားတဲ့ပြည်သူပြည်သား
များများစားစား
မရှိဘူးဆိုတာကောင်းကောင်းသိပါတယ်။

အဲ့ဒီကာလကစပြီး
စစ်အာဏာရှင်တွေဟာ တစုတစည်းထဲ
ပုံအောမဲပေးတဲ့ ပြည်သူတွေရဲ့
မဲတွေပြားအောင် ပြည်သူတွေကြားမှာ
စည်းလုံးညီညွတ်မှု့ ပျက်ပြားအောင်
စနစ်တကျစီမံကိန်းတွေချ ဖြိုခွဲဖို့
့ကောက်ကျစ်တဲ့
အောက်ပါနည်းလမ်းအမျိုးမျိုးနဲ့
့သွေးခွဲခဲ့တာ အခုဆို နှစ်ပေါင်း (၂၅)
နှစ်ကျော်ပါပြီ။

(၁) သမိုင်းအမှား
ဆိုက်ဒ်ဝါးနဲ့ သွေးခွဲခြင်း****

ပညာသင်ကြားခွင့်ကောင်းကောင်း
မရခဲ့တာရယ်
ရာစုနှစ်ဝက်ကျော် နိုင်ငံရေးသား
ကြော အဖြတ်ခံခဲ့ရတဲ့ ပြည်သူတချို့ကို
အတွေးမှား အသိမှားအောင်
ဆိုက်ဒ်ဝါးလို
့ခေါ်နိုင်တဲ့အစီအစဉ်တခုဖြစ်တဲ့
နေ့ စဉ်ရေဒီယို၊ ရုပ်မြင်သံကြား၊
သတင်းစာတွေကနေ
သမိုင်းမှန်တွေကိုဖုံးထားပြီး
သမိုင်းမှားတွေကို ထပ်ခါတလဲလဲ
ထုတ်ပြန်လိမ်ညာခဲ့ကြတယ်။

ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွား
ခဲ့တဲ့ ၁၉၈၈ နောက်ပိုင်းမွေးဖွားလာတဲ့
လူငယ်မျိုးဆက်သစ်တွေကို
အဓိကပစ်မှတ်ထားပြီး သမိုင်းမသိ
တော့

“ အ ” ဆိုသလိုဖြစ်အောင် ယုတ်မာခဲ့ကြတာ။

ဒါပေမဲ့ မျိုးဆက်သစ်လူငယ်အများစုဟာ
ဘယ်လောက်ဖုံးကွယ်ထားထား
အမှန်တရားကို မရမကရှာဖွေလေ့ရှိတာ
ဗိုလ်ချုပ်ကြီးတွေလည်း သိပါတယ်။

သူတို့ ရှင်သန်မှု့အတွက်
ရနိုင်သလောက် လမ်းမှားပို့ ဆောင်
လူမိုက်စုဆောင်းတဲ့သဘောပါဘဲ။

နိုင်ငံရေးဦးတည်ချက်(၄) ရပ်၊

စီပွားရေးဦးတည်ချက်(၄)၊

လူမှု့ရေး ဦးတည်ချက်(၄) ရပ်၊

တို့ တာဝန်အရေးသုံးပါးတို့ ၊

ပြည်သူ့သဘေားထား ဆိုတွေကို
ထပ်ခါတလဲလဲ မြင်ရ၊

တွေ့ ရ ကြားရဖန်များပြီး
အမှန်တရားလိုလို
မသိစိတ်ထဲရောက်သွားအောင်
ဆိုက်ဝါးသုံး လမ်းမှားပို့ ခဲ့ကြ
တာမဟုတ်လား။

(၂) ရာထူးအာဏာ ငါးမျှားစာနဲ့ သွေးခွဲခြင်း**-*

(၈၈) အာဏာသိမ်းအစိုးရ နဝတ
လက်ထက်မှာ ရာထူအာဏာနဲ့မျှားပြီး
သူတို့ လျှောက်တဲ့လမ်းမှားပေါ်
လိုက်လာအောင် သွေးခွဲမှု့တွေ
ပိုပြီးထင်ထင်ရှားရှားလုပ်ခဲ့တယ်။

ရှိတဲ့စစ်တပ်အင်အားနဲ့ မမျှအောင်
မလိုအပ်ဖဲ တခါမှမရှိဘူးတဲ့
စစ်ရာထူးတွေတီထွင် စစ်ဗိုလ်ချုပ်တွေ
မှိုလိုပေါက်နေအောင် ခန့်အပ်တာဟာ
နိုင်ငံရေးစကား နဲ့ပြောရင်တော့ မိုက်ဖေါ်မိုက်ဖက်တိုးပွားလာအောင်
အမှု့တွဲခေါ်ခဲ့တာပါ။

အရပ်သားဝန်ထမ်းလောကကိုလည်း
ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ
ပါဝင်မှု့နဲ့ပတ်သက်လို့ မေးခွန်း (၃၃)
ချက်မေးပြီး သူတို့ကိုထောက်ခံတဲ့
လူတွေကို ရာထူးတိုးပေး
အခွင့်အာဏာတွေအပ်နှင်းလို့
ဝန်ထမ်းတွေကြား
သွေးခွဲခဲ့တာမဟုတ်လား။

သူတို့ကို မထောက်ခံတဲ့သူတွေဆိုရင်
ပညာဘယ်လောက်တတ်တတ်၊

ဘယ်လောက်ရိုးသားမှု့ရှိရှိ ချောင်ထိုး
ရင်ထိုး၊ မထိုးရင်ဖြုတ်
လုပ်ခြင်သလိုလုပ်ခဲ့ကြတာ။

လူကောင်းသူကောင်းတွေနေရာမပေးဘဲ
၊ လူလည်လူရှုပ် ကပ်ဖါးရပ်ဖါး
အမြီးကျက်အမြီးစား၊
ခေါင်းကျက်ခေါင်းစားတတ်တဲ့
လူမသူတော်တွေ၊

လူ့ ဂျပိုးစစ်ဂျပိုးတွေကို သူတို့ လိုဘဲ
အနိုင်ကျင့်ဗိုလ်ကျခွင့်တွေအပြည့်ပေး၊
တိုင်းပြည်ဘဏ္ဍာဖေါက်စား ကြတာကို
လျစ်လျှူရှု့ခဲ့တော့ အောက်ခြေ
လယ်သမား၊ အလုပ်သမား
ဆင်းရဲသားအများပြည်သူတွေဘ၀ဟာ
ငရဲကျသလိုပေါ့။

နှစ်ပေါင်းများစွာ အဲ့ဒီလို သွေးခွဲအုပ်ချုပ်
ဘက်လိုက်အခွင့်အရေးပေး၊

အုပ်စုဖွဲ့ လူမွေး အကျင့်ပျက်ခြစားနေတဲ့
ပတ်ဝန်းကျင်ကြီးရဲ့အောက်မှာ
နောက်ဆုံးခံနိုင်ရည်မရှိတဲ့
လူရိုးလူအတွေတောင်
မသူတော်တွေအဖြစ်
ပြောင်းလဲကုန်ရတာ၊

ဟိုလူလည်းသူခိုး၊
ဒီလူလည်းသူခိုးဖြစ်ကုန်ပြီး မြန်မာနိုင်ငံလည်း စောရပြည်ဖြစ်ခဲ့၊
မိုးခါးရေသောက်ခဲ့ကြတာမဟုတ်လား။

ဒီတော့မှာ့ တို့ တိုင်းပြည်အဖက်ဖက်
ကယိုယွင်း ချွတ်ခြုံကျဆင်းရဲခဲ့တာ
စစ်အာဏာရှင်စနစ်ကြောင့်မဟုတ်ဖူး၊

သူတို့ ကြောင့်မဟုတ်ဖူး၊

ခေါင်မလုံ တာကြောင့်မဟုတ်ဖူး၊

ဝန်ထမ်းတွေခိုးခဲ့ကြလို့ ၊
တနိုင်ငံလုံးအကျင့်ပျက်ခဲ့တာ
ကြောင့်လို့ လက်ညိုးထိုးခဲ့တာပေါ့။

(၃) အခွင့်ထူးခံခွင့်နဲ့ သွေးခွဲခြင်း
****----********

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ ကိုယ်တိုင်လည်း အမြင့်ဆုံးအခွင့်ထူးခံတယ်။

တရားဥပဒေအထက်မှာ ဘာမဆိုလုပ်ခြင်တာလုပ်ကြတယ်။

နိုင်ငံပိုင်စီးပွားရေးလုပ်ကွက်တွေကို မိသားစုပိုင်ပြုတယ်။

တိုင်းသူပြည်သားတွေရဲ့ လယ်တွေ၊ယာတွေ
ဥယျာဉ်ခြံမြေတွေ၊
ဘိုးဘွားပိုင်မြေတွေကို မြေဘုတ်ဘီလူးတွေလို
မတရားယူငင် သိမ်းပိုက်ယုံမက
သူတို့ အပေါ်သစ္စာခံသူတွေ၊
ဒူးထောက်အညံ့ခံဖေါက်ပြန်သူတွေကို
မြေကွက်တိုက်ခန်း၊ တယ်လီဖုန်း၊
ကားပါမစ်၊ သစ်ခုတ်ခွင့်ပါမစ်၊
လုပ်ပိုင်ခွင့်တွေ၊ အခွင့်ထူးခံခွင်ပေးပြီး
သူတို့ ကိုဆန့် ကျင်သူတွေ၊
မတရားလုပ်တာ ခေါင်းငုံ
့မခံတဲ့သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး
အခွင့်ထူးခံလူနည်းစုနဲ့
့အဖိနှိပ်ခံလူများစုကြီးကို
သွေးခွဲအုပ်ချုပ်ခဲ့ကြတယ်။

(၄) ဘာသာရေး၊ လူမျိုးရေးနဲ့ သွေးခွဲခြင်း

*******

ထေရ၀ါဒဗုဒ္ဓဘာသာနဲ့ မစပ်အပ်တဲ့
ဘိုးတော် မယ်တော် လောကီပျော်
တွေရဲ့ ယတျာ အစီအရင်တွေသာ
ယုံစားခုံမင်လေ့ရှိတဲ့ စစ်အာဏာရှင်
ဗိုလ်ချုပ်ကြီးတွေဟာ
ဗမာလူမျိုးကြီးအလံကို လွှင့်ထူခဲ့တာ
၁၉၆၂ အာဏာစသိမ်းကထဲကနေ
အခုထိတိုင်ပါ။

ဖက်ဒရယ်တစ္ဆေနဲ့ ခြောက်ပြီး
တိုင်းရင်းသားလူမျိုးငယ်စုတွေရဲ့
ရပိုင်ခွင့်တွေကို အသိအမှတ်မပြုဘဲ ပင်လုံကတိက၀တ်ကိုချိုးဖေါက်ခဲ့ကြ
တယ်။

ပြည်သူလူထုအတွင်းမှာ စည်းလုံးညီညွတ်မှု့မရှိအောင် လူနည်းစုဘာသာဝင်တွေအပေါ်ခွဲခြားဆက်ဆံမှု့ နိမ့်ချမှု့တွေကျူးလွန်ခဲ့ကြ
တယ်။

အလွန်ထိရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု့တွေကြီးထွားလာအောင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်လို့ ဖြစ်စေ ပြဿနာကို မီးခွက်ထွန်းရှာ အစဖေါ်ယုံတင်မက မီးလောင်ရာလေပင့်ခဲ့ကြတယ်။

အမျိုးဘာသာသာသနာနဲ့ တိုင်းပြည်ကို
မျက်စိမှိတ် ဘုမသိဘမသိချစ်တတ်တဲ့
ရိုးရိုးအအ ပြည်သူတစ်ချို့

သည်းခြေကြိုက်မျိုးစောင့်ဥပဒေ၊

တလင်တမယားစနစ်ဥပဒေ၊

ရိုဟင်ဂျာဆန့် ကျင် ရေး
စတာတွေဘန်းပြပြီး
တကယ်ပြုပြင်ပြောင်းလဲဘို့
့လိုအပ်နေတဲ့အရာတွေဖြစ်တဲ့
ဖွဲ့ စည်းပုံပြင်ဆင်ရေးနဲ့
့တရားဥပဒေစိုးမိုးရေး၊
ပြည်တွင်းငြိမ်းချမ်းရေး
မြေသိမ်းယာသိမ်းပြဿနာ၊
လုပ်ခပြဿနာ၊
အကျင့်ပျက်ခြစားမှု့၊
ပညာရေးဥပဒေ စတဲ့ကိစ္စတွေကို
အခြေခံကျကျ မပြုပြင်ဘဲ
လူမျိုးစုံဘာသာစုံ
စုဝေးနေတဲ့တိုင်းပြည်မှာ သွေးကွဲအောင်
စနစ် တကျ လမ်းမှားပို့ နေတာဖြစ်တယ်။

အလွန်အန္တရာယ်ကြီးတဲ့အမျိုးသာရေး
အစွန်းရောက်မှု့

၊ ဘာသာရေးအစွန်း ရောက်မှု့တွေကို

မတားဆီးယုံမက ခုတုံးလုပ်ပြီး သူတို့ အကျိုးအတွက် နိုင်ငံရေးမှာ
အသုံးချအမြတ်ထုတ် နေတာပါဘဲ။

(၅) သံဃာထုကြား သွေးခွဲခြင်း

*******--***

မဆလခေတ်ကနေ ဒီနေ
စစ်ဘောင်းဘီချွတ်အစိုးရတိုင်အောင်
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ
သံဃာတော်တွေကြားထဲမှာတောင်
သွေးကွဲအောင် ဘွဲ့
့တဆိပ်တော်ကပ်တာ၊
ကျောင်း၊ ကား၊ တယ်လီဖုန်း
အဆောင်အယောင်
အခွင့်အရေးတွေကပ်တာတောင်
သူတို့ အလိုမဆန်
့ကျင်တဲ့သံဃာတော်တွေသာကပ်
လေ့ရှိပြီး တစိုက်မှတ်မှတ်
သွေးခွဲခဲ့ကြတာမဟုတ်လား။

သူတို့ အလိုမလိုက်တဲ့ ဆရာတော် သံဃာတော်တွေ ဆိုရင် နည်းမျိုးစုံနဲ့ ဒုက္ခပေးတော့တာမဟုတ်လား ။

အခုလက်ရှိအမှု့ရင်ဆိုင်နေရပြီး လူဝတ်လဲခံထားရတဲ့ ရေပူဆရာတော်အမှု့နဲ့ မဟာသန္တိသုခကျောင်းတော်ကို ညဥ့်နက်သန်းခေါင်သူပုန်စခန်းသိမ်းသလို ၀င်သိမ်းခဲ့တဲ့ အမှု့တွေဟာ ထင်ရှားတဲ့ သာဓကတွေမဟုတ်လား။

တရားဥပဒေဆိုတာ သူတို့ လိုမှ အသုံးချတဲ့ ဖိနှိပ်ရေး ကရိယာပါ။

သူတို့အကျိုးမထိခိုက်ရင် ချောင်ထိုးထားမယ်။

ဖုံတက်နေမယ်။

သူတို့အကျိုးအတွက်သုံးခြင်ရင်
တော့ မငြိလည်း ငြိအောင် ဇွတ်ဆွဲပြီး
သံဃာဆိုလည်း တရားစွဲမယ်၊
လူဝတ်လဲမယ် ထောင်ချမယ်။

လယ်တီသိမ်ကို ကာကွယ်ဖို
့အားထုတ်ခဲ့တဲ့
သံဃာတော်တွေကျတော့
ဦးပိုင်အကျိုးစီးပွား၊
သူတို့ အကျိုးစီးပွား ကိုထိခိုက်လာတော့
မီးလောင်ဗုံးနဲ့ ရက်ရက်စက်စက်
လင်းအားကြီးအချိန်ပစ်ခတ်
နှိမ်နင်းခဲ့တယ်။

ဒါပေမဲ့ သူတို့ အကျိုးစီးပွားရှိစေမဲ့
အမျိုးဘာသာသာသနာစောင့်ရှောက်
ရေး မျက်နှာဖုံးစွပ်ပြီး
သံဃာတော်တွေကြား၊
ပြည်သူတွေကြားမှာ သွေးကွဲစေယုံမက လူမျိုးတုံးသတ်ဖြတ်မှု့တွေဖြစ်ပေါ်လာ
စေနိုင်တဲ့ သွေးချောင်းစီး စေနိုင်တဲ့
ဘာသာခြား၊ လူမျိုးခြားအပေါ်
အမုန်းတရားတွေကြီးထွားလာအောင်
ဟောပြောလှုံ့ဆော်နေတဲ့ ဘုန်းကြီး
တချို့ ကို မနှိမ်နင်းတဲ့အပြင်
အားပေးအားမြှောက်ပြုနေတာ
လူတိုင်းမြင်နေရတယ်မဟုတ်လား။

ဒါဟာ ညီညွတ်ရေးကိုဖြိုခွဲနေတာကို
သက်သေပြနေတဲ့
သာဓကတခုဖြစ်ပါတယ်။

(၆) ကျောင်းသားထုကြားသွေးခွဲခြင်း
****************--
စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေ အကြောက်ဆုံးက
ပင်ကိုယ်စိတ်ရိုးသားပြီး မဟုတ်မခံစိတ်နဲ့
့ရဲရင့်တဲ့ ကျောင်းသားလူငယ်တွေပါ။

တပွင့်ခြွေရင် ဆယ်ပွင့်ဝေတတ်တဲ့ ကျောင်းသားလူငယ်တွေဆိုတာ ခေတ်အဆက်ဆက် မတရားမှု့ကိုတော်လှန်ရာမှာ တပ်ဦးကအမြဲပါခဲ့တာမဟုတ်လား။

ဘယ်သူကမှ မြှောက်ပေးစရာမလိုဘူး၊

ကိုယ့်ရှေ့မှာ မတရားမှု့တွေ့ ရင် ဘက်လိုက်မှု့ကင်းကင်းနဲ့ အားနည်းတဲ့ဖက်က သတ္တိရှိရှိ ရပ်တည်တတ်တာ လူငယ်တွေမဟုတ်လား။

စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေ၀င်းလက်ထက်ကစပြီး ဒီနေ့ စစ်အစိုးရထိအောင် ကျောင်းသားထုရဲ့ညီညွတ်မှု့ကို ဖြိုခွဲဖို့ အကြိမ်ကြိမ်ခြေထိုးသွေးခွဲခဲ့ကြတယ်။

၁၉၈၈ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှု့ တွေမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
( ဗကသ) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂ (မကသ) အကြား
စစ်ထောက်လှမ်းရေးအကြီးအကဲ
ဗိုလ်ချုပ်ကြီးခင်ညွှန့် ဟာ သွေးခွဲဖို့
့ကျိုးစားခဲ့တယ်။

(မကသ)အဖွဲ့ ကို
ရန်ကုန်တက္ကသိုလ်ထဲမှာ
ရုံးခန်းဖွင့်ခွင့်ပေး၊
အဆောင်အယောင်တွေပေးပြီး
ကျောင်းသားအခြင်းခြင်း စည်းလုံးရေးပျက်ပြားအောင်လုပ်
ဆောင်ခဲ့တာဖြစ်တယ်။

ကျောင်းသားတွေကြားမှာ
ခလောက်ဆံဖို့ ထောက်လှမ်းရေးသူလျိုတွေအမြဲ
လွှတ်လေ့ရှိတယ်။

လောလောဆယ် သပိတ်မှောက်
ကျောင်းသားတွေ
အဖမ်းခံထားရဆဲဖြစ်တဲ့
ဒီမိုကရေစီပညာရေး
ကျောင်းသားသပိတ်ကာလမှာ လည်း
သတင်းယူဖို့
အခြင်းခြင်းအမြင်မှားသွေးကွဲအောင်
ရဲစုံထောက်တွေကို
ကျောင်းသားယောင်ဆောင်ခိုင်း
ခဲ့တာကို သတိပြုတွေ့ရှိခဲ့တဲ့သတင်း
တွေ ဖတ်ရတယ်မဟုတ်လား။

“ မဲပြားရေး မဟာဗျူဟာ ”

စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးတွေဟာ
(၁၉၉၀)
ရွေးကောက်ပွဲရလာဒ်သိရပြီးကထဲက
သူတို့ ကိုထောက်ခံ တဲ့ပြည်သူဟာ
၅%တောင်မရှိတာကိုသိခဲ့ပါတယ်။

ဒါကြောင့်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့
့ အမျိုးသား ဒီမိုကရေစီ အဖွဲ့
့ချုပ်ကိုထောက်ခံမှု့တွေ
လျှော့ကျသွားအောင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
အထင်မှား စေနိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ 
မဲပြားရေးမဟာဗျူဟာကို
စီမံကိန်းချလုပ်ခဲ့တော့တာပါဘဲ။

အထက်မှာရေးသားခဲ့တဲ့
သွေးခွဲမှု့မျိုးစုံထဲမှာ အဆိုးဝါးဆုံးနဲ့
့အရက်စက်ဆုံးနည်းလမ်းကတော့
ဘာသာရေးကိုခုတုံးလုပ်၊
လူမျိုးရေး မုန်းတီးမှု့ကိုအခြေခံတဲ့
နည်းလမ်းပါဘဲ။

ရိုးသားပြီး နိုင်ငံရေးလှည့်ကွက်ကိုနားမလည်နိုင်တဲ့
ပြည်သူတချို့ရဲ့မဲတွေရအောင်၊

မဲပြားအောင် ရွေးကောက်ပွဲမတိုင်ခင်
အလျှင်စလို မဘသတောင်းဆိုထားတဲ့
မျိုးစောင့်ဥပဒေ တလင်တမယားစနစ်
ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို
သမ္မတဦးသိန်းစိန်က သြဂုတ်လ (၃၁)
ရက်နေ့ က လက်မှတ်ရေးထိုးအတည်ပြု
ပေးခဲ့တာမဟုတ်လား။

အဓိကကျပြီး
နိုင်ငံအတွက်အရေးတကြီးလိုအပ်နေတဲ့
ပြုပြင်ပြောင်းလဲရမဲ့ ဥပဒေတွေ
မြောက်များစွာရှိရက်သားနဲ့ ဒီလို
အငြင်းပွားသွေးကွဲစေရမဲ့
ဥပဒေတွေရွေးပြီး ပြဌာန်းတယ်ဆိုတာ
လုံးဝမရိုးသားမှန်း
မဲပြားစေအောင်လုပ်နေတာမှန်း
ထင်ရှားလွန်းတယ်။

နောက်အရေးကြီးတဲ့အချက်က
ရည်ရွယ်သည်ဖြစ်စေ၊

မရည်ရွယ်သည်ဖြစ်စေ

ပြည်သူတွေရဲ့ ဒီမိုကရေစီ
ရည်မှန်းချက်ကို လိုရာမရောက်ဘဲ
နှောင့်နှေးစေမဲ့ မဲပြားရေးစီမံကိန်းရဲ့ 
အစိတ်အပိုင်း တခုလို ဖြစ်လာတာ
ကတော့ ပါတီကြီးနှစ်ခုဟာ အားကိုးလို
့မရဘူးဟေ့၊

ဒီမိုကရေစီစနစ်အားကောင်းမောင်း
သန်ဖြစ်လာအောင်
ပါတီငယ်တွေအားပေးကြ၊

တတိယအင်အားစုတည်ထောင်ကြ
ဆိုတဲ့လှုံ့ဆော်စည်းရုံးလာမှု့ပါ။

ဘဏ္ဍာငွေကြေးတောင့်တင်းတဲ့
သမ္မတအကြံပေး ဦးနေဇင်လတ်ဦးစီး
တဲ့ အမျိုးသားတိုးတက်ရေးပါတီသစ်နဲ့ 
နောက်ထပ်ပေါ်လာတဲ့ တောင်သူလယ်သမားဖွံ့ဖြိုးရေးပါတီ
နှစ်ရပ်ပေါင်းရင် လာမဲ့ (၂၀၁၅)
အထွေထွေ ရွေးကောက်ပွဲမှာ
လွှတ်တော်ကိုယ်စားလှယ်အမတ်နေရာ
(၆၀၀)
ကျော်ဝင်ပြိုင်မယ်ဆိုတဲ့သတင်းတပုဒ်
ဖတ်ခဲ့ရတယ်။
ဘယ်လိုရည်ရွယ်ချက်မျိုးတွေပြပြီး
ထောင်ထောင် မဲပြားစေတော့မှာ
အသေအခြာပါဘဲ။

စစ်မှန်တဲ့ဒီမိုကရေစီကို
ကျင့်သုံးနိုင်တဲ့ခေတ်မှာ
ပါတီသစ်တွေပေါ်ပေါက်လာတာ
ကြိုဆိုရမှာဖြစ်ပေမဲ့
အခုလိုမိုးထဲရေထဲအခြေအနေမျိုး
စစ်ကျွန်ဘ၀ကရုန်းထွက်မလား
ဆက်နေမလားဆိုတဲ့
အဆုံးအဖြတ်ပြုရမဲ့ မဲအရေအတွက်
ခိုင်ခိုင်မာမာရဖို့ လိုအပ်နေတဲ့ကာလမှာ၊
မဲပြားမခံနိုင်တဲ့ကာလမှာတော့ ကြိုဆိုလို့
့မဖြစ်ပါဘူး ။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် လာမဲ့
နိုဝင်ဘာလဆန်းမှာကျင်းပမဲ့ ၂၀၁၅
ရွေးကောက်ပွဲကြီးဟာ မြန်မာနိုင်ငံ
ဒီမိုကရေစီရေးခရီးကြမ်းရဲ့
အရေးကြီးတဲ့မှတ်တိုင်ဖြစ်တယ်။

စစ်အာဏာရှင်တွေဟာ သူတို့ 
အတွက်
မဲများများစားစားမရနိုင်ဘူးဆိုတာ
သိနေတော့ ဒီရွေးကောက်ပွဲမှာ သူတို့
့မဲနိုင်ဘို့ ကျိုးစားမှာမဟုတ်ဘူး။

သူတို့ ရဲ့ အဓိကရည်မှန်းချက်က
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို
မဲအပြတ်အသတ်မနိုင်အောင်၊

အစိုးရအဖွဲ့ ကျွတ်ကျွတ်လွတ်လွတ်
ဖွဲ့ ခွင့်မရအောင်၊ မဲပြားသွားအောင် လုပ်ဆောင်နေကြတာသတိပြုပါ။

မြန်မာနိုင်ငံသားတိုင်း မဖြစ်မနေ
ထမ်းဆောင်သင့်တဲ့
သမိုင်းပေးတာဝန်ကြီးတရပ်ကတော့
အဓမ္မ၀ါဒီတွေ၊ ဖိနှိပ်သူတွေ၊
အခွင့်ထူးခံတွေ၊ စစ်အာဏာရှင်တွေ
ကို လက်မခံကြောင်း ပြတ်ပြတ်သားသား
ငြင်းပယ်ကြောင်း ပြသဘို့
့မကြာမှီလာတော့မဲ့ (၂၀၁၅ )
အထွေထွေရွေးကောက်ပွဲ မှာဖြစ်ဖြစ်
ကိုယ့်အသဲကြား က မဲတပြားကို
တခုတည်းသော ပြည်သူ့ ပါတီကြီးဖြစ်
တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့
့မဟာမိတ်ပါတီတွေ၊ ရိုးသားစစ်မှန်တဲ့
တိုင်းရင်းသားပါတီတွေကို
သာမဲပေးရလိမ့်မယ် ။

မှန်မှန်ကန်ကန်မဲပေးနိုင်ကြပါစေ။

လေးစားစွာဖြင့်
(မင်းကောင်းချစ်)
စင်တင်ဘာလ (၇) ရက် ၂၀၁၅ ခုနှစ်



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment