"Cyber Crime ကို ဥပေဒနဲ႕ ကာကြယ္မွာလား"
==
Cyber Crime ႏွင့္ ပတ္သက္ေသာ ဥပေဒတစ္ခုကို အေကာင္အထည္ ေဖာ္ေနေၾကာင္း ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန (PTD) မွ ဒါ႐ိုက္တာ ဦးသန္းထြန္းေအာင္က ေျပာသည္။
"အဲဒါကေတာ့ European Council (EC) လို႔ ေခၚပါတယ္။ EC ကေန ျပဳစုထားတဲ့ ဥေရာပ Cyber Crime Convention ဆိုတာ ရွိပါတယ္။ ႏုိင္ငံေတာ္ေတာ္ မ်ားမ်ားလည္း လုပ္ေနတယ္။ အဲ့ဒီ Frame Work နဲ႔အညီ ကၽြန္ေတာ္တို႔ လုပ္ေနပါတယ္" ဟု ေျပာၾကားသည္။
ေမလ ၁ ရက္မွ စတင္ကာ ဝန္ႀကီး႐ံုး (အၿမဲတမ္း အတြင္းဝန္႐ံုး) ႏွင့္ ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦစီးဌာန၊ သတင္းအခ်က္အလက္ နည္းပညာႏွင့္ ဆုိက္ဘာ လံုၿခံဳေရး ဦးစီးဌာန၊ ျမန္မာ့ ဆက္သြယ္ေရးလုပ္ငန္းႏွင့္ ျမန္မာ့ စာတုိက္လုပ္ငန္းတို႔ျဖင့္ ျပင္ဆင္ေျပာင္းလဲ ဖြဲ႕စည္းခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
"ဦးစီးဌာနဆိုတာ အရင္တုန္းကေတာ့ ဆက္သြယ္ေရးၫႊန္ၾကားမႈ ဦးစီးဌာန တစ္္ခုပဲ ရွိတယ္၊ အခုကေတာ့ ဦးစီးဌာန အသစ္တစ္ခုနဲ႔ ဖြဲ႕စည္းထားၿပီးေတာ့ Cyber လံုၿခံဳေရးလည္း ျမင့္လာၿပီ။ အဓိကေတာ့ သံုးေနတဲ့ user ေတြကို Cyber ဆုိင္ရာကေန ကာကြယ္ေပးဖို႔ပါပဲ" ဟု ဦးသန္းထြန္းေအာင္က ေျပာသည္။
ေျပာင္းလဲလာေသာ ဖြဲ႕စည္းပံုအရ အၿမဲတမ္း အတြင္းဝန္႐ံုးတြင္ ပါဝင္ေသာ ဌာနခြဲ ငါးခုတို႔ျဖင့္ သက္ဆုိင္ရာ လုပ္ငန္းမ်ားကို စတင္ေဆာင္ရြက္ရေၾကာင္း သတင္း ထုတ္ျပန္ခဲ့သည္။
ယင္းဌာနခြဲ ငါးခုတို႔မွာ အုပ္ခ်ဳပ္ေရးႏွင့္ လူ႔အရင္းအျမစ္ စီမံခန္႔ခြဲမႈဌာနခြဲ၊ မူဝါဒႏွင့္ ဥပေဒလုပ္ထံုးလုပ္နည္း စိစစ္ေရးႏွင့္ လုပ္ငန္းစစ္ေဆးေရးဌာနခြဲ၊ စီမံကိန္းႏွင့္ စာရင္းအင္း ဌာနခြဲ၊ ဝန္ႀကီးဌာနတြင္း စာရင္းစစ္ႏွင့္ ဘ႑ာေရးဌာနခြဲ၊ ျပည္တြင္းျပည္ပ ဆက္ဆံေရးႏွင့္ သတင္းျပန္ၾကားေရး ဌာနခြဲတို႔ ျဖစ္ေၾကာင္း သိရသည္။
#######
"Cyber Crime ကို ဥပဒေနဲ့ ကာကွယ်မှာလား"
==
Cyber Crime နှင့် ပတ်သက်သော ဥပဒေတစ်ခုကို အကောင်အထည် ဖော်နေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန (PTD) မှ ဒါရိုက်တာ ဦးသန်းထွန်းအောင်က ပြောသည်။
"အဲဒါကတော့ European Council (EC) လို့ ခေါ်ပါတယ်။ EC ကနေ ပြုစုထားတဲ့ ဥရောပ Cyber Crime Convention ဆိုတာ ရှိပါတယ်။ နိုင်ငံတော်တော် များများလည်း လုပ်နေတယ်။ အဲ့ဒီ Frame Work နဲ့အညီ ကျွန်တော်တို့ လုပ်နေပါတယ်" ဟု ပြောကြားသည်။
မေလ ၁ ရက်မှ စတင်ကာ ဝန်ကြီးရုံး (အမြဲတမ်း အတွင်းဝန်ရုံး) နှင့် ဆက်သွယ်ရေး ညွှန်ကြားမှု ဦစီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေး ဦးစီးဌာန၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် မြန်မာ့ စာတိုက်လုပ်ငန်းတို့ဖြင့် ပြင်ဆင်ပြောင်းလဲ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
"ဦးစီးဌာနဆိုတာ အရင်တုန်းကတော့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန တစ််ခုပဲ ရှိတယ်၊ အခုကတော့ ဦးစီးဌာန အသစ်တစ်ခုနဲ့ ဖွဲ့စည်းထားပြီးတော့ Cyber လုံခြံုရေးလည်း မြင့်လာပြီ။ အဓိကတော့ သုံးနေတဲ့ user တွေကို Cyber ဆိုင်ရာကနေ ကာကွယ်ပေးဖို့ပါပဲ" ဟု ဦးသန်းထွန်းအောင်က ပြောသည်။
ပြောင်းလဲလာသော ဖွဲ့စည်းပုံအရ အမြဲတမ်း အတွင်းဝန်ရုံးတွင် ပါဝင်သော ဌာနခွဲ ငါးခုတို့ဖြင့် သက်ဆိုင်ရာ လုပ်ငန်းများကို စတင်ဆောင်ရွက်ရကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းဌာနခွဲ ငါးခုတို့မှာ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် စီမံခန့်ခွဲမှုဌာနခွဲ၊ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ၊ စီမံကိန်းနှင့် စာရင်းအင်း ဌာနခွဲ၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ ပြည်တွင်းပြည်ပ ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲတို့ ဖြစ်ကြောင်း သိရသည်။ Cyber Crime ႏွင့္ ပတ္သက္ေသာ ဥပေဒတစ္ခုကို အေကာင္အထည္ ေဖာ္ေနေၾကာင္း ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန (PTD) မွ ဒါ႐ိုက္တာ ဦးသန္းထြန္းေအာင္က ေျပာသည္။ internetjournal.media
သတင္းမ်ားကိုဆုံးေအာင္ဖတ္တ့ဲ အတြက္ေက်းဇူးပါ
No comments:
Post a Comment