Friday, September 11, 2015

သြဂုတ်လ(၆)ရက်နေ့က KIA မှ သတင်းပေးဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသော ဆွမ်ပရာဘွမ်မြို့ ဘရန်နူးရပ်ကွက်နေသူ ဦးငွေကြိုင်အား ပြန်မလွတ်သေး

သြဂုတ်လ(၆)ရက်နေ့က KIA မှ သတင်းပေးဟု စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားသော ဆွမ်ပရာဘွမ်မြို့ ဘရန်နူးရပ်ကွက်နေသူ ဦးငွေကြိုင်အား ပြန်မလွတ်သေး
=========================================
11, September, 2015 By Kachin News

၂၀၁၅ သြဂုတ်လ(၅)ရက်နေ့က KIA သောင်းကျန်းသူအဖွဲ့သည် မြစ်ကြီးနား-ပူတာအိုလမ်း၊ မိုင်တိုင်အမှတ်(၁၈၆/၃)ရှိ တံတား(၁)စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပြီးနောက် သြဂုတ်လ(၆)ရက် နေ့တွင် KIA သောင်းကျန်းသူ အင်အား(၈)ဦးခန့်မှ မြစ်ကြီးနား-ပူတာအိုလမ်း၊ အင်ဆိုင်းယန်ကျေးရွာအနီး သစ်သားတံတားအား ထပ်မံမီးရှို့ဖျက်ဆီး၍ ၎င်းနေရာတွင် တားဆီးပိတ်ပင်ပြီး ခရီးသွားပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်ကာ ဖားကန့်မြို့ ဘရန်နူးရပ်ကွက်နေသူ ဦးငွေကြိုင်အား သတင်းပေးအဖြစ် စွပ်စွဲကာ အင်ဆိုင်းယန်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့ပါ သည်။

၎င်း KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသူ ဦးငွေကြိုင်မှာ (၁) လကျော်ပြီဖြစ်သော်လည်း KIA မှ ပြန်လည်စေလွတ်ပေးခြင်းမရှိသေးကြောင်း၊ သတင်းပေးအဖြစ် စွပ်စွဲခံထားရခြင်းကြောင့် KIA မှ သတ်ပစ်လိုက်မည်ကို ကျန်ရစ်သူမိသားစုဝင်များမှ စိုးရိမ်ပူပန်နေကြကြောင်း၊ ဦးငွေကြိုင် ပြန်လွတ်လာရေး အတွက်လည်း ဒေသခံများ ရပ်မိရပ်ဖများကို အကူအညီတောင်းခံထားကြောင်း သိရှိရသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments:

Post a Comment